1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, June 5, 2015

အရှင်သာသန(လယ်တီသွေး)

** မြန်မာ့အင်တာနက် **

၁= ဗဟုသုတရှာဖို့ 
၂= စီးပွားရှာဖို့ 
၃= ရည်းစားရှာဖို့ 

ကဲ...မှန်မှန်ဖြေနော်
သင်..ဘာအတွက်
အင်တာနက်ကို
အသုံးပြုနေတာလဲ?...။

အရှင်သာသန(လယ်တီသွေး)
  ခေတ္တ..m.s.y
May.21.2015

မြန်ယူ၂၃

သမိုင်းအသစ်
မြန်u23

Thursday, June 4, 2015

မြန်မာယူ၁၉

အရှင်သာသန(လယ်တီသွေး)

သူတစ်ပါးကို...
အထင်မသေးသင့်သလို
ကိုယ့်ကိုယ်ကိုလည်း
အထင်မသေးလိုက်ပါနဲ့ 
ဘာလို့ လဲဆိုတော့...
လူသားတိုင်းမှာ
Main Power .လို့ ခေါ်တဲ့
မမြင်နိုင်တဲ့စွမ်းအားတွေ
ရှိနေလို့ ပါပဲ...။

အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
May.29.2015

အရှင်သာသန(လယ်တီသွေး)

အလုပ်-မလုပ်သော...
သူအတွက်
တစ်နေ့ တာ
၂၄-နာရီဆိုသောအချိန်ဇယားသည်
ရှည်လျားလှသည်ဟုထင်ရသော်လည်း
အမှန်တကယ်...
အလုပ်-လုပ်သော
သူအတွက်မူ
တစ်နေ့ တာ...
၂၄-နာရီဆိုသောအချိန်ဇယားသည်
အလွန်ပင်တိုတောင်းလွန်းလှ၏...။

အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
  May.22.2015

အရှင်သာသန( လယ်တီသွေး)

ငါဟာ ...       
ခေတ်ကာလမကောင်းလို့ 
ရူးချင်ယောင်ဆောင်နေတဲ့
သူတစ်ယောက်မဟုတ်သလို
အိပ်ချင်ယောင်ဆောင်နေတဲ့
သူတစ်ယောက်လည်းမဟုတ်ပါဘူး...။
တကယ်တော့...
ငါဟာ...
သမားရိုးကျအိပ်ပျော်နေတဲ့
သူတစ်ယောက်ပါ
ကျေးဇူးပြုပြီး...
ငါ့ကို..လာမနှိုးပါနဲ့ 
ငါ့ရဲ့..မနက်ဖြန်တိုင်း
လန်းဆန်းစွာနိုးထနိုင်ဖို့ 
ငါ...အိပ်မက်လှလှမက်ပါရစေ...။

  အရှင်သာသန( လယ်တီသွေး)
      ခေတ္တ..m.s.y
     may.28.2015

အရှင်သာသန(လယ်တီသွေး)

လူတစ်ယောက်ရဲ့အကြောင်းကို...    
အပေါ်ယံလေးကြည့်ပြီး              
ဒီလူကတော့...
ကောင်းတယ်/မကောင်းဘူးစသည်ဖြင့်
လွယ်လွယ်လေး မဆုံးဖြတ်လိုက်ပါနဲ့ ...။

လူတစ်ယောက်ရဲ့အကြောင်းကို...
က..အစ
အ..အဆုံးထိ
သိနိုင်ဖို့ အတွက်                             
အကောင်းဆုံးနည်းလမ်းကတော့
သူနဲ့ ပေါင်းသင်းဆက်ဆံကြည့်ဖို့ ပါပဲ...။

" ဆန်ကောင်း/မကောင်း
   ထောင်းကြည့်မှသိ "

" လူကောင်း/မကောင်း
ပေါင်းကြည့်မှသိ " တဲ့...။

အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
  May.28.2015

အရှင်သာသန(လယ်တီသွေး)

သောမက်စ်အက်ဒီဆင်က...
သူ့ အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ
ဝန်ခံခဲ့ဖူးတယ်...။
" ကျနော် လျှပ်စစ်ဓာတ်အားတီထွင်ရာမှာ
  အောင်မြင်မှုရဖို့ အတွက်
  အကြိမ်တစ်သောင်းကျရှုံးခဲ့တယ် "တဲ့
တကယ်တော့...
ကျရှုံးမှုများလေလေ
အောင်မြင်မှု ကြီးမားလေလေပါပဲ...။

