1
ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ
Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Thursday, February 26, 2015
အရှင်သာသန(လယ်တီသွေး)
ကျွန်ုပ်တို့ တိုင်းပြည်တွင် ...
သံဃာတော်အရှင်သူမြတ်များသည်
ရာဇဝင်တစ်လျှောက်လုံး
ကျွန်ုပ်တို့ လူမျိုးရှေ့ က
မားမားမတ်မတ်ရပ်ပြလျှက်
မြင့်မြတ်သောအမှုမျိုးကိုသာ ပြုခဲ့ကြပေသည်
ယခုခေတ်၌ပင် ကျေးရွာများတွင်
သံဃာတော်အရှင်မြတ်များ
ပညာသင်ပေးလျှက်ရှိသောကြောင့်
မြောက်များစွာသောအမျိုးသားတို့ သည်
စာပေတတ်မြောက်ကြပေ၏
အချုပ်မှာ...
သံဃာတော်အရှင်မြတ်များ၏
စေတနာ လုံ့ လ '  ကြောင့်
ကျွန်ုပ်တို့ ၏ ...
စိတ်ဓာတ်မြင့်မြတ်မှု
အသွင်းအပြင်ယဉ်ကျေးမှုသည်
အထူးသဖြင့်တိုးတက်ခဲ့လေသည်...။
    (ဗိုလ်ချုပ်အောင်ဆန်း)
အရှင်ပညာသိရီ(အလင်းရောင်)
ဦးဇင်းတို့ မြန်​မာပြည်သူပြည်​သားအားလုံးဟာ
သီ​ပေါမင်းနဲ့အတူ ပါ​တော်​မူခဲ့ရ​ပေမယ့်
ဗိုလ်​ချူပ်​​အောင်​ဆန်းနဲ့အတူ
ပြန်​လည်​​မွေးဖွားခဲ့ကြပြီး
ဗိုလ်​ချူပ်​​အောင်​ဆန်းနဲ့အတူ
ပြန်​လည်​​သေဆုံးခဲ့ကြရတယ်​..........။
            °°°°°°°°°°°°°°°°°°°°°°°
        <><>Ashin panna siri<><>
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.26.2015
သတင်းလား?
အတင်းလား?
အဖျင်းလား?
ကောလဟာလလား?             
နိုင်ငံရေးလှည့်ကွက်လား?
ဒီလားပေါင်းများစွာသောမေးခွန်းတွေကို
နေ့ စဉ်နဲ့ အမျှ အဖြေထုတ်နေရတဲ့ 
ယနေ့ ခေတ်ကြီးထဲမှာ
အရာရာကို...
လှေနံဓားထစ်သတ်မှတ်ပြီး
သူများလက်ခုပ်တီးတိုင်း
လိုက်ပြီးလက်ခုပ်တီးနေလို့ မဖြစ်သလို
မိမိရဲ့မြင်ကွင်းတွေကိုလည်း
ဘောင်ခတ်ထားလို့ မဖြစ်ဘူး     
ဒီကိစ္စဟာဖြစ်သင့်သလား?
မဖြစ်သင့်သလား?... စသည်ဖြင့်
မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ 
ဆင်ခြင်သုံးသပ်နိုင်ပါမှ တော်ကာကျမယ်...။
အရှင်သာသန(လယ်တီသွေး)
       ခေတ္တ...m.s.y
       Feb.26.2015
Tuesday, February 24, 2015
အရှင်သီလာနန္ဒ(မန္တလေး)
#သမ္မတကြီးလည်း မယုံရ#
       ""ကျ န်ုပ်တို့နိုင်ငံမှာ တရားမျှ တတဲ့အထိ
အပြစ်ရှိသူတွေ အပြစ်ရအောင်
ကျွ န်တော့်မှာရှိတဲ့ အာဏာကို
အစွမ်းကုန်သုံးပြီး လုပ်ဆောင်သွားပါမယ်၊
အိမ်ဖြူ တော်မှာ ဘာကိုမှ ဖုံးကွယ်ထားမှုမျိုးတွေ
မရှိစေရဘူး""ဟု အမေရိကန် သမ္မတ
နစ်ဆင်က ပြောပါသည်။
          သို့သော် သူကိုယ်တိုင်က တရားမမျှတတဲ့သူ၊
အပြစ်ရှိတဲ့သူ၊ အပြစ်ပေးထိုက်တဲ့သူဖြစ်နေတယ်ဗျာ။
ဘာကြောင့်လည်းဆိုတော့ ဝါးတားဂိတ်-
အရှုတ်တော်ပုံကို သူကိုယ်တိုင်ပြု လုပ်ခဲ့လို့ပါဘဲ။
အဲ့ဒါကြောင့် သမ္မတကြီးလည်း မယုံရပါ။ ။
         ( သူငယ်ချ င်းများအကျ ယ်ကြည့်ချ င်ရင်
ဝါးတားဂိတ်အရှုတ်တော်ပုံစာအုပ်ကို ဖတ်ပါ။)
Sunday, February 22, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.23.2015
လောကမှာ...
