1
ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ
Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Thursday, February 26, 2015
အရှင်သာသန(လယ်တီသွေး)
ကျွန်ုပ်တို့ တိုင်းပြည်တွင် ...
သံဃာတော်အရှင်သူမြတ်များသည်
ရာဇဝင်တစ်လျှောက်လုံး
ကျွန်ုပ်တို့ လူမျိုးရှေ့ က
မားမားမတ်မတ်ရပ်ပြလျှက်
မြင့်မြတ်သောအမှုမျိုးကိုသာ ပြုခဲ့ကြပေသည်
ယခုခေတ်၌ပင် ကျေးရွာများတွင်
သံဃာတော်အရှင်မြတ်များ
ပညာသင်ပေးလျှက်ရှိသောကြောင့်
မြောက်များစွာသောအမျိုးသားတို့ သည်
စာပေတတ်မြောက်ကြပေ၏
အချုပ်မှာ...
သံဃာတော်အရှင်မြတ်များ၏
စေတနာ လုံ့ လ '  ကြောင့်
ကျွန်ုပ်တို့ ၏ ...
စိတ်ဓာတ်မြင့်မြတ်မှု
အသွင်းအပြင်ယဉ်ကျေးမှုသည်
အထူးသဖြင့်တိုးတက်ခဲ့လေသည်...။
    (ဗိုလ်ချုပ်အောင်ဆန်း)
အရှင်ပညာသိရီ(အလင်းရောင်)
ဦးဇင်းတို့ မြန်​မာပြည်သူပြည်​သားအားလုံးဟာ
သီ​ပေါမင်းနဲ့အတူ ပါ​တော်​မူခဲ့ရ​ပေမယ့်
ဗိုလ်​ချူပ်​​အောင်​ဆန်းနဲ့အတူ
ပြန်​လည်​​မွေးဖွားခဲ့ကြပြီး
ဗိုလ်​ချူပ်​​အောင်​ဆန်းနဲ့အတူ
ပြန်​လည်​​သေဆုံးခဲ့ကြရတယ်​..........။
            °°°°°°°°°°°°°°°°°°°°°°°
        <><>Ashin panna siri<><>
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.26.2015
သတင်းလား?
အတင်းလား?
အဖျင်းလား?
ကောလဟာလလား?             
နိုင်ငံရေးလှည့်ကွက်လား?
ဒီလားပေါင်းများစွာသောမေးခွန်းတွေကို
နေ့ စဉ်နဲ့ အမျှ အဖြေထုတ်နေရတဲ့ 
ယနေ့ ခေတ်ကြီးထဲမှာ
အရာရာကို...
လှေနံဓားထစ်သတ်မှတ်ပြီး
သူများလက်ခုပ်တီးတိုင်း
လိုက်ပြီးလက်ခုပ်တီးနေလို့ မဖြစ်သလို
မိမိရဲ့မြင်ကွင်းတွေကိုလည်း
ဘောင်ခတ်ထားလို့ မဖြစ်ဘူး     
ဒီကိစ္စဟာဖြစ်သင့်သလား?
မဖြစ်သင့်သလား?... စသည်ဖြင့်
မိမိရဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ 
ဆင်ခြင်သုံးသပ်နိုင်ပါမှ တော်ကာကျမယ်...။
အရှင်သာသန(လယ်တီသွေး)
       ခေတ္တ...m.s.y
       Feb.26.2015
Tuesday, February 24, 2015
အရှင်သီလာနန္ဒ(မန္တလေး)
#သမ္မတကြီးလည်း မယုံရ#
       ""ကျ န်ုပ်တို့နိုင်ငံမှာ တရားမျှ တတဲ့အထိ
အပြစ်ရှိသူတွေ အပြစ်ရအောင်
ကျွ န်တော့်မှာရှိတဲ့ အာဏာကို
အစွမ်းကုန်သုံးပြီး လုပ်ဆောင်သွားပါမယ်၊
အိမ်ဖြူ တော်မှာ ဘာကိုမှ ဖုံးကွယ်ထားမှုမျိုးတွေ
မရှိစေရဘူး""ဟု အမေရိကန် သမ္မတ
နစ်ဆင်က ပြောပါသည်။
          သို့သော် သူကိုယ်တိုင်က တရားမမျှတတဲ့သူ၊
အပြစ်ရှိတဲ့သူ၊ အပြစ်ပေးထိုက်တဲ့သူဖြစ်နေတယ်ဗျာ။
ဘာကြောင့်လည်းဆိုတော့ ဝါးတားဂိတ်-
အရှုတ်တော်ပုံကို သူကိုယ်တိုင်ပြု လုပ်ခဲ့လို့ပါဘဲ။
အဲ့ဒါကြောင့် သမ္မတကြီးလည်း မယုံရပါ။ ။
         ( သူငယ်ချ င်းများအကျ ယ်ကြည့်ချ င်ရင်
ဝါးတားဂိတ်အရှုတ်တော်ပုံစာအုပ်ကို ဖတ်ပါ။)
Sunday, February 22, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.23.2015
လောကမှာ...
ကုရာနတ္ထိ ဆေးမရှိလို့ 
နာမည်ကြီးနေတဲ့ 
အီဗိုလာဗိုင်းရပ်စ်နဲ့ 
အေအိုင်ဒီအက်စ်တို့ ထက်
ကုရခက်တဲ့ရောဂါနှစ်မျိုးပါရှိတယ်
အဲဒီနှစ်မျိုးကတော့...
၁။ မိမိကိုယ်ကိုအထင်ကြီးတဲ့ရောဂါနဲ့ 
၂။ တိုင်းတစ်ပါးကို အထင်ကြီးတဲ့ရောဂါတွေပါပဲ...။
   အရှင်သာသန(လယ်တီသွေး)
      ခေတ္တ...m.s.y
      Feb.23.2015
အရှင်ပညာသိရီ(အလင်းရောင်)
အိုဇုန်းလွှာပါးပါးကို ဖာထေးဖို့ထက်
လိုအပ်ချက်တွေ များပြားလှတဲ့
ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေကို
ကူညီတာက ဂျင်းတဲ(လ်)မန်းစစ်စစ်ပါပဲ...။
◇◇◇နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◇◇◇
       ☆Ashin panna siri☆
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.21.2015
** ဥယျောဇဉ် **
အို ...
စာသင်ပျိုနု
သောတုဇန
အရှင်ကောင်းတို့ 
ယခုဆိုရင်...
" စာမေးပွဲ "ဆိုသော စစ်ပွဲကြီးသည်
ကျွန်ုပ်တို့ နဲ့ ...
နီးသထက်နီးလာပြီ
အရေးကြုံလျှင်
သက်လုံကောင်းစေဖို့ 
ယနေ့ မှစ၍ ...
ကျွန်ုပ်တို့ ရဲ့ ...
ကံ' ဥာဏ် ' ဝီရိယ ဆိုတဲ့
လက်နက်ကောင်းတွေကို
အသင့်ပြင်ဆင်ထားကြပါစို့ ...။
အရှင်သာသန(လယ်တီသွေး)
    ခေတ္တ...m.s.y
    Feb.21.2015