1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, March 21, 2013

“ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနား” အောင်မြင်စွာပြီးဆုံး

   ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားကို ယနေ့ (၁၉-၃-၂၀၁၃) Oriental House တွင် ကျင်းပရာ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊ မန္တလေး မဟာမြိုင်ဆရာတော်၊ ရွှေကိန္နရီဆရာတော်၊ အမှူးရှိသော ဆရာတော်သံဃာတော်များ (၅၀)ခန့် တက်ရောက်ကြသည်
          ဆရာတော် သံဃာတော်များက ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကထားကာ ဟောကြားသွားပြီး အခြားဘာသာရေးခေါင်းဆောင်များကလည်း ဆိုင်ရာ ဘာသာတရားအလိုက် ဟောကြားသွားပါသည်။
          အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးအေးလွင်(ကာဒေ့ရီယာ- အလီယာ)က “ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုံးကသြဝါဒကို ခံယူကြဖို့၊ ဘာသာရေးခေါင်းဆောင်များကို စေ့စပ်ဖျန်ဖြေသူများအဖြစ်နဲ့ ဒီနေ့ အားကိုးအားထားပြုပြီးတော့ကား ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နေပါသည်။
          ဘာသာတရားအသီးသီး အထင်လွဲမှားမှုများကို ပြေပျောက်အောင်လုပ်သွားမယ်။ လက်မ မကောင်းရင် လက်မ၊ ခြေမ မကောင်းရင် ခြေမ၊ မသူတော်များကိုလည်း ဆိုဆုံးမပြီး ပြုပြင်ပြောင်းလဲအောင် ပြုလုပ်သွားရပါမယ်။ အဲဒီလို တစ်ချို့ကြောင့် အားလုံးကို အထင်အမြင်လွဲမှားမှုမဖြစ်စေရန် ပြုလုပ်ဖို့အတွက် တာဝန်ရှိပါတယ်။
          အစ္စလာမ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ ပုဂ္ဂိုလ်ကို မူဆလင်ဟု ခေါ်ပါတယ်။ မူဆလင်တစ်ယောက်ရဲ့ အဓိကခံယူချက်သည် မဟာလူသားပုဂ္ဂိုလ်ထူး အသီးသီးကို ခွဲခြားမှုမရှိပဲ လက်ခံရမည်။
          ကိုရ်အန်ကျမ်းမှာ မိမိနှင့် အယူမတူသော အခြားသောဘာသာများမှ သာသနိကအဆောက်အဦးများကို စောင့်ရှောက်ရမယ်၊ ထိမ်းသိမ်းရမယ် ဟု ဖော်ပြထားပါတယ်။
           လူတွေကိုလည်း အားလုံးလူသားအဖြစ်နဲ့ လက်ခံရမယ်။ ဘာသာတရားအသီးသီးကိုလည်း အမှန်တရားကို ဖော်ထုတ်ခဲ့ကြတဲ့အတွက် လေးစားကြည်ညိုရမယ်။ အစ္စလာမ်ဘာသာဝင်များအနေနဲ့ မေတ္တာနှင့် ငြိမ်းချမ်းရေးမှလွဲ၍ မိမိတို့၏ ဘဝရပ်တည်ချက်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ အထင်အမြင်လွဲမှားမှုများရှိရင် တွေ့ဆုံဆွေးနွေးပြီးတော့ ပြဿနာရပ်များကို ညှိနိုင်းဖြေရှင်းရပါမယ်။" ဟု ပြောကြားခဲ့ပါသည်။
         အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်(ဦးစီးရှေ့ဆောင်-KAFTG- ဃရာနာ အစ္စလာမ် သာသနာ ပရမတ္ထ မိသားစု အဖွဲ့ကြီး)က “ကျွန်တော့ရဲ့အိပ်မက် တကယ်အကောင်အထည်ပေါ်လာလို့ အလွန်အင်မတန် ဝမ်းသာပါတယ်။ တမန်တော်မြတ်ကျင့်သုံးခဲ့တဲ့ ဂျီဟတ်ဆိုသည်မှာ လာပြီးကျူးကျော်သူကို ခုခံစစ်သာ ဖြစ်ပါ တယ်။” ဟု ပြောသွားပြီး တမန်တော်မိုဟာမက်၏ မဒီနာ ခုခံစစ်ကို ညွန်းဆိုသွားပါသည်။ ဆက်လက်ပြီး “မြန်မာနိုင်ငံသားတစ်ယောက်သည် မြန်မာနိုင်ငံကို မချစ်ဘဲ မူဆလင်မ ဖြစ်ဘူး။ အလ္လာကိုယုံကြည်တယ်။ တမန်တော်ကို ယုံကြည်တယ်ဟု ပြောလို့ မရဘူး။”ဟု ပြောကြားသွားပါသည်။
                                                     http://www.facebook.com/notes/wira-thu/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%95%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%85%E1%80%BC%E1%80%AC%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8/233456813464501