ကုရာနတ္ထိ ဆေးမရှိလို့ 
နာမည်ကြီးနေတဲ့ 
အီဗိုလာဗိုင်းရပ်စ်နဲ့ 
အေအိုင်ဒီအက်စ်တို့ ထက်
ကုရခက်တဲ့ရောဂါနှစ်မျိုးပါရှိတယ်
အဲဒီနှစ်မျိုးကတော့...
၁။ မိမိကိုယ်ကိုအထင်ကြီးတဲ့ရောဂါနဲ့ 
၂။ တိုင်းတစ်ပါးကို အထင်ကြီးတဲ့ရောဂါတွေပါပဲ...။
   အရှင်သာသန(လယ်တီသွေး)
      ခေတ္တ...m.s.y
      Feb.23.2015
အရှင်ပညာသိရီ(အလင်းရောင်)
အိုဇုန်းလွှာပါးပါးကို ဖာထေးဖို့ထက်
လိုအပ်ချက်တွေ များပြားလှတဲ့
ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေကို
ကူညီတာက ဂျင်းတဲ(လ်)မန်းစစ်စစ်ပါပဲ...။
◇◇◇နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◇◇◇
       ☆Ashin panna siri☆
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.21.2015
** ဥယျောဇဉ် **
အို ...
စာသင်ပျိုနု
သောတုဇန
အရှင်ကောင်းတို့ 
ယခုဆိုရင်...
" စာမေးပွဲ "ဆိုသော စစ်ပွဲကြီးသည်
ကျွန်ုပ်တို့ နဲ့ ...
နီးသထက်နီးလာပြီ
အရေးကြုံလျှင်
သက်လုံကောင်းစေဖို့ 
ယနေ့ မှစ၍ ...
ကျွန်ုပ်တို့ ရဲ့ ...
ကံ' ဥာဏ် ' ဝီရိယ ဆိုတဲ့
လက်နက်ကောင်းတွေကို
အသင့်ပြင်ဆင်ထားကြပါစို့ ...။
အရှင်သာသန(လယ်တီသွေး)
    ခေတ္တ...m.s.y
    Feb.21.2015
အရှင်ပညာသိရီ
လူတစ်​​ယောက်​ဟာ အမှားတစ်​ခုကို
မှားမှန်းသိလျက်​နဲ့ စွတ်​မှိတ်​လုပ်​​နေခြင်းက
သူ​တော်​​ကောင်းလက္ခဏာမဟုတ်​ပါဘူး....
မှားမှန်းသိရှိရပါက သိရှိသည့်​အား​လျော်​စွာ
ရိုးသားစွာဝန်​ခံ၍ ပြုပြင်​နိုင်​မှသာ
သူ​တော်​​ကောင်းလက္ခာဏာ ဖြစ်​ပါသည်​...။
             ••••••••••••••••
◆◆◆နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◆◆◆
       ☆Ashin panna siri☆
အရှင်ပညာသိရီ(အလင်းရောင်)
အိုဇုန်းလွှာပါးပါးကို ဖာထေးဖို့ထက်
လိုအပ်ချက်တွေ များပြားလှတဲ့
ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေကို
ကူညီတာက ဂျင်းတဲ(လ်)မန်းစစ်စစ်ပါပဲ...။
◇◇◇နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◇◇◇
       ☆Ashin panna siri☆
Friday, February 20, 2015
သမိုင်း၏တရားခံ(ထင်လင်းဦး)
**သမိုင်း၏ တရားခံ**
စာပေကို ၀ါသနာပါသောသူများ စာပေအကြောင်းအရာကို သိလိုသူများ ဓမ္မ အဓမ္မကို ခွဲခြားတတ်ဖို့  နဲ့  အဆိုးအကောင်း အကျိုးအကြောင်းကို သိရှိနိုင်၇န်
ဆောင်းပါးလေးတစ်ပုဒ်ရေးသားလိုက်ပါသည်...
