"အပေး အယူ"
အပေး အယူဆိုသည်မှာ
မိမိလိုချင်သောအရာကို အရင်ပေးပြီး မျှော်လင့်မထားတဲ့ ကိုယ်ချင်းစာတရား
ဦးစီးပြီး ပေးကမ်းမှသာ မိမိ လိုချင်သောအရာကို ပြန်လည်ရရှိမည်ဖြစ်သည်။
မိမိလိုချင်တာကို အရင်ယူပြီးမှ ပေးမည်ဆိုလျှင် မငြိမ်းသောစိတ်ဖြစ်ပြီး
ကျန်သူတစ်ဘက်လဲ စိတ်ချမ်းသာကြည်ဖြူစွာ ပေးလိမ့်မည်မဟုတ်ပေ။မနိုင်လို့သာ အားလျှော့မာန်ချပြီး ပေးလိုက်တာသာဖြစ်ပြီး အားကြီးချိန်တွင် ပြန်လည် အနိုင်ယူပြန်လည်းသိမ်းပိုက်ခြင်း ပြုလုပ်မည် မှာ မြေကြီးလက်ခတ်လွဲနိုင်သေးတယ်။ထိုသူပြန်အနိုင်ယူမည်မှာ မလွဲပေ။
မေတ္တာရှေ့ထားပြီး ပေးကမ်းကူညီ ပြုလုပ်မှသာ ရရှိလာသော အရာသည် မစိုးရိမ်ရဘဲ စိတ်အေးချမ်းစွာနဲ့ ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။
စာအုပ်တစ်အုပ်ထဲ ဖတ်ရဘူးသည်မှာ
ဘုရားသခင်က ငရဲဘုံနဲ့ နတ်ဘုံကို အတူတူ ဖန်ဆင်းထားခဲ့တယ်။နတ်ဘုံရှိသူတွေက
ပျော်ရွှင်စွာ စားသောက်ကြရပြီး။ငရဲဘုံရှိ သူများမှာ ငတ်ပြတ်ပြီး
ပိန်ချုံ့နေကြရသည်။ဖြစ်ပုံက ငရဲဘုံသားတွေကလဲ ဟင်းထမင်းစားဖွယ်တွေ
အပြည့်အလျှံထားရှိပေးတယ်။ဒါပေမဲ့ ခြောက်ပေလောက်ရှိတဲ့ဇွန်တွေကို လက်မှာ ချည်နှောင်ပေးထားတယ်။ငရဲဘုံသားတွေက မိမိကိုယ်မိမိစားရဖို့ပဲ ကြိုးစားကြတော့ ပါးစပ်ပေါက်နဲ့ဇွန် လွဲပြီးမစားရမသောက်ရနဲ့ ပင်ပန်းကြပြီ။အတိဒုက္ခရောက်ကြရတယ်။နတ်ဘုံရှိ
နတ်ဘုံသားတွေကတော့ ကိုယ်ခြင်းစာစိတ်နဲ့ ငါဆာသလို
သူများဆာနေမလား။ငါဘာသာစားရင်လဲ အဆင်မပြေတော့ ကိုယ့်ရှေ့ရှိတဲ့သူကိုပဲ
ကျွေးလိုက်တာမှ သူစားရလို့ ငါဆာသလို သူမဆာတော့ဘူးဖြစ်မယ်။အဲတော့
ရှေ့ကလူကိုခွန့်ကျွေးလိုက်တယ်။ရှေ့က
လူက မိမိကိုယ်ခွန့်ကျွေးတာ စားရတော့ အော် ငါသာသူခွန့်ကျွေးနေတာ
သူလဲဆာနေမှာပဲဆိုတဲ့ စိတ်နဲ့ အပြန်အလှန် ကိုယ်ခြင်းစာစိတ်တွေ
ခွန့်ကျွေးကြတော့ အကုန်လုံး ချမ်းသာသုခနဲ့ပြည့်စုံကြတယ်။
ဒီပုံဝတ္ထုကို
ဖတ်မိတော့ အပေးအယူဆိုတာ ပြန်စဉ်းစားကြည့်မိတော့ သြော်
အပေးကအရင်လာပြီနောက်မှ အယူက လာတာဆိုတာတွေးမိပြီး လူတိုင်း အပေးအယူဆိုတဲ့
စကားလုံးလေးကို နားလည်လို့ ပတ်ဝန်းကျင်မှာ အဆင်ပြေကြပါစေ ဆန္ဒနဲ့
မရေးတတ်ရေးတတ် အတွေး တစ်ချက် တင်ပြမိလိုက်ပါတယ်။
သိင်္ဂါလှိုင်(လွမ်းလမင်း) —