“မိတ္ထီလာဖြစ်စဉ်”


                                                                                                  မန္တလေးမတ်(၂၀)
          ယနေ့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်အေးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။
          ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။
ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။
          ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။
          ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။
          ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။
          လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။
          ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။
          ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။
          ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။
          ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။
          မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။
          မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။

"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"


"ဈေးရောင်းဝယ်ကို လူမှုရေးအမြင်နဲ့ကြည့်လို့ ပဋိပက္ခဖြစ်ဟု သီတဂူဆရာတော် ပြော"


ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်းခံဟာ ဈေးအရောင်းအဝယ်ကိစ္စကို လူမူရေးကိစ္စ ဘာသာရေးကိစ္စတွေနဲ့ကြည့်တဲ့ အတွက် နိုင်ငံတော်ရဲ့ အနာဂတ်မှာ ရှုပ်ထွေးတဲ့လမ်းကြောင်းတွေ ဖြစ်လာတယ်လို့ သီတဂူဆရာတော် အရှင်ဥာဏိသရက ဒီကနေ့ RFA ကိုမိန့်ကြားပါတယ်။

ဘာသာဝင်တိုင်းဟာ မိမိတို့ကိုးကွယ်ရာ ဘုရားရှင်တို့ရဲ့ အဆုံးအမကို အတိအကျလိုက်နာဖို့လိုပြီး ဂရုဏာ၊ပညာအပြည့်အဝနဲ့ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အရှင်ဥာဏိသရက မိန့်ကြားပါတယ်။

မိတ္ထီလာမြို့ကို ကြွလာရန် ပြင်ဆင်နေသည့် ဗုဒ္ဓဘာသာ ရဟန်းတော်များအနေနှင့်လည်း ဆူပူမှုကို ဝိုင်းဝန်းထိန်းသိမ်းသူ ဘုရားသားတော်များ ဖြစ်အောင် ဆူပူမူထဲမှာ ပါဝင်ပက်သက်သူများ မဖြစ်အောင် စောင့်စည်းရန်လိုကြောင်းပဋိပက္ခကို ဖြေရှင်းရမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ခြေလွန်လက်လွန် မဖြစ်စေဘဲ၊ဥပဒေအတိုင်းထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ဂရုဏာ၊ပညာလက်လွတ်ပြီး ဒေါသလွန်ကဲသွားပါက ဆူပူမှုကို အားပေးသူများဖြစ်သွားနိုင်ကြောင်း ယင်းကြောင့် စိတ်ရှည်လက်ရှည်နဲ့ အဓိကရုဏ်းကို ထိန်းသိမ်းဖို့ လိုအပ်ကြောင်း သီတဂူဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