Facebook- ဆောင်းပါးမရေးရတာလည်း ကြာသွားပါပြီ။
မိမိအကြောင်းကိစ္စလေးတွေ မအားလပ်တာကြောင့် ဆောင်းပါးမရေးဖြစ်ခဲ့တာပါ
သို့ ပေမဲ့လည်း .... မအားသည့်ကြားကပင် မိမိဘာသာ သာသနာ လူမျိုးအတွက် ထိခိုက်စော်ကားမှုတွေကိုတွေ့ ရင် မိမိတာဝန်သာဟု စိတ်ထဲ၌ မှတ်ယူမိ၍ ငါတို့ တာဝန်ရောက်၇ှိလာပြီင်္ဟုတွေးမိကာ ယနေ့  ( သမိုင်း၏ တရားခံ )
နာမည်ပေးထားတဲ့ ဒီင်္ဆောင်းပေးလေးကို ရေးသားလိုက်ပါသည်။
လွန်ခဲ့သော ရက်သတ္တပတ်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တဲ့
"ဦင်္းဝိစာရ အထိမ်းအမှတ်နေ"့ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD ) က ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ NLD ဗဟိုအမှုဆောင် ထင်လင်းဦး၇ဲ့ ဟောပြောမှုတွေကို နားထောင်လိုက်၇ပါတယ်။ ကြမ်းတမ်းသောစကားလုံးများနှင့် ပုတ်ခတ်စော်ကားမှုတွေကို အာဘော်အာ၇င်းနှင့် ပြောဆိုပြီး
ဗုဒ္ဓသာသနာတစ်ခုလုံးကို မိမိအတွေးအခေါ် ထင်မြင်ယူဆချက်သက်သက်ဖြင့်
စော်ကားသွားတာတွေကို နားထောင်လိုက်၇တော့ တို့ မြန်မာနိုင်ငံမှာ စာေ၇းဆ၇ာ အမည်ခံ ပ၇ိတ်သတ် လက်ခုပ်သံတွေကို လိမ်ယူနေတဲ့ <ဆယ်သိန်းစား> ပုဂ္ဂိုလ်တွေများနေပါလားလို့တောင်တွေးမိပါတယ်။
အော်...ကိုယ်က "ဆယ်သိန်းစား"လို့ ပြောရတာ နည်းများနည်းနေမလားမသိဘူး။ သူတို့ ကတော့ သိန်းတစ်ရာစား ဒေါ်လာစားတောင် စားနေဦးမှာပါ။ ပါးစပ် ပါးစပ် တန်ဖိုးရှိတဲ့ ပါးစပ် တန်ဖိုးမရှိတဲ့ပါးစပ် အဲဒီနှစ်ခုမှာ ထင်လင်းဦးဆိုတဲ့သူရဲ့ပါးစပ်ကတော့ ဆယ်သိန်းမပြောနဲ့  တစ်မတ်ဖိုးတောင်တန်ဖိုးမရှိတဲ့ပါးစပ်ပါပဲ။ အဓမ္မ၀ါဒ ဘာသာခြားတွေအတွက်ကတော့ သူ့ ပါးစပ်က ဆယ်သိန်းမက တန်ရင်တန်နေမှာပါ၊ တို့ ဗုဒ္ဓဘာသာတွေအတွက်ကတော့ သူ့ ပါးစပ်က သာသနာတော်ရဲ့ အန္တရာယ် တစ်ခုပါပဲ ၊
စာရေးဆရာဆိုတာ ကလောင်ထက်တိုင်း ဆင်ခြင်တွေးခေါ်မှုမရှိပဲ ရေးနေမယ်၊ ပြောနေမယ်ဆိုရင်
သံလုံးကို ဓားသွေးကျောက်ပေါ်တင်ပြီင်္း သွေးနေတဲ့သူနဲ့  တူသွားမှာပါ၊ ထက်မြတ်တဲ့ ကလောင်ရှင်တစ်ယောက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဖိုးသူတော်ဦးနုရဲ့စကားပုံလေးရှိပါတယ်
"စကားစကားပြောပါများ စကားထဲက ဇာတိပြ" ဆိုတဲ့ စကားပုံလေးလိုပါပဲ သူပြောတဲ့စကား အပြုအမူအပြောအဆိုဟာ သူနှင့်တကွ သူတို့ ၏ NLDအဖွဲ့ ရဲ့ သရုပ်ကို ထုတ်ပြလိုက်တာနဲ့ အတူတူပါပဲ သူတို့ သုံးနှုန်းနေတဲ့ ဒီမိုကရေစီ လူ့ အခွင့်အရေးဆိုတာကို မူလတန်းကစပြီး သူတို့ အားလုံး ပြန်လေ့လာမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်မိပါတယ် ။
