Sunday, February 24, 2013
Saturday, February 23, 2013
..... ပြိုင်ဘက်.....(ဇိုး)
..... ပြိုင်ဘက်.....
ပြိုင်ဘက်.... ဆိုတဲ့ ဝေါဟာရသည်...ကျွန်ုပ်တို့  လူသားမျိုးနွယ်စုရဲ့ ရင်ထဲသို့ 
ှ ကင်ဆာလို အမြစ်တွယ်နေတာကြာပြီ....
များသောအားဖြင့်.... လူတစ်ယောက်ရဲ့ ဘ၀မှာ ပြိုင်ဘက်ဆိုတာ...ရှိကြမှာ မလွဲဧကန်ပင်ဖြစ်သည်....
တစ်ချို့ ဆိုရင် ငယ်စဉ်အခါက ပညာပြိုင်ဘက်
အပျိုအရွယ် /လူပျိုအရွယ်လေးတွေရောက်လာတော့ ..... ရည်းစားပြိုင်ဘက်...
ဒီထက်အသက်ကလေးကြီးလာတော့ ..စိင်္းပွားပြိုင်ဘက် စသည်ဖြင့်
ယှဉ်ပြိုင်နေကြတာကို .....ကျွန်ုပ်တွေ့ ဖူးသည်.....
ထိုပြိုင်ဘက်တွေကြောင့်...မိမိရဲ့ဘ၀ မြင့်တက်လာဖို့  တွန်းအားတစ်ရပ် ဖြစ်နိုင်သလို
ထိုပြိုင်ဘက် တွေကြောင့်ပဲ....မိမိရဲ့ဘ၀ဟာ ဟိုး...အောက်ဆုံး သုညအထိ ရောက်သွားနိုင်သည်..
လူတို့ သည်......ပြိုင်ဘက်ဟူသော စကားလုံးကို
မိမိရဲ့ အတ္တ နဲ့  မာန ကိုရှေ့ တန်း တင်တတ်တဲ့ သူတွေအတွက်....
သီးသန့် ထုတ်လုပ်ထားတဲ့ ထွက်ကုန်ပစ္စည်းတစ်ခု ဟု ယူဆ ထားကြသည်.....
စင်စစ်သော်ကား.....ယင်းကဲ့သို့  အတ္တ မာနတွေနဲ့  အရင်းခံထားတဲ့ ပြိုင်ဘက်ဟူသည်...
မိမိရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်ကို အရောင်ဆိုးဖို့ ကြိုးစားနေတဲ့ ပြိုင်ဘက်အတုသာဖြစ်သည်....
ဤသို့ ဆိုလိုက်လျှင်....ပြိုင်ဘက်အစစ်ဆိုတာ...
ဘယ်လိုဟာမျိုးပါလည်းဟု.....မေးဖွယ်ရှိသည်.......
ကျွှန်ုပ်ဖြေဆိုပါအံ့...............
တကယ့်ပြိုင်ဘက် အစစ်ဆိုသည်မှာ.....
မိမိကိုယ်ကိုယ် မိမိယဉ်ပြိုင်ခြင်းပင်ဖြစ်၏.........
ဥပမာ............
လူတစ်ယောက်ဟာ...ဒီနေ့ အဖို့  မိမိ ဘ၀အတွက်အကျိုးရှိစေမဲ့
အလုပ်ကို (၅း၀၀) နာရီခန့်  လုပ်လိုက်တယ်ဆိုကြပါစို့ 
နောက်နေ့ မှာထို့ထက် နာရီဝက် (သို့ ) တစ်နာရီခန့် ပိုလုပ်ခြင်းဖြင့်
မိမိကိုယ်ကိုယ် မိမိ အလဲထိုးယဉ်ပြိုင်ရမှာဖြစ်သည်.......
ထိုကဲ့သို့ ယဉ်ပြိုင်ခြင်းကြောင့် မိမိဘ၀တက်လမ်းအတွက် အဟန့်အတားဖြစ်စေမဲ့
မလိုလားအပ်သော မုန်းတီးမှုတွေလဲ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေ
ကျွန်ုပ်ပြောတာကို မယုံပါနဲ့ အုံး ဘော်ဘော်တို့ကိုယ်တိုင် လက်တွေ့ ကျင့်သုံးကြည့်ပါ....
သေချာတာတစ်ခုကတော့.....