သတင်း

အဘိဓမ္မာ ၊ ယဉ်ကျေးလိမ္မာ သင်တန်း များ ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း၊ အဘိဓမ္မာ ထွန်းကာပြန် ပွားရေအသင်း၊ သီတဂူ ဗုဒ္ဓသာသနာပြု ၊ ဗုဒ္ဓဘာသာ ကို ထိပ်ဆုံးမှာ ဦးဆောင်နေသော အဖွဲ့ အစည်း များ ၏ အတွင်း စည်းထိ ၀င်ရောက်ပြီး ဗုဒ္ဓဘာသာ စာပေ များသင်ကြားနေ သော ဆရာမ ဒေါ်မေပုလဲ သည် မွတ်ဆလင် သာဖောက်သာသနာပြု ရန် ဗုဒ္ဓဘာသာဝင်မြန်မာ အမျိုးသမီး များ ကို မွတ်ဆလင် များနှင့် လက်ထပ်ရန်စည်းရုံး ပြီး ကိုယ်တိုင် မွတ်ဆလင်နှင့် မြန်မာ အမျိုးသမီး များလက်ထပ် ပွဲ ကြီးကြပ်စီစဉ်နေသူဖြစ်ပါတယ် ၊ မြန်မာမိန်းကလေး နှင့် မွတ်ဆလင် ကို လက်ထပ်ရန် စည်းရုံးသိမ်သွင်းနေသော အဘိဓမ္မာ ၊ ယဉ်ကျေးလိမ္မာ သင်တန်း နည်းပြ ဆရာမ ဒေါ်မေပုလဲ အား ၉၆၉ အဖွဲ့ မှ ဆရာတော် ဘုရားများ အရေးယူသင့်ပါပြီး၊ သက်သေခံ ဓါတ်ပုံ များကို ပေးပို လိုက်ပါသည် ။
မှတ်ချက်။ ။ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဒုဥက္ကဋ္ဌ ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိဓဇ သီရိသုဓမ္မမဏိဇောတဓရ ဦးကျော်ခင်မြင့် နှင့် လူမှုရေးအလွန် ပက်သက်နေပြီး ၄င်း ကိစ္စ များကို သိလျှက် နှင့် အကာအကွယ် ပေးနေ ပြီး ပိုက်ဆံမျက်နှာ ကြည့်ပြီး အမျိုးဘာသာသာသနာ ကို ဖျက်ဆီး နေသူများ သာဖြစ်ပါသည်။

“မတ္ထီလာဖြစ်ရပ်မှန် အဆက်”