ဗုဒ္ဓဘာသာ အမည်ခံ တစ်ယောက်ဖြစ်ပြီင်္း/ ...နိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့ ဘုရား တရား သံဃာကို စော်ကားတာဟာ ဂျပန်ခေတ်ကလိုပြောမယ်ဆိုရင် သူတို့ ဟာ အမျိုးဖျတ်သစ္စာဖောက်ပဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် အလုပ်လုပ်နေတဲ့သူတွေကို ဘာမဟုတ်တဲ့ လက်တစ်လုံးလောက်ရှိတဲ့ အာဏာလေးရဖို့ အတွက်/
ကိုယ့်ပါတီကောင်းစားဖို့ အတွက် ခုတုံးလုပ်ပြီး ဆယ်သိန်းစားပါးစပ်နဲ့  အရှက်မရှိပြောဆိုနေတာက သူတို့ မရှက်ရင်တောင် သူတို့ ရဲ့အစား တစ်နိုင်ငံလုံးမှားရှိကြတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ရှက်ကြမှာပါ၊ ရယ်တော့ရယ်ရတယ်ဗျာ ထင်လင်းဦးကပြောတယ်"မပြောနဲ့ လို့  သူ့ ကိုလာပြောလို့ ပြောတာပါတဲ့" ဒါဒီင်္မိုကရေစီပဲ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ စည်းကမ်းလေးနဲ့ ပြော ဘောအတွင်းကပြော ဆိုတာကိုတော့ သူမေ့နေတယ်နဲ့ တူပါတယ် ၊
နောက်တစ်ခု ထင်လင်းဦးက မြတ်စွားဘုရားက ကရင်လား မြန်မာလား ရခိုင်လား ချင်းလား ကယားလား မဟုတ်ပါဘူး၊ ခင်များတို့ အမျိုးကိုချစ်ရင် ဘုရားကိုမကိုးကွယ်နဲ့  ဘုရားက မြန်မာလူမျိုးမဟုတ်ဘူး တကယ်တော့... ထင်လင်းဦင်္း ဆိုလိုတာက မြတ်စွာဘုရားသည် မြန်မာ ကရင် စသည်မဟုတ်ဘူး သူဆိုလိုတာက အိန္ဒိယမှာ ပွင့်လို့  ကုလားလူမျိုးလို့ သူပြောချင်တာပါ ၊မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး မြန်မာလူမျိုးမဟုတ်ပါဘူး ဒါပေမဲ့....ကုလားလူမျိုးလည်းမဟုတ်ပါ၊ သကျသာကီဝင် ခတ္တိယ အမျိုးတွေပါ အခုအချိန်မှာ အိန္ဒိယဟာ ကုလားနိုင်ငံဖြစ်လို့  ကုလားလူမျိုးလို့ ဆွဲပြောလို့ မရပါဘူး။ အချိန်ကာလအားလျှော်စွာပြောင်းလဲသွားတာ ဖြစ်ပါတယ်၊ ဘုရားကိုမကိုးကွယ်နဲ့ ပြောလိုက်တဲ့ စကားတစ်ခုနဲ့ ပင် အင်မတန်ကြောက်စရာကောင်းတဲ့ ကံကို ကျုးလွန်လိုက်တာနဲ့ အတူတူပါပဲ ၊
"ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ သံဃဿ အ၀ဏ္ဏံ ဘာသတိ" ဆိုတဲ့ စကားလုံးကို သူသိမယ်မထင်ပါဘူး ဦးဇင်းတို့  ဗုဒ္ဓဘာသာတရားတော်တွေကလဲ ဘယ်သူနဲ့ မပေါင်းနဲ့  ဘယ်လူမျိုးနဲ့ မပေါင်းနဲ့ လို့  မဟောထားပေမဲ့" အသေ၀နာစ ဗာလာနံ" ဆိုတဲ့ လူမိုက်ကို မပေါင်းသင်းနဲ့ လို့  မင်္ဂလသုတ်မှာ ဟောထားပါတယ်