ဒီနည်းကို အမှန်တကယ်ကျင့်သုံးနိုင်တဲ့တစ်နေ့ မှာ
ဘော်ဘော်တို့ ဟာ
လောကလူသားတွေရဲ့ အလယ်မှာ အောင်မြင်တဲ့
သူတစ်ယောက်အဖြစ်လက်မထောင်နိုင် မှာ အမှန်ပင်
ဖြစ်ကြောင်းပါ.........။
ကျွနု်ပ် ဘော်ဘော်များရဲ့ဘ၀မှာ
ပြိုင်ဘက်...အစစ်အမှန်ဖြစ်တဲ့ မိမိ ကိုယ်ကိုယ်မိမိ ယဉ်ပြိုင်ခြင်းဖြင့်သာ
ဘ၀ ရဲ့အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ 
ဆန္ဒပြုလျှက်..................
..
ဇိုး
(ပိုက်ဆံတစ်သောင်းတန်မြို့တော်)
Wednesday, February 20, 2013
စောနေသွေး
သူ
..........
သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်
သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး
အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ
မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ
အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ
အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ
သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ
............
သူဆိုသော စကားကို ရိုင်းပြတယ်တော့ မထင်စေချင်ဘူးနော် ကဗျာချစ်သူ
သူဆိုသောနာမ်စား နေရာမှာ ကျွန်ုပ်တို့ အားကိုးရာ မြတ်ဗုဒ္ဓကိုရည်ပါသည်
အမှားပါလျှင် ငစောတစ်ယောက်သာခံယူပေမှာပါ
ကြိုးစားလျှက် စောနေသွေး
..........
သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်
သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး
အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ
မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ
အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ
အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ
သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ
............
သူဆိုသော စကားကို ရိုင်းပြတယ်တော့ မထင်စေချင်ဘူးနော် ကဗျာချစ်သူ
သူဆိုသောနာမ်စား နေရာမှာ ကျွန်ုပ်တို့ အားကိုးရာ မြတ်ဗုဒ္ဓကိုရည်ပါသည်
အမှားပါလျှင် ငစောတစ်ယောက်သာခံယူပေမှာပါ
ကြိုးစားလျှက် စောနေသွေး
Monday, February 18, 2013
"ပူပူနွေးနွေး မုဒိမ်းမှုလေးပါ"( နောက်ဆက်တွဲ)

လူယုတ်မာ
ကျောင်းသူမလေး မသီတာဦးကို မုဒိမ်းကျင့်တဲ့ မုဒိမ်းကောင်နာမည်က ဖာသွတ်(ခ) ခင်ထွန်းပါ။ 15.9.1993 မှာ မွေးဖွားလို့ အသက်နှစ်ဆယ်အရွယ်ရှိပါပြီ။ သာကေတမြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ မနောဟရအောက်လမ်းမှာနေပါတယ်။ သူမိခင်က ဒေါ်သန်းညွန့်ပါ။
ကျောင်းသူမလေးနှင့် တစ်ရပ်တည်းသားဖြစ်ပြီး၊ အိမ် သုံးအိမ်သာခြားပါတယ်။ အခု သာကေတ အမှတ်(၂)ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ကျောင်းသူမလေးအမေက ဒေါ်တင်လှဖြစ်ပြီး၊ အဒေါ်က ဒေါ်မွှေးပါ။