  ည(၁၂း၀၀)နာရီတွင် တစ်မြို့လုံး ပုံမှန်အနေအထား ပြန်ရောက်နေပြီး ကိုမင်းကိုနိုင် တို့အဖွဲ့လည်း ရန်ကုန်မှ(၁၁း၀၀)နာရီခန့်တွင် ထွက်လာပြီဖြစ်ကြောင်း ရွှေညဝါ ဆရာတော်လည်း မနက်ဖြန်မနက် (၄း၀၀)နာရီတွင် စစ်ကိုင်းမှ ထွက်လာမည် ဖြစ်ကြောင်း သိရပါသည်။
ဦးဝီရသူသည် လူအုပ်ကြီး ရွှေဆိုင်တိုက်များကို ဖျက်နေချိန်မှ စ၍ ဖုန်းဖြင့် အချိန်ပြည့် မေတ္တာရပ်ခံခဲ့ကြောင်း၊ သံဃာများကလည်း ဗလီဘက်ကူးမသွားအောင် စောင့်ရှောက်နေခဲ့ကြောင်း၊ လူအင်အားက များပြားလာခြင်း၊ ဘုန်းကြီးတစ်ပါး အသတ်ခံရသည့်သတင်း ကြားသည့်အချိန်မှ စ၍ ဦးဝီရသူ မန္တလေးမှ အမြန်ထွက်လာခဲ့ကြောင်း၊ ည(၈း၀၀)ခန့်တွင် ရောက်သော်လည်း အခင်းဖြစ်နေရာများကို သွားခွင့်မသာခဲ့ကြောင်း၊ တွေ့ရာလူများကို ကိုယ့်ရပ်ကွက်ထဲမှာပဲ နေပြီး ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ စောင့်ရှောက်ဖို့၊ သူများရပ်ကွက်ထဲ ကျွံမသွားဖို့ လမ်းထွက်ပြီး လျှောက်မသွားဖို့၊ သြဝါဒပေးလျက်ရှိကြောင်း သိရသည်။
             စစ်/ရဲ လုံခြုံရေးများ အမြဲတမ်း ကင်းလှည့်နေပြီး၊ မိတ္ထီလာသည် အဓိကရုဏ်းမီးများ ငြိမ်းစပြုနေပြီး ဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် ကောလာဟလများကြောင့် တစ်မြို့လုံးမအိပ်ကြဘဲ ရရာလက်နက်ဆွဲ ကိုင်ကာ လမ်းထွက်စောင့်ကြည့် ရှိကြောင်း သိရပါသည်။
            ယင်းတော်မှ ကုလား(၅၀၀)ကျော်ကားများဖြင့် ချီတက်လာ စည်းကုန်ကြီးမှ ရွာခံကုလားများနှင့် မြို့ထဲမှ ထွက်ပြေးလာသော ကုလားများ (တစ်ထောင်ကျော်) ခြေလျင်ချီတက်လာ သတင်းများကြောင့် မနက်(၁း၀၀)ခန့်မှာ တစ်ကြိမ်၊ (၂း၀၀)တစ်ကြိမ် တစ်မြို့လုံး သံချောင်းခေါက်ပြီး လူစုကြ အသင့်ပြင်ကြသော်လည်း လေးနာရီထိ ဘာမှ မထူး၍ လူခြုံရေးများ ရုတ်သိမ်းသွားကြသည်။ လုံခြုံရေးများ ရုတ်သိမ်းသွားသည်နှင့် မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ ကုလားများက ဗေဒါကန်ဘေး ဝက်လံပင်တောထဲမှ “ဗမာဆိုရင် သတ်ပစ်”သံပြိုင်ကြွေးကြော်ကြသည်။ ဂွဖြင့်ပစ်ကြသည်။ ဦးဇင်းတစ်ပါး ခေါင်းပေါက်သွားသည်။ သံဃာများ မကျေနပ်၍ ဗေဒါကန်ရပ်ကွက်ထဲ ချီတက်သွားကြသည်။ GTC-ကျောင်းသားများကို ကုလားများ တိုက်ခိုက်နိုင်၍ လုံခြုံရေး အမြန်ခေါ်ကြသည်။ သံဃာများနှင့် လူများတားဖို့ ပြင်ဆင်ကြသည်။
          (၆း၀၀)အချိန်တွင် မင်္ဂလာဇေယျုံရပ်ကွက်ကို ဗမာများက စတင်မီးရှို့ခဲ့ကြသည်။ မင်္ဂလာဇေယျုံ ရက်ကွက်သည် ကုလားရပ်ကွက်ဖြစ်ကြောင်း၊ အိမ်ခြေစိပ်ခြင်း၊ တဲအိမ်ငယ်များပြားခြင်းတို့ကြောင့် မီးများ ထိန်းမနိုင်ဖြစ်ခဲ့သည်။ ကုလားများ အော်ဟစ်ကြိမ်းမောင်းခြင်း ရပ်သွားကြသည်။ (၆း၁၅)နာရီတွင် မီးညွှန့်များ ကျိုးသွားသည်။ မီးလောင်ချိန် (၁၅)မိနစ်ခန့် ကြခဲ့သည်။ (၆း၃၀)ခန့်တွင် ၄င်းရပ်ကွက်ထဲမှ မီးခိုးလုံးကြီးများ တက်လာသည်။ မီးသတ်ကား တစ်ဆင်းသာရောက်သေးသည်။ အော်ဟစ်ကြိမ်း မောင်းခဲ့သော ကုလား(၁၀၀-မှ ၁၅၀/၂၀၀ခ)ခန့် ပိတ်မိနေသည်။ (၆း၃၀)မိနစ်ခန့်တွင် မီးသတ်ကား တစ်စီးထပ်ရောက်လာပြီး ကုလားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရသည်။ ကုလားတစ်ယောက် ထွက်ပြေးလာပြီး လူအုပ်ကြီးထဲမှာ လူအချို့ ဝိုင်းရိုက်သည်။ ကုလားတစ်ယောက် လဲကျသွားသည်။ လဲပြီးနောက်ပိုင်း ထပ်မရိုက်ကြတော့ ကြောင်း သိရသည်။ ခေါင်းထောင်ပြီး ကြည့်နေနိုင်သေးသည်။ ထွက်ပြေးလာစဉ် လက်နက်ဘာမျှ မပါဟု ဆိုသည်။
          (၆း၃၀)မိနစ်ကျော်ကျော်တွင် ရွှေညဝါဆရာတော်ရောက်လာသည်။ (၇း၀၀)တွင် မင်းကိုနိုင် အဖွဲ့ရောက်လာသည်။ အားလုံး Dr-စန်းလှိုင်တိုက်မှာ နားကြသည်။
         (၇း၀၀)နာရီတွင် မီးညွှန့်ကျိုးသွားသည်။ ပိတ်မိနေသော ကုလားများမှာ မောလဝီစာသင်ကျောင်းမှ အများစုဖြစ်ပြီး လူငယ်လူရွယ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူးက ဝှက်ပေးထားပါလျက် “ဗမာဆို အလိုမရှိ၊ ဗမာမြင်ရင် သတ်ပစ်၊”အော်ဟစ် ကြိမ်းမောင်းရာမှ ပြည်သူများသိသွားခြင်းဖြစ်သည်။
         ရွှေညဝါဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကိုနိုင်တို့အဖွဲ့သည် မြို့လူထုနှင့် တွေ့ဆုံဖို့ ကြိုးစားနေကြပြီး၊ မြို့ထဲသို့ ကုလားများ မဝင်အောင် လုံခြုံရေး တာဝန်ယူပေးဖို့ စီစဉ်ပေးရန် မေတ္တာရပ်ခံနေသည်။