နောက်တစ်ခု" ဥာတကာ နဉ္စ သင်္ဂဟော" ဆွေးမျိုးတို့ ကို စောင့်ရှောက်ရမယ်လို့ ၊ ဘုရားရှင် ဟောကြားခဲ့ပါတယ်။ ဒါကိုထောက်သောအားဖြင့် ကိုယ့်ဘာသာ သာသနာ အတွက် ကျရောက်လာနိုင်သော မိစ္ဆာဒိဋ္ဌိ အဓမ္မပုဂ္ဂိုလ်တို့ နဲ့ တွေ့ လာခဲ့ရင် ကာကွယ်ဖို့ ဆိုတာကလည်း ရှိသင့်ရမှာပါ၊ အာသဝေါကုန်ခမ်း ရဟန္တာပုဂ္ဂိုလ်တွေနဲ့  နိုင်းယှဉ်၍ ပြောလို့ မရပါဘူး။ ပုထုဇဉ်ပိုဂ္ဂိုလ်တွေဖြစ်တဲ့ ရဟန်းအရှင် အမျိုးကောင်းသား အမျိုးကောင်းသမီး အားလုံးကတော့ ကာကွယ်စောင့်ရှောက်ရမှာပါ ၊ ဒါကလည်း ... ၀တ္တရားအရမဟုတ် သမိုင်းကပေးတဲ့ တာဝန်တစ်ခုမှတ်၍ ကာကွယ်ရမှာပါပဲဆိုတာ ထင်လင်းဦင်္းသိစေချင်တယ်။
စာပေသမား စာရေးဆရာတစ်ယောက်ဟာ ကိုယ်ပြောတဲ့စကား/ အရေး မှန်ကန်ဖို့ လိုပါတယ် ၊ဗုဒ္ဓဘာသာအကြောင်းအရာကို ကောင်းစွားမသိပဲနဲ့  သူများပြောယုံ ကြားယုံ စာတို စာစ တွေကို ဖတ်ပြီးတော့ မိမိရဲ့  အယူအဆကို ထုတ်ဖေါ်မယ်ဆိုရင် မှားသွားမှာပါ ၊ကိုယ်နာမည်ကြီးဖို့ အလုပ်လုပ်နေမယ်ဆိုရင် စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး ၊ မြန်မာနိုင်ငံမှာရှိတဲ့ စာရေးဆရာတွေအားလုံး သထိထားဖို့ လိုအပ်ပါတယ်...စာရေးဆရာ ထင်လင်းဦင်္းဟာ" သြက္ကာက" မင်းကိုတောင် မှန်အောင်မပြောနိုင်ပဲ ဥက္ကာကဋစ် မင်းဆိုပြီး လုပ်နေသေးတယ်၊ စာရေးဆရာတစ်ယောက်ဟာ ဒါလေးတော့ သိထားသင့်ပါတယ်
သကျသာကီဝင် မင်းမျိုးဆိုတာ ကိုယ့်နှမ ကိုယ်ယူတဲ့အမျိုးလို့  ထင်လင်းဦင်္းက ဆိုပြန်သေးတယ်
တကယ်တော့....သကျသာကီဝင်ဆိုတာ... "ဇာတိသမ္ဘေဒမကတွာ ကုလ၀ံသံ အနုရက္ခိတုံ သကျာ သမတ္ထာ ပဋိဗလာ" ဆိုပြီး သီလက္ခန်အဋ္ဌကထာမှာ ဖွင့် ဆိုထားပါတယ် ဒါကို သူသိမယ်လို့ မထင်ပါဘူး ။ သကျသာကီဝင်ဆိုတာ" ဇာတ်နှောခြင်းကို မပြုပဲ အမျိုးအနွယ် စောင့်ရှောက်တဲ့သူတွေကို" သကျသာကီဝင်လို့ ခေါ်တာပါ ဖြူစင်သန့်ရှင်းတဲ့အမျိုးနွယ်ထဲကို မည်းညစ်တဲ့အမျိုးနွယ်မရောစေဖို့
လူလိမ္မာထဲကို လူယုတ်မာ မရောက်လာစေဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ငါးခုံးမတစ်ကောင်အတွက်နဲ့
တစ်လှေလုံးမပုတ်စေချင်လို့ပါပဲ။ ကိုယ်ပြောတဲ့စကားကို ကိုယ်နားလည်မှပြောတဲ့ မောင်ထင်လင်းဦးက ပြောသွားသေးတယ်ဗျ။ ဒါပေမဲ့ ကိုယ်တိုင်နားမလည်တာကိုတော့ သူမသိလောက်ပါဘူး။ အတ္တဖုံးလွမ်းတဲ့နိုင်ငံရေးသမားတွေရဲ့ အယူအဆ အတိုင်းပဲ သူမြင်မှာပါ။ ဘာလို့လဲဆိုတော့ အာဏာကြောင့်လေ။ နောက်သူကပြောသွားသေးတယ် သောနုတ္ထိုရ် မုဆိုးတောင် သင်္ကန်းပတ်ခဲ့တာပဲတဲ့ ။ သူဆိုလိုတာက အတုအယောင်ပုဂ္ဂိုလ်တွေပါလို့ဆိုပြီး သံဃာထုတစ်ရပ်လုံးကို သူစော်ကားလိုက်တာပါ။ဒါကကြီးလေးတဲ့ကံတစ်ခုကို ကျူးလွန်လိုက်တယ်ဆိုတာ သူမသိလောက်ပါဘူး။ သူကိုယ်တိုင်က ဗာလဖြစ်နေလို့ပါ။ ဆဒ္ဒန်ဆင်မင်းရဲ့ ၀တ္ထုကို သေချာဖတ်ကြည့်မယ်ဆိုရင် သူသဘောပေါက်မှာပါ။ သူစကားအတိုင်းပါပဲ သောနုတ္ထိုရ်သင်္ကန်းပတ်ခဲ့တာဟုတ်ပါတယ် စူဠသုဘဒ္ဒါအစွယ်ကိုဖြတ်ခိုင်းတာလည်းထင်ရှားပါတယ်။ အဲ့ဒိလိုပါပဲ NLDအဖွဲ့ကြီးထဲမှာ စူဠသုဘဒ္ဒါလိုပုဂ္ဂိုလ်တွေနဲ့ ထင်လင်းဦးကဲ့သို့ သောနုတ္ထိုရ်လို လူမျိုးတွေကြီးပဲလို့ ပြောမယ်ဆိုရင်