ပေးထားတဲ့ဖုန်းနံပါတ်တွေလည်း ဆက်ကြည့်နိုင်ပါတယ်နော်။ အင်မဟုတ်ပါဘူး။
ကျောင်းသူမလေးရဲ့အဒေါ်ဖြစ်သူ ဒေါ်မွှေးမွှေးရဲ့ ခံစားချက်ကိုလည်း ရှုစားကြည့်စေချင်ပါတယ်နော်။ ဒါလောက် ခိုင်မာတာကိုမှ ကျားကျားမီးယပ်လုပ်နေရင်လည်း သမားတော်ရဲ့ သဘောပါဗျာ။
(ကျောင်းမှာ ကွန်နက်ရှင်ကျနေလို့ ဆိုင်သွားတင်ခိုင်းမိသည့်အတွက် ချွတ်ချော်တိမ်းပါးမှု ရှိခဲ့တာတွေကို ထောက်ပြကြတဲ့ အွန်လိုင်း ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ )
ဆက်သွယ်ရန်....09.21007251
09.420108372
သာကေတ အမှတ် (၂) ရဲစခန်း၊ 01-547253
အုပ်ချုပ်ရေးမှူး၊ 01-556814
01-552868
ကျွန်မလုပ်ချင်တာကတော့ ကျွန်မတို့ရပ်မှာ ပြောတတ်ဆိုတတ်တဲ့သူက မရှိတော့ ကျွန်မက ထိထိမိမိလုပ်ချင်တယ်။ ထိထိမိမိလည်း ဖြစ်ချင်တယ်။ ကျွန်မအမျိုးသားရော ကျွန်မရောပဲ။ ကျွန်မတို့တူမ လို့သာပြောတာ အဖေမရှိတော့ သူကငယ်ငယ်ကတည်းက ကျွန်မတို့အိမ်မှာ ကြီးပြင်းလာတာ၊ ခေါ်ထားရတာ၊ ကျွန်မတို့သမီးအရင်းလိုပါပဲ။ ထိထိမိမိကို ဖြစ်စေချင်တယ်။ သူတို့ဘက်ကလည်း လာညှိပါတယ်။ ဘယ်လိုညှိလည်းဆိုတော့ ယူဖို့အထိကို လာညှိတယ်။ ကျွန်မကလည်း ယူဖို့ထိလာညှိရအောင် ဘာသာတူလား...မေးလိုက်တယ်။ ဒါလည်းကျွန်မက စာအုပ်လေးတွေ ဖတ်ထားလို့ ကျွန်မသိတာကို ပြောပြလိုက်တဲ့အခါကျတော့ သူတို့ဘက်က ကျွန်မကို သိပ်ပြီးတော့မပြောရဲဘူး။ ဒီကလေးမကို ပေးစားမယ်။ ဒီကောင်လေးကို တစ်နေရာရာပို့ထားပြီးတော့ ကလေးမလေးကို သူတို့ခေါ်ထားမယ်ပေါ့။ ပစ္စည်းဘာညာအကုန်လုံး ဆင်ပေးမယ်ပေါ့။ အဲလိုမက်လုံးပေး မြှူဆွယ်ပြီး ဒီကလေးမကို ဘုရားစင်ပေါ်တင်ထားမယ်ပေါ့။ ကျွန်မကလည်း "ဘုရားစင်ပေါ်တင်ပြီး ဖူးဖူးမှုတ်ထားရအောင် ဘုရားစင်ရော ရှိလို့လား"လို့ မေးလိုက်တယ်လေ။ ဒါဟာ သူတို့ရဲ့မယူခင်ပြောတဲ့စ ကား။ ယူပြီးရင် ဘယ်လိုထားမလဲဆိုတာကို အဲဒီစာအုပ် (ကိုယ့်တော့်ကရုဏာ)ကို အမကိုဝယ်ပေးမယ်လို့ ကျွန်မပြောလိုက်တယ်။ အဲဒီလာညှိတဲ့သူက မြန်မာပါ။ သူတို့ထောင်ကျမှာစိုးလို့ ယူမယ်။ ယူပြီးရင် သူတို့ဘယ်လိုထားထား ထားလို့ရပြီ ပုံစံမျိုးလုပ်တာ။ ဒါကို ကျွန်မတို့နားလည်တယ်လေ။ ဗဟုသုတ နည်းနည်းပါးပါးရှိတဲ့အခါကျတော့ မဖြစ်ဘူးလေ။ ဒါဟာလုံးဝ မဖြစ်နိုင်ဘူးလေ။ ညတုန်းကလည်း ဘယ်လိုလာပြောလဲ ဆိုတော့ ကျေနပ်ပေးပါတဲ့။ ခြေအစုံဖက် တောင်းပန်ပါ့မယ်တဲ့။ အဲလိုဆိုရင် ရှင်တို့သားသမီးတွေကို အဲလိုလုပ်ပြီးမှ ခြေသလုံးဖက်တောင်းပန်မယ် ဖြစ်မလားလို့..။
သမီးလည်းဆုံး၊ မြေလည်းရှုံးရသည့် မိဘနှစ်ပါးသောက
မိသားစုဓာတ်ပုံကိုကြည့်လိုက်ပါ။ ရွှေမြန်မာစစ်စစ်တွေပါ။ မိဘနှစ်ပါးက ဆားတောင်မြို့နယ် ဇာတိဖွားတွေပါ။ လက်ရှိတော့ မဟာမြိုင် အပိုင်း (၁) ဒ-၉/၄၂။ ကန်ပတ်လည်ကျောင်းတောင်းဘက်မှာ နေပါတယ်။ ဦးအောင်သန်း ဒေါ်ခင်မြင့်သန်း လို့ခေါ်ပါတယ်။