ကိုးခြောက်ကိုး ဆရာတော်များ၏ မေတ္တာဖြင့် မိတ္ထီလာမြို့မှ မွတ်ဆလင်များ ဘေးရန်ကင်းကွာစွာ ရှိကြပါကုန်၏

ဗုဒ္ဓဘာသာတိုင်းပြည်မှာ နေထိုင်ခွင့်ရကြတာ တော်တော်
ကံကောင်းပေစွ တကား ။

အခြားမွတ်ဆလင်တိုင်းပြည်များ ဆိုရင်လျှင်တော့ ဘာသာ
မတူ ၊ လူမျိုးမတူ မပြောနှင့် ဘာသာတူ လူမျိုးတူတာတောင်
မသာ အတောင့်လိုက် ပေါ်သွားမှာ ပြောစရာမလိုပါဘူး ။

ခုတော့ဗျာ ။ ဗုဒ္ဓဘာသာတွေများ ကိုယ့်ကို ရန်သူလိုသဘော
ထားပြီး ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ၊ ပေါ်ပေါ်တင်တင်
တစ်မျိုး ၊ ခိုးချောင်ခိုးဝှက်က တစ်မျိုး ကလိမ်ကကျစ်ဥာဏ်နှင့်
အကောက်ကြံနေတာကိုတောင် မေတ္တာအပြည့်နှင့် ကယ်တင်
ပေးနေတာ အလွန်မွန်မြတ်သော ခံယူချက်များပါပေ ။

