1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, July 2, 2013

* ပျော်ရွှင်ပါစေ နေမင်းကြီး *(ကြယ်စင်ဖြူ-မန်းမြေ)

* ပျော်ရွှင်ပါစေ နေမင်းကြီး *

- နေမင်းကြီးကို......
ကျွန်တော် (၁)ကြိမ်း ပက်သက်ခွင့်ရခဲ့ပြီ။
- နောက်ထပ်ဘယ်နှစ်ကြိမ် ပက်သက်ခွင့်ရမလဲ...
ကျွန်တော်မသိ။
- အဲဒီ (၁) ကြိမ်ကိုပြန်ကြည့်ရင်
အဓိပာယ်မဲ့မှုတွေက အများကြီးပါလား
အဓိပယ် ရှိမှုကတော့ နည်းနည်းလေးပါ ။
- ဒါပေမယ့်လဲ ...
ပျော်ရွှင်ခြင်းတွေနဲ့ အတိုင်းမသိ ကျွန်တော်ပျော်ခဲ့ရတယ်
နောက်ထပ်....
- နေမင်းကြီးကို
အဓိပာယ်ပြည့်ဝစွာ ကျွန်တော်ထပ်ဆုံချင်သေးတယ်
- မျှော်လင့်ချက်နဲ့ အရာရာကို ဆက်ဆံတတ်တဲ့
အလေ့ကျင့်ဟောင်းကို
ကျွန်တော်ငြီးငွေ့ နေတတ်ပါပြီ ။
- ယုံကြည် ရာကိုလုပ်ခွင့် ရဖို့
တစ်ချို့ အရာတွေကို
ကျွန်တော် စွန့်ပစ်ခဲ့တယ် ၊ ပြောင်းလဲခဲ့တယ်
- အားလုံးပျော်ရွှင်ကြပါစေနော်..
နေမင်းကြီးကို အကြိမ်ကြိမ်ပက်သက်ခွင့်ရကြပါစေ။
မေတ္တာအင်အားဖြင့် သစ္စာလေး........

*နားလည်သင့်တယ် ထင်ပါတယ်*(ကြယ်စင်ဖြူ-မန်းမြေ)


*နားလည်သင့်တယ် ထင်ပါတယ်*

မပြတ်သားဝံ့တာ မဟုတ်ဘူး.....
တခါတလေ
နားလည်ပေးနိုင်မလားဆိုတဲ့ စိတ်နဲ့ မျှော်လင့်နေခဲ့မိတာပါ.....

ရင်မဆိုင်ချင်တာမဟုတ်ဘူး....
တခါတလေ
ကိုယ်ခြင်းစာ စိတ်လေးနဲ့ နောက်ဆုတ်နေခဲ့ မိတာပါ....

ကိုယ်ကကြီး ကောင်းပြနေတယ်လို့လည်းမမြင်မိပါဘူး...
ကိုယ်ကပဲ ပေးဆပ်နေတယ်လို့လည်း မခံယူထားပါဘူး....

ဒါပေမယ့်
ကိုယ်ပေးသလောက် အပြည့်အ၀ပြန်မရရင်တောင်
အသိအမှတ်ပြုတာလေးတော့ ခံချင်သေးတာပေါ့....
ကျေးဇူးတင်စကားလေး မပြောချင်ရင်နေပါ....
ကိုယ့်စေတနာကိုတော့ အသိမှတ်ပြုသင့်တာပေါ့....

မဟုတ်ရင်
ငါလည်း ခံစားချက်ရှိတဲ့ သူပဲလေ
နာကျင်ကြေကွဲတတ်တယ်ဆိုတာ ကိုသိထားသင့်တာပေါ့....
— met ကုမုဒြာတွေ ပွင့်တဲ့ည




"ပါရမီထိုက်သော ဒါန"(ကြယ်စင်ဲဖူ-မန်းမြေ)


" လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် "(ကြယ်စင်ဖြူ-မန်မြေ)


လူ့ဘဝမှာ လူရယ်လို့ဖြစ်လာခဲ့ရင်(ကြယ်စင်ဖြူ-မန်းမြေ)


လူ့ဘဝမှာ လူရယ်လို့ဖြစ်လာခဲ့ရင်
ဖြစ်လာသမျှအကောင်းအဆိုးကို ခံနေရရုံသက်သက်ပဲလား လို့ထင်ခဲ့မိတယ် ။။။။
ဘ၀ကပေးတဲ့ တာဝန်တွေ ၊ ၀တ္တရားတွေ ၊ စိတ်ညစ်မှု ၊ စိတ်ပင်ပန်းမှုတွေကို ခါးစီးခံရတယ်ဆိုရင် ....
တရားသဘောအရ ၀ဋ်ကြွေး ဆိုပေမယ့် ...