ကျရှုံးမှုတွေနဲ့ ကြုံတိုင်း...
စိတ်ပျက်အားငယ်စိတ်မမွေးပါနဲ့ 
မလျှော့သောဇွဲဖြင့်
အောင်မြင်အောင်ဆက်လက်ကြိုးစားပါ
သင့်အတွက်...
အောင်မြင်မှုပန်းတိုင်က
Welcome..ဆိုပြီး
လက်ကမ်းကြိုဆိုနေပါလိမ့်မယ်...။

အရှင်သာသန(လယ်တီသွေး)      
    ခေတ္တ..m.s.y
    May.26.2015

အရှင်သာသန(လယ်တီသွေး)

နှုမ်းခမ်းက...
ထွက်ကျလာတဲ့
စကားလုံးပေါင်းများစွာထက်
ရင်ထဲကလာတဲ့
စကားလေးတစ်ခွန်းက
ပိုပြီးတန်ဖိုးရှိပါတယ်...။

ဒါကြောင့်...
အပြောကောင်းသူဖြစ်ဖို့ ထက်...
အကောင်းပြောသူဖြစ်အောင်
ကြိုးစားပါ မိတ်ဆွေ...။

အရှင်သာသန(လယ်တီသွေး)
    ခေတ္တ..m.s.y
    May.24.2015

အရှင်သာသန(လယ်တီသွေး)

" လူ့ ဘဝ "ဇာတ်ခုံပေါ်မှာ
မိမိကိုယ်ကို...
ဟီးရိုးတစ်ယောက်ဖြစ်အောင်
မစွမ်းဆောင်နိုင်ခဲ့ရင်တောင်
ဗီလိန်တစ်ယောက်တော့
အဖြစ်မခံပါနဲ့ ...။

အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
  May.25.2015

အရှင်သာသန(လယ်တီသွေး)

ကြားဖူးပါသည်...

" ပုတ်သင်ညိုသတ္တဝါတွေဟာ
နေရာဒေသအလိုက်
အရောင်တွေပြောင်းလဲသွားတတ်ကြတယ်တဲ့ "

မိမိတို့ ဟာ...                             
သူများခေါင်းညိတ်.ခိုင်းတိုင်း
အလွယ်တကူခေါင်းညိတ်တတ်တဲ့
ပုတ်သင်ညိုသတ္တဝါလေးတွေမဟုတ်ဘူးလေ
ဘယ်နေရာ...
ဘယ်ဒေသကိုပဲရောက်ရောက်
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မှ
ကိုယ့်လူမျိုးရဲ့ ...
ဘာသာတရားနဲ့ 
ယဉ်ကျေးမှုကိုတော့
အရောင်တွေပြောင်းမပစ်လိုက်ပါနဲ့ ...။

အရှင်သာသန(လယ်တီသွေး)
      ခေတ္တ..m.s.y
     May.20.2015

အရှင်သာသန(လယ်တီသွေး)

ရိုးသားပြီး...
ကြိုးစားတဲ့
လူတစ်ယောက်ကို
လောကကြီးက
လက်ပိုက်ကြည့်မနေဘူး
သူ့ ရဲ့...
ကြိုးစားမှုနဲ့ ထိုက်တန်တဲ့
ဆုလာဘ်တစ်ခုကိုတော့
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ
သေချာပေါက်ပြန်ပေးမှာပဲ...။

အရှင်သာသန(လယ်တီသွေး)
     ခေတ္တ...m.s.y
    May.11.2015

အရှင်သာသန(လယ်တီသွေး)

အကယ်၍...
တစ်စုံတစ်ယောက်က
" ဘဝမှာအကြောက်ဆုံးအရာဟာ ဘာလဲ ?  "  လို့ 
မေးလာခဲ့မယ်ဆိုရင်...
                                     
"  လူလို့ အမည်ခံပြီး
လူသားမဆန်တဲ့အလုပ်မျိုး
လုပ်မိမှာကို အကြောက်ဆုံးပဲ     "   လို့ 
ဖြေမိမှာအမှန်ပဲ...။

လူသားမှန်လျှင်...
လူသားဆန်သင့်သည်
မဟုတ်ပါလား? ...။                         

အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
   May.7.2015

အရှင်နန္ဒာစာရ (ထားဝယ်)

ပြိုင်၍မကောင်းသောအရာ
*******************

ဆေးဆရာသည် လူမမာနှင့်ပြိုင်၍
အသက်မထွက်ကောင်း။

လူကောင်းသည် အရူးနှင့်ပြိုင်၍
အဝတ်မလှစ်ကောင်း။

သူတော်ကောင်းသည် မသူတော်နှင့်
ပြိုင်၍ ဒေါသမထွက်ကောင်း။

ဒေါသကို ထိန်းနိုင်လေ အကျိုးရှိလေ
ပါပဲ။အကုသိုလ်ဖြစ်တဲ့ ဒေါသရဲ့
နောက်ဆက်တွဲဟာလည်း မကောင်း
ကျိုးပဲပေးလာမှာပါ။