ကိုးခြောက်ကိုး ဆရာတော်များက အကြမ်းမဖက်ကြဖို့ ၊ အပင်
ပန်းခံပြီး မိတ္ထီလာအထိ သက်စွန့်ဆံဖျား ဆုံးမသြဝါဒ ပေးနေ
တာ တကယ်ပဲ မမြင်ကြတာလား ? မမြင်ချင်ယောင်ဆောင်
ငါ့စကား နွားရ ၊ ကုလားစာ နင်နေကြတာ စိတ်မကောင်း စရာ
ပါပဲ။

ဆားကလောက်တွေ သွေးရူးသွေးတန်းနှင့် ကိုးခြောက်ကိုး ကို
ဝေဖန်တိုက်ခိုက်နေပေမယ့် ၊ ဒီအကုသိုလ် ယခုပင် အကျိုးပေး
နေတာ ၊ တဖြည်းဖြည်း နယ်ပယ်ကျဉ်းလာတာ ၊ တဖြည်းဖြည်း
အရုပ်ရေး ရမယ် ဆိုရင်တောင် မအံ့သြ ကြပါကုန်နှင့် ။
                                                                             vလူထုမောင်ကာဠု

“ပါရမီပျိုးခင်း သွေးလှူအသင်း၏ စတုတ္ထအကြိမ် သွေးလှူဒါန်းပွဲ”မန္တလေး မတ် (၁၉)


ဦးဝီရသူ တည်ထောင်သော ပါရမီပျိုးခင်း သွေးလှူအသင်း၏ စတုတ္ထအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ယနေ့ (၁၉-၃-၂၀၁၃) မွန်းလွဲ ၁၂း၃၀ တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၌ ကျင်းပရာ ရဟန်းသံဃာများ၊ အမျိုးသား၊ အမျိုးသမီးများ တက်ရောက်လှူဒါန်းကြပါသည်။
အဆိုပါ သွေးလှူရှင်များအား အားဆေး (၁)ဗူးစီ၊ စာအုပ် (၂)အုပ်စီ၊ ဖျော်ရည် (၁)ဗူးစီ၊ ရေသန့် (၁)ဗူးစီ၊ တရားတော်(DVD) သုံးချပ်စီ မေတ္တာလက်ဆောင်ပေးအပ်ကာ ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
ဦးဝီရသူသည် ပါရမီပျိုးခင်း သွေးလှူအသင်းကို (၂၀၀၁)ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း။ (၂၀၁၂)ခုနှစ်နှင့် ယနေ့အထိ ပါရမီပျိုးခင်း သွေးလှူအသင်းမှ (၄)ကြိမ်တိတိ လှူဒါန်းနိုင်ခဲ့ကြောင်း။ ပထမအကြိမ် (၂၆-၆-၂၀၁၂) မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း သွေးအိတ်ပေါင်း (၉၆)အိတ်၊ ဒုတိယအကြိမ် (၄-၁၀-၂၀၁၂) မာလကာခြံရပ်ကွက် သွေးအိတ်ပေါင်း (၉၈)အိတ်၊ တတိယအကြိမ် (၂၄-၂-၂၀၁၃) ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ သွေးအိတ်ပေါင်း (၁၂၉)အိတ်၊ စတုတ္ထအကြိမ် (၁၉-၃-၂၀၁၃) မာလာကာခြံရပ်ကွက် သွေးအိတ်ပေါင်း (၅၅)အိတ် ဖြစ်ကြောင်း သိရပါသည်။

Sunday, March 10, 2013

အကြော်းအရာတစ်ခုတည်နဲ့


စိတ်ချမ်းသာစေတာက


လွတ်လပ်စွာ ယုံကြည်ခွင့်


လောင်မီး


ခရီးသည်ဘုရင်


နိဗ္ဗာန်ဘယ်မှာလဲ


ကော်ပီ






အမြင်