Friday, January 4, 2013

စိတ်ထားဖြူစင်လူရာဝင်

စိတ်ထားဖြူစင်လူရာဝင်
 ဖြူစင်စိတ်ထား  ၊ ရှိသူများစွာ  
လောက အလယ်  ၊ ပွဲလည်တင့်လို့
မြင်ရသူမျှ  ၊  ကြည်နူးရအောင်
ရင်မှာအေးချမ်း ၊မေတ္တာပန်းဖြင့်
ချစ်မြဲကြည်ဖြူ ၊ အလေးမူသည် ။
ဖြူစင်စိတ်ထား ၊ရှိသူများစွာ
ဘ၀တစ်ခန်း ၊ခရီးလမ်းလည်း
ရည်မှန်းပန်းတိုင် ၊ စိုက်စိုက်အောင်သို့
မမောပန်းရ ၊ရလေစွ ။
ဖြူစင်စိတ်ထား ၊ရှိသူများစွာ  
ဖြစ်ရာဘ၀ ၊သံသရာလည်း
လှပရုပ်ဆင်း ၊ ကြည်လင်ခြင်းနှင့်
ကောင်းရာသုဂတိရလေ၏ ။
ဖြူစင်စိတ်ထား ၊ရှိသူများစွာ
ကြည်ညိုလေးစား ၊ ရှိသူများနဲ့
စောင်မကြည့်ရှု ၊စောင့်ရှောက်သူလည်း
သူများနှင့်မတူ ၊လွန်ထူးများ၏ ။
ကုမုဒြာအရှင် ခံစားချက်


No comments:

Post a Comment