သမီးဖြစ်သူက ဇင်မာအောင် (၂၃)နှစ် (တရုတ်၊ အင်္ဂလိပ်၊ ကွန်ပျူတာ သုံးဘာသာ) ကျွမ်းကျင်သူ ဘွဲ့ရ ပညာတတ်တစ်ယောက်ပါ။ ပုံပါအတိုင်း မိဘနှစ်ပါးက တစ်ဦးတည်းသော သမီးလေးအတွက် ဂုဏ်ယူဝင့်ကြွားနေတာပေါ့။
ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်သည် ကလေးများဖခင် မူဆလင်ကုလား (၄၁)နှစ်နဲ့ ပတ်သက်နေလို့ မိဘနှစ်ပါးက သတိပေးထားခဲ့ပါတယ်။ မိဘနှစ်ပါးကို အလိမ္မာသုံးပြီး ဟန်ဆောင်ပြတ်စဲ သယောင်လုပ်ကာ အလစ်မှာ ခိုးရာလိုက်ပြေး ပါတော့တယ်။
ခိုးရာလိုက်သွားတာက ပြဿနာမဟုတ်ဘူးလို့ပဲ ယူဆသူတွေ ယူဆကြပါစေဦး။ မြေအရောင်း အဝယ်စာချုပ်ကိုပါ သမီးဖြစ်သူက ယူသွားတာပါ။ ယူပြီး သူ့နာမည်ပြောင်းပစ်လိုက်ပါတယ်။ မိဘနှစ်ပါးကို တရားစွဲလိုက်ပါတယ်။ ခရိုင်ရုံးမှာ စတင်စစ်ဆေးတာပါ။ ရပ်ကွက်လူကြီးကလည်း မိဘနှစ်ပါး စာချုပ်မှာ သက်သေလက်မှတ် ထိုးခဲ့ကြောင်း ထွက်ဆိုပေးပါတယ်။ မြေရောင်းသူကလည်း မိဘနှစ်ပါးကိုသာ ရောင်းခဲ့ကြောင်း သက်သေထူခဲ့ပါတယ်။
မဇင်မာအောင်က တရားစွဲတဲ့နေ့ တစ်ရက်တည်းပဲ ရုံးတက်ပြီး၊ ကျန်ရုံးချိန်းတွေမှာ ကုလားနဲ့ အပေါင်းပါ ကုလားအုပ်တွေပဲတက်ပါတယ်။
မိဘနှစ်ပါးက ရှေ့နေမငှားနိုင်ပါဘူး။ အဲ့ဒီတော့ ခရိုင်တရားရုံးမှာ မိဘနှစ်ပါး အမှုရှုံးသွားတာပေါ့။
သမီးလည်းဆုံး၊ မြေလည်းရှုံးခဲ့ရတဲ့ မိဘနှစ်ပါးခမျာ ခုချိန်ထိ ချစ်သမီးလေးမျက်နှာကို မြင်ခွင့်မရတော့ ပါဘူး။ ဘယ်မှာနေတယ်၊ ဘယ်လိုနေတယ်ဆိုတာကိုတောင် သိခွင့်မရလို့ တမ်းတမ်းတတ ဖြစ်နေရှာပါတယ်။ သမီးလေးကလည်း မွေးရကျိုး နပ်လောက်အောင် ကျေးဇူးလည်းသိ၊ လိမ္မာရေးခြားလည်းရှိခဲ့တာကိုး ….။
ဝိညာဉ်မဲ့ဘိ၊ စိတ်ရှိသတ္တဝါ၊ မဟုတ်စွာသေး၊ တမာဂွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဖက်၍ သရက်ချိုမြ၊ ဗန္တရလည်း၊ ကွယ်ပအပြီး၊ အခါးသီး၏။ မနီးစကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီဲးနှော၊ ဖျက်တတ်သောကြောင့်၊ သဘောမကြည၊် ဆိပ်မျိုးရည်နှင့်၊ မြားကျည်ငါးပုပ်ပမာတည်း။
(ဒဓိဝါဟနဇာတ်) (မဃဒေဝ- ၂၃၇)
(ကုလားဘယ်သူဆိုတာ၊ ဘယ်လိုအမှုဆင်ကြတယ်ဆိုတာ၊ ဘယ်လိုထွက်ဆိုကြတယ်ဆိုတာတွေ တင်ပေးပါမယ်။ အိမ်ဖယ်ပေးရတော့မယ့် မိဘနှစ်ပါးအနာဂတ်အတွက် တိုင်းတရားရုံးကိုအယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။)
အွန်လိုင်းပရိသတ်များ ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာ၍ သရက်ချိုကို မခါးအောင်ကာကွယ်နိုင်ကြပါစေ။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
3.2.2013
စုံစမ်းရန်- 09.2027028
Sunday, February 17, 2013
နီကိုရှိုင်း ၀ . သ
..... အချစ်စစ်နဲ့ အမေ......
