"ပစ္စည်းများလေလေ ဆင်းရဲလေလေ"
◇◇◇◇◇◇◇◇◇◇◇◇
အင်္ဂါရကာကူပမာ ကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ မီးကျီးတွင်းနဲ့
တူပါတယ်....။
အပေါ်ယံမှာ ပြာတွေဖုံးနေတဲ့မီးကျီးတွင်းဟာ
အခိုးအလျှံ မီးတောက်တွေကို မမြင်ရတော့
မီးလို့ပင် မထင်နိုင်ပါ.....။
မီးဆိုတဲ့ အမှတ်သညာမရှိတဲ့အတွက်
မီးကျီးတွင်းထဲကို သက်ဆင်းတဲ့သူကို
မီးတောက် မီးလျှံထက်ပင် လောင်ကျွမ်း
ပူပန်စေပါတယ်....။
လောကီအာရုံကာမဂုဏ်တွေဟာလည်း
မီးတောက် မီးလျှံထက်ပင် ပူလောင်ပါတယ်။
အသက်သေဆုံးခြင်းအထိ ရောက်နိုင်ပါတယ်...။
အဲဒီအတူပဲ လောကီအာရုံကာမဂုဏ်တွေ
ဖြစ်ကြတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အထိအတွေ့တွေသာ အပြင်ပန်းကတော့
သာယာဖွယ်ယောင်ယောင် ဖြစ်နေကြတယ်။
ပူလောင်တယ်လို့ပင် မထင်ကြပါဘူး...။
အဲဒီကာမဂုဏ်တွေကို သာယာတပ်မက်
သိမ်းပိုက်မိမယ်ဆိုရင်တော့ မီးကျီးတွင်းထဲကို သက်ဆင်းကျရောက်တဲ့အခါမှာ
ပူလောင်တဲ့ ဆင်းရဲဒုက္ခကို ပြင်းထန်စွာ
ခံစားရသကဲ့သို့ "မီးကျီးထုထူထဲလေလေ
ပူလောင်လေလေ" ဝတ္ထုကာမတွေက
မီးကျီးထုနဲ့တူတဲ့အတွက် 'ဝတ္ထုကာမများလေလေ ပူလောင်လေလေ' ပစ္စည်းနည်းနည်းရှိတော့ နည်းနည်းပူရတယ်...။
ပစ္စည်းများများရှိတော့ များများပူရပါတယ်။
ဒါပေမယ့် လောကလူသားအားလုံးဟာ
ပူလောင်မှန်းမသိကြတော့ 'ပစ္စည်းများလေလေ ရှာဖွေလေလေပါပဲ....။
**************
<><>Ashin panna siri<><>

No comments:
Post a Comment