သူတို့ခံနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဖာသာ စဉ်းစားပြီး တွေးကြည့်ပါလို့ပြောပါရစေ။
နောက်တစ်ခုက"ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေဖျက်ဆီးနေတယ်လို့" ထင်လင်းဦးကဆိုပါတယ်။ဒါကသူ့ရဲ့ အာဘော်စကားလုံးတစ်ခုပါပဲ ယုတ္တိလည်းမရှိပါဘူး။
ဘုရားရှင်က သာသနာတော်ကို သာသနာအတွင်း ပုဂ္ဂိုလ်တွေက ဖျက်ဆီးမှပြတ်မယ်လို့ဟောထားပါတယ် "ဥပမာ" သံကိုသံချေးကဖျက်ဆိုသလိုပေါ့။ သာသနာအတွင်း ပုဂ္ဂိုလ်ဆိုတာကလည်း ရဟန်း သံဃာတွေချည်းပဲမဟုတ်ပါဘူး။ သံဃာတော်များနှင့်ဗုဒ္ဓဘာသာ ဥပါသိကာ ဥပါသိကာမ အားလုံးနှင့် ဗုဒ္ဓဘာသာအမည်ခံသူအားလုံးဟာ သာသနာအတွင်းက ပုဂ္ဂိုလ်တွေပါပဲ။ဗုဒ္ဓဘာသာအမည်ခံ ထင်လင်းဦးကတော့ သာသနာအတွင်သူမဟုတ်ဘူးလား။ဒါကြောင့်မို့လည်း ဘုရားရှင်ပြောသည်အတိုင်း ကိုယ်သာသနာကို ကိုယ်ပြန်ဖျက်ဆီးလိုက်တာပါ။ ဒီလိုကိုယ်သာသနာကို ပြန်ဖျက်ဆီးတဲ့ သူတွေမဖြစ်အောင်အားလုံးသော ရဟန်း ရှင် လူတွေ ကြိုးစားဖို့လိုအပ်ပါတယ်။အဓမ္မရဲ့ "ဆယ်သိန်းစား ဒေါ်လာစား" ဘာသာခြား၏ကျေးကျွန်ထင်လင်းဦး ကဲ့သို့ နောင်တချိန်မှာ သမိုင်း၏တရားခံမဖြစ်အောင်သတိပြုကြပါလို့ တိုက်တွန်းလိုက်ပါသတည်း။
ကုမုဒြာအရှင် www.kumodedra.blogspot.com
(22.11.2014)
*****အမှားမကင်းသော လောက(အပိုင်း-၁)*****(ကုမုဒြာအရှင်)
*****အမှားမကင်းသော လောက(အပိုင်း-၁)*****
နေ့စဉ်ရက်စက် စစ်မြေစခန်းမှာ မလွမ်းနိုင်မပန်းနိုင်ကျည်ဆံတွေကြား ရုန်းကန်နေရသော စစ်သည်စစ်မေတို့၏ ဇွဲ လုံးလ ရဲရင့်သောစိတ်ဓာတ်တို့ကို ဂုဏ်ယူမိပါတယ် စစ်သားကိုမုန်းတီးရေးတရားမဟောပါနဲ့
လို့အခုအချိန်မှာ တောင်းပန်ပါရစေ။ အညှိုးတွေ အာဃာတတွေ မုန်းတီးရေးတွေဟာ ဘယ်နေရာမှ မကောင်းပါဘူး။ စစ်မြေပြင်မှာ လက်နတ်ကိုထမ်းပြီးတော့ ဘယ်သူက စစ်တိုက်ချင်မှာလဲ စစ်သားမှာ နှလုံးသားရှိပါတယ် ခံစားချက်ရှိပါတယ် စေတနာ အနစ်နာမေတ္တာ ကရုဏာတွေလဲ သူတို့မှာ အများကြီးရှိပါတယ်။ အဇာတသတ်ကြီးဟာ            မသိမလိမ္မာခင်က ဘုရားနဲ့ သံဃာတော်တွေကို ဒုက္ခအမျိုးမျိုးပေးခဲ့တယ် အမှားကိုသိ အမှန်ကိုမြင်တဲ့အခါမှာ သာသနာတော်အတွက် အရမ်းကျေးဇူးများသွားတယ် အသောကမင်းကြီးဟာ သူ၏စကားတစ်ခွန်း မှားယွင်းစွာ သုံးသပ်သူကြောင့် အာဏာရူး မူးကြီးမက်ရာတွေ၏လက်ချက်ကြောင့် သံဃာတွေ အများကြီးသေခဲ့ရဘူးတယ် အကြောင်