အဲဒီဝဋ်ကြွေးတွေဟာ မသေမချင်းဆပ်ရတော့မှာလားလို့ ....
ဒဏ်ရာတွေနဲ့သာ ပြည့်လို့နေခဲ့တယ်၊ နှလုံးသားထဲမှာ ဒဏ်ရာတွေပဲရှိနေခဲ့တယ်၊
တခါတရံ
လူတွေနဲ့ အဝေးဆုံးနေရာကို ပြေးထွက်ချင်မိတယ် ၊။ရင်ထဲမှာ အမြဲတမ်းမွန်းကြပ်မှုတွေပဲ ရှိခဲ့ ပေမယ့်
တခါတရံ
ကိုယ်တစ်ယောက်တည်းပဲ ကံဆိုးနေသလားလို့ တွေးနေခဲ့မိတယ် ။
သံယောဇဉ်အမျိုးမျိုးရဲ့ နှိပ်စက်မှုကို ခံရတယ် ၊ ခံနိုင်ရည်မရှိတော့ပါဘူး ....ဒီအသက်အရွယ်မှာတောင် ဒီလောက်ခံစားနေခဲ့ရရင် ..... နောင်ဆိုတာရော ရှိဦးမှာလား ...
တွေးနေရင်း ... စိတ်ပင်ပန်းရတာ အမှန်ပါပဲ၊
နောက်ဆုံးတော့ ဒီအခက် အခဲက လွတ်မြောက်နိုင်မယ့် ဆုလာဘ်ကတော့ နိဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ပါပဲ ....။။

၇င်ထဲမှာရော...အပြင်မှာရော တိတ်တိတ်လေးငိုနေခဲ့ရတဲ့ ရက်ပေါင်းတွေ မရေတွက်နိုင်တော့ပါဘူး ....
ငိုခဲ့ရတဲ့ရက်တွေကို သည်းခံခြင်းနဲ့ ဖြတ်ကျော်လာခဲ့တယ် ၊ ဇွဲနဲ့အလဲထိုးခဲ့တယ် ၊
ဒါပေမယ့် တခါတရံ ကျလာတဲ့ဝန်နဲ့ ခုခံနိုင်တဲ့ အင်အားက မမျှတခဲ့တဲ့ အတွက် ရှုံးနှိမ့်ခဲ့ရပါတယ် ။

ရင်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခု က
လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်ပေါ့...အဲဒီ ကြယ်ပွင့်လေးဟာ
လူသားတိုင်းကိုအလင်းရောင်ပေးနိုင်တဲ့သူပေါ့....။

ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးငယ်(ကြယ်စင်ဖြူ- မန်းမြေ)


“ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးငယ်" တွေရဲ့
ယဉ်ကျေးသိမ်မွေ့တဲ့ ၀တ်စားဆင်ယင်မှုနဲ့
အသွင်အပြင်ပါ။
နိုင်ငံတကာမှ သိရှိကြတာလည်း
မြန်မာစစ်ရင်၊ မြန်မာမှန်ရင် ယဉ်ကျေးတယ်၊
သိမ်မွေ့တယ်၊ ဖော်ရွေတယ်၊
ဘာသာတရားကိုင်းရှိုင်းကြတယ်လို့ပဲသိကြပါတယ်။ မြန်မာစစ်စစ်တို့ရဲ့ မွန်မြတ်မှန်ကန်တဲ့
မြန်မာ့စိတ်ရင်း အကောင်းအမှန်ကို
ဖော်ထုတ်နေထိုင်သွားကြရင်
မြန်မာဟာ ကမ္ဘာကလေးစားအတုယူဖွယ်
နိုင်ငံတစ်နိုင်ငံဖြစ်လာမှာ မုချပါပဲ။
သူငယ်ချင်းလေးတို့ ဂုဏ်ယူလိုက်ပါ

- ဗုဒ္ဓဘာသာလူငယ်များအသင်း ( မြန်မာပြည် )