ဒေါသော အတ္ထံ  နဇာနာတိ ဟုမြတ်ဗုဒ္ဓ
ဟောတော်မူတဲ့အတိုင်း ဒေါသဆိုတဲ့
အမှောင်ထဲကို ရောက်သွားတဲ့သူဟာ
အကောင်းဆိုး အကြောင်းကျိုးကို
မသိတော့လို့ပါပဲ။

အရှင်နန္ဒာစာရ

အမှန်တရား
********

အမှန်တရားဆိုတာ
ကိုယ်တစ်ယောက်တည်းအတွက်
မှန်နေဖို့မလိုပါဘူး
အများတွက်လည်း
မှန်နေဖို့လိုပါတယ်။

အရှင်နန္ဒာစာရ(ထားဝယ်)

အမှားကြာတော့ အမှန်ဖြစ်
*******************

အမှားတစ်ခုကို လက်ခံမိတဲ့အခါ

ကြာလာရင် အဲဒီအမှားကို

အမှန်လို့ထင်သွားတတ်တယ်။

ဒါကြောင့် မိမိအမှားကို

အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ။

မပြောင်းလဲတဲ့အရောင်(အရှင်နန္ဒာစာရ-ထားဝယ်)

မပြောင်းလဲတဲ့အရောင်
****************

ပတ္တမြားဟာ နွံနစ်နေပေမဲ့

အရောင်မပြောင်းလဲသလို

မြင့်မြတ်ဖြူစင်တဲ့ စိတ်ထားရှိသောသူ

ဟာလည်း ဘယ်လိုဘဝ ဘယ်လို

အခြေနေပဲရောက်ရောက်

အရောင်ပြောင်းမသွားပါဘူး။

အရှင်နန္ဒာစာရ(ထားဝယ်)

အနှိုင်းမဲ့ မေတ္တာပိုင်ရှင်
**************

ဝဓကေ ဒေဝဒတ္တမှိ
စောရေ အင်္ဂုလိမာလကေ
ဓနပါလေ ရာဟုလေစ
သဗ္ဗတ္ထ သမမာနသော။
         (ဓမ္မပဒ ပ-အုပ် စာမျက်နှာ ၉၄)

ငါဘုရားကိုသတ်သော ဒေဝဒတ်ရယ်
တောပုန်းဓားပြ အင်္ဂုလိမာလရယ်
ငါဘုရားကိုဝှေ့သတ်မည်ပြုတဲ့
နာဠာဂိရိဆင်ရယ်
ငါ့ရဲ့ရင်နစ်သည်းချာ သားတော်ရာဟု
လာရယ် အားလုံးသောသူတို့အပေါ်မှာ
ငါ့ရဲ့မေတ္တာစိတ်ဟာ တန်းတူညီတူပါပဲ
မခွဲခြားပါဘူးတဲ့။

သာမန်လူတွေ မေတ္တာမထားနိုင်တဲ့
မိမိကိုသေကြောင်းကြံတဲ့ ရန်သူနှင့် မိမိရဲ့ရင်နစ်သည်းချာသားတော်လေး
နှင့်တန်းတူထားတဲ့ ဘုရားရှင်ရဲ့
မေတ္တာ စိတ်ဟာ အနှိုင်းမဲ့ပါပဲနော်။


Fbဆော့ဝဲ

http://m.mobogenie.com/sharedetail/app.htm?id=4057620&site=GL

Monday, June 1, 2015

သြော်---အားလုံးဟာ နိဂုံးတွေပါပဲလား(အရှင်နန္ဒာစာရ-ထားဝယ်)

.

သြော်---အားလုံးဟာ နိဂုံးတွေပါပဲလား
**************************

မွေးဖွါးလာရခြင်းဟာလည်း သေခြင်း
တရားမှာပဲ အဆုံးသတ်ရပါတယ်။

ပျိုလာရခြင်း ဟာလည်း  အိုခြင်းတရား
မှာပဲ အဆုံးသတ်ရပါတယ်။

တွေ့ဆုံရခြင်းဟာလည်း ခွဲခွါခြင်းမှာပဲ
အဆုံးသတ်ရပါတယ်။

ပျော်ရွှင်ကြည်နူးခဲ့ဖူးတဲ့သူဟာလည်း
တစ်နေ့ဝမ်းနည်းရအုံးမှာပါ။

မြန်မာU20

မြန်မာကိုကမ္ဘာကသိစေပြီ
မြန်မာU20