းရင်းမှန်ရှာကြည့်တော့ အာဏာရူးအမတ်တွေကြောင့်ဖြစ်ရတာလေ ။
☆☆☆☆☆☆☆☆☆☆☆☆☆
ဆက်လက်ဖက်ရှုရန်(မျှော်)အပိုင်း-၂သို့
ကျေးဇူးတင်ပါသည်
ကုမုဒြာအရှင်
Thursday, February 19, 2015
အရှင်သီလာနန္ဒ/မန္တလေး
#ငွေ ဘာကို ဝယ်နိုင်သလဲ#
**************************
အိပ်ရာတစ်ခု၊ သို့သော် အိပ်ခြင်းမဟုတ်၊
စာအုပ်များ၊ သို့သော် အသိပညာမဟုတ်၊
အစားအစာ၊ သို့သော် စားချ င်စိတ်မဟုတ်၊
ဝတ်ကောင်းစားလှ၊ သို့သော် အလှမဟုတ်၊
အိမ်တစ်ဆောင်၊ သို့သော် စွဲမြဲပျော်ရွှင်စွာ
နေထိုင်ရာ နေအိမ်မဟုတ်၊
ဆေးဝါးများ၊ သို့သော် ကျ န်းမာရေးမဟုတ်၊
ဇိမ်ခံပစ္စည်းများ၊ သို့သော် စိတ်လက်ချ မ်းသာခြင်းမဟုတ်၊
ရွှင်မြူးသာယာမှုများ၊ သို့သော် ပျော်ရွှင်ချ မ်းမြေ့မှုမဟုတ်၊
ဘာသာတရား၊ သို့သော် ကယ်တင်ခြင်းမဟုတ်၊
             ဤအရာသည် သင့်ဟာ၊ ထိုအရာသည်
ငါ့ဟာဟု မပြောပါနှင့်၊
ဤအရာသည် သင့်ထံသို့ လာ၏၊ ထိုအရာသည်
ငါ့ထံသို့ လာ၏ဟုပြောပါ၊
သို့မှသာ တောက်ပသောအရာများ
ညိုးမှိန်ကြသည့်အခါ
ခမ်းနားထည်ဝါသောအရာအားလုံး
ပျ က်သုဉ်းကြသောအခါ ဝမ်းမနည်းကြရမှာဖြစ်လို့ပါ။ ။
                      အရှင်သီလာနန္ဒ/မန္တလေး
" သူ " (အရှင်သာသန/လယ်တီသွေး)
" သူ  "
မှတ်မှတ်ရရ...
ခေါင်းရင်းမှာချိတ်ဆွဲထားတဲ့
ရွက်ဆုတ်ပြက္ခဒိန်ကို ကြည့်မိတော့
19.2.2015-ကို ညွှန်ပြနေသည်
အော်...
ဘာလိုလိုနဲ့ 
သူတောင် နောက်တစ်လဆိုရင်
ကျွန်ုပ်ဆီပြန်လာတော့မှာပါလား?...။
တကယ်ဆိုရင်...
သူနဲ့ ကျွန်ုပ်ရဲ့တွေ့ မှုက
နှစ်အတန်ကြာခဲ့ပြီဟုဆိုရမည်
သို့ သော်...
သူနဲ့ တွေ့ ဆုံတိုင်း
ကျွန်ုပ်ရဲ့ ရင်ခုန်သံတွေဟာ
ယ္ခုလောက်ကိုင်ဒေသမှာဖြစ်ပွားနေသော
မပြီးဆုံးသေးတဲ့စစ်ပွဲတစ်ပွဲလို
ဗရမ်းဗတာဆူညံလွန်းလှသည်...။
သူငယ်ချင်းတွေကပြောသည်...
" ငါတို့ လည်း
  သူနဲ့ တွေ့ တိုင်း
  ရင်ခုန်သံတွေ
  အရမ်းမြန်တာပဲ "တဲ့
အော်...သူဟာ
ကမ္ဘာမြေကြီးလို
သိပ်ကို ဆွဲငင်အားကြီးမားပါလားကွယ်...။
ခွဲခွါခါအနီး...
သူပြောသွားတဲ့
မှတ်မိပါသေးသည်
" နောက်နှစ် ...
သူပြန်လာတဲ့အခါကျရင်
မှန်အောင်ဖြေနိုင်ရင်
သူ့ ဆီက ...
ကျွန်ုပ်မျှော်လင့်နေတဲ့
ဆုလာဘ်တစ်ခုကိုပေးမယ် "တဲ့
အော်...သူဟာ
ကဝေပျိုတစ်ယောက်လို
သိပ်ကို ပဟေဠိဆန်ပါလားကွယ်...။
ကျွန်ုပ်ကို...
ရင်ခုန်စေသော
ကျွန်ုပ်ရဲ့ သူငယ်ချင်းတွေကို...
ရင်ခုန်စေသော
ကမ္ဘာမြေကြီးလို...
ဆွဲငင်အားကြီးမားသော
ကဝေပျိုတစ်ယောက်လို...