လူ့လောက လူ့ဌာန
မာယာသဘ၀တွေ
ဆွဲဆောင်မှုရသတွေနဲ့
ပြည့်နက်နေတဲ့ ကမ္ဘာမြေကြီးထဲ
အပြုံးစစ်စစ် အမုန်းမဖက်
နှလုံးသွေးစစ်စစ်
အဖြူရောင်အသစ်တွေနဲ့
အချစ်မှန်တွေကိုပေးခဲ့တာက အမေပါ......
နွေးထွေးလှတဲ့ ချစ်သူ့ရင်ခွင်
မွေးပျံ့လှတဲ့ ပန်းလွင်ပြင် ...တဲ့
မာယာရနံ့တွေနဲ့ ဆင်မြန်းထား
အကြင်နာ အတုယောင်များနဲ့
တန်ဆာဆင်ထားတဲ့ ၁၅၀၀ အချစ်
ပူပြင်းလွန်းလှပါတယ်.......
တကယ်တော့.......
နွေးထွေးတာက အမေ့ရင်ခွင်
မွေးပျံ့တာက အမေ့ချွှေးနံ့
ရနံ့သင်းပျံ့လွန်းလှပါတယ်
အစစ်မှန်တွေနဲ့
တန်ဆာဆင်ထားတဲ့
အမုန်းမရှိတဲ့
အမေ့ရဲ့ အနန္တချစ်မေတ္တာ
တစ်သက်တာ မေ့လို့ရင်မည်မထင်ပါဘူး.....
အေးမြလှတဲ့ ရင်ခွင်ထဲ
ခေါင်းဝှေ့ကာ တိုးဝင်ကြည့်
အမုန်းမရှိတဲ့ မြို့တော်
အမေ့ရဲ့.....
သားအတွက် အချစ်မေတ္တာ မြို့တော်ပါ.........
နီကိုရှိုင်း ၀ . သ
လူ့လောက လူ့ဌာန
မာယာသဘ၀တွေ
ဆွဲဆောင်မှုရသတွေနဲ့
ပြည့်နက်နေတဲ့ ကမ္ဘာမြေကြီးထဲ
အပြုံးစစ်စစ် အမုန်းမဖက်
နှလုံးသွေးစစ်စစ်
အဖြူရောင်အသစ်တွေနဲ့
အချစ်မှန်တွေကိုပေးခဲ့တာက အမေပါ......
နွေးထွေးလှတဲ့ ချစ်သူ့ရင်ခွင်
မွေးပျံ့လှတဲ့ ပန်းလွင်ပြင် ...တဲ့
မာယာရနံ့တွေနဲ့ ဆင်မြန်းထား
အကြင်နာ အတုယောင်များနဲ့
တန်ဆာဆင်ထားတဲ့ ၁၅၀၀ အချစ်
ပူပြင်းလွန်းလှပါတယ်.......
တကယ်တော့.......
နွေးထွေးတာက အမေ့ရင်ခွင်
မွေးပျံ့တာက အမေ့ချွှေးနံ့
ရနံ့သင်းပျံ့လွန်းလှပါတယ်
အစစ်မှန်တွေနဲ့
တန်ဆာဆင်ထားတဲ့
အမုန်းမရှိတဲ့
အမေ့ရဲ့ အနန္တချစ်မေတ္တာ
တစ်သက်တာ မေ့လို့ရင်မည်မထင်ပါဘူး.....
အေးမြလှတဲ့ ရင်ခွင်ထဲ
ခေါင်းဝှေ့ကာ တိုးဝင်ကြည့်
အမုန်းမရှိတဲ့ မြို့တော်
အမေ့ရဲ့.....
သားအတွက် အချစ်မေတ္တာ မြို့တော်ပါ.........
နီကိုရှိုင်း ၀ . သ
Thursday, February 14, 2013
Subscribe to:
Comments (Atom)





















