Tuesday, April 28, 2015

အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y April.2.2015

တရားအားထုတ်တဲ့ယောဂီဆိုတာ...
နိုင်ငံရေးသမားတွေ
ပါတီစွဲထားသလို
" ငါတို့ မိုးကုတ်နည်းကမှ ကောင်းတယ်
ငါတို့ မဟာစည်နည်းကမှ ကောင်းတယ်
ငါတို့  လယ်တီနည်းကမှ ကောင်းတယ် " စသည်ဖြင့်
မူဝါဒစွဲနေလို့ မဖြစ်ဘူး...။
တကယ်ဆိုရင်...
မိုးကုတ်နည်းလဲ ဘုရားဟော
မဟာစည်နည်းလဲ ဘုရားဟော
လယ်တီနည်းလဲ ဘုရားဟောပဲ
ယောဂီတို့ တရားအားထုတ်နေတဲ့
ပဋိစ္စသမုပ္ပါဒ်ထဲမှာလည်းပါသားပဲ
" ဥပါဒါန ပစ္စယာ ဘဝေါ "
( အစွဲအလန်းဟူသော အကြောင်းကြောင့်
ဘဝတွေဖြစ်နေရတာတဲ့ )
အစွဲအလန်းတွေထားနေသမျှတော့
ဘယ်လောက်ပဲ တရားအားထုတ်ထုတ်
" ဘဝသံသရာ " ကြီးထဲမှာ
ချားရဟတ်လို ချာချာလည်နေအုံးမှာပဲ ...။

မိမိကိုယ်ကို...
တရားအားထုတ်ပြီး
ရန်ဖြစ်တဲ့သူတစ်ယောက်
အဖြစ်မခံပါနဲ့ ...။

အရှင်သာသန(လယ်တီသွေး)
    ခေတ္တ...m.s.y
    April.2.2015

No comments:

Post a Comment