ပဟေဠိဆန်သော
" သူ " ဆိုသည်မှာ
အခြားမဟုတ်ပါ
25.3.2015- ခုနှစ်မှာ ဖြေဆိုရမည့်
" ဓမ္မာစရိယ စာမေးပွဲ " ပင်ဖြစ်ပါတော့သည်...။
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
   Feb.19.2015
Tuesday, February 17, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.17.2015 ညာတာပါတေးနဲ့ 
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.17.2015 ညာတာပါတေးနဲ့ 
** မြန်မာ့မီဒီယာများသို့  **
မျက်စိတစ်ဖက်လပ်နေတဲ့ ...
သမင်တစ်ကောင်
မြက်ကိုစားတဲ့အခါ
မိမိမြင်တဲ့ဘက်ကိုပဲ
ရွေးပြီးစားသွားသလို
မြန်မာ့မီဒီယာလောကဟာလဲ
မိမိတို့  ...
ဖွချင်တဲ့သတင်းဆိုရင်
တစ်ဖက်လူက
ဘယ်လောက်ပဲမှန်နေပါစေ
အားနည်းချက်ကိုရှာပြီး
ခေါင်းစဉ်အကြီးကြီးတတ်ကာ
ဖွတတ်ကြတယ်...။
ဟော...
မိမိတို့ ...
ထိန်ချန်ထားချင်တဲ့
သတင်းမျိုးဆိုရင်တော့
တစ်ဖက်လူက...
ဘယ်လောက်ပဲမှားနေပါစေ
ညာတာပါတေးနဲ့ 
ယုန်ကလေး နှာစေးသလို
လုပ်နေကြပြန်ရော...။
အို ...မြန်မာ့မီဒီယာ...
သင်တို့ ဟာ စစ်မှန်တဲ့
" ပြည်သူတွေရဲ့ စတုတ္ထမဏ္ဍိုင်"
ဖြစ်ချင်တယ်ဆိုရင်
ဒီလို ...ဂျန်း(န်)တဲ(လ်)မန်းမဆန်တဲ့
အလုပ်မျိုးတွေ မလုပ်ကြပါနဲ့ ...။
ဘယ်ကိစ္စကိုမဆို ...
ပုဂ္ဂိုလ်စွဲ/ပါတီစွဲတွေမထားပဲ
မှန်တာကို မှန်တဲ့အတိုင်း
လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါ
မှားတာကို မှားတဲ့အတိုင်း
ထောက်ပြဝေဖန်ပေးကြပါလို့ 
အွန်လိုင်းစာမျက်နာကနေတစ်ဆင့်
မေတ္တာရပ်ခံပါရစေဗျာ...။
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
  Feb.17.2015
ညာတာပါတေးနဲ့ 
Sunday, February 15, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.16.2015
ပြဌာန်းကျမ်းစာထဲမှာပါတဲ့...
သက်ဆိုင်ရာစာမေးပွဲကို
အောင်မြင်စွာဖြေဆိုပြီး
အိမ်ဦးခန်းမှာ
ဘွဲ့ လက်မှတ်ချိတ်ဆွဲထားနိုင်ရုံနဲ့ တော့
အလုံးစုံ စာမေးပွဲအောင်မြင်သွားပြီလို့ 
မဆိုနိုင်ပါဘူး ...
ဒါဟာ ...သင့်အတွက်...
ရှေ့လာမည့် "ဘဝစာမေးပွဲ"တွေကို
အထောက်ကူဖြစ်စေမည့်
လေ့ကျင့်ခန်းစာမေးပွဲ
အဆင့်မျှသာ ရှိပါသေးတယ် ...
တကယ်တော့...
သင်ဟာ...
နောက်ထပ် ဘဝစာမေးပွဲပေါင်းများစွာကို
တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင်
ဖြေဆိုရဦးမှာပါ ...။
သင့်ရဲ့ ...
မနက်ဖြန်တိုင်းဟာ
သင့်ဘဝရဲ့...
စာမေးပွဲတွေဆိုတာ
မမေ့ပါနဲ့ ...။
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
   Feb.16.2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.16.2015
အိုးဝေသံ ...
တညံညံနဲ့ 
ရစ်သမ်မှန်မှန် က'နေတဲ့
"ဒေါင်း"လေးတွေချည်းပဲ
ဆိုရင်တော့ ကောင်းပါတယ် ...။
ဒါပေမဲ့...
အဲဒီ ဒေါင်းလေးတွေထဲမှာ
ကျွန်ုပ်တို့  ငယ်ငယ်တုန်းက
ဖတ်စာထဲကလို
အခွင့်အရေးသမား
ဒေါင်းယောင်ဆောင်ထားတဲ့ကျီးတွေ
ပါလာရင်တော့
မကောင်းဘူးပေါ့...။
အရှင်သာသန(လယ်တီသွေး)
    ခေတ္တ...m.s.y
    Feb.16.2015