1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 21, 2012

ပုံကလေး




ပန်းလှလေး


အလှပုံရှင်လေးများ,



လောကနီတိ အပိုင်း(၁)


 

                                               တန်ဖိုးရှိ လောကနိတီများ~ ..... 

                                           ~~~~~~~~~~~~~~  
(1) ပျင်းရိခြင်း၏ အကျိုးဆက်~

ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း ... အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း ...
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း ...
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း ...
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း .....

(2) ပညာသည်သာ အရေးကြီး~

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ ...
အတတ်ပညာကို ခိုးသူတို့ မယူနိုင်ကုန် ...
ဤလောက၌ အတတ်ပညာကား အဆွေခင်ပွန်း ဖြစ်၏ ...
တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏ ...


(3) နေရာတိုင်းမှာ သုခမိန်မရှိ~

တောင်တောင်ဟူသမျှ၌ ပတ္တမြားမရှိ ...
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ ...
တောတောဟူသမျှ၌ စန္ဒကူးမရှိ ...
အရပ်တိုင်းအရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ .....


(4) ဖြည်းဖြည်းပြုရမည့် အရာများ~

အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏ ...
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏ ...
တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏ ...
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏ ...
အမျက်ကို ဖြည်းဖြည်းထွက်ရာ၏ ...
ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏ .....

(5) မိမိဥစ္စာ မဟုတ်~

လောက၌ ပေတို့၌ရှိသော အတတ်ပညာသည်လည်းကောင်း ...
သူတစ်ပါး၏ လက်တို့၌ရှိသော ဥစ္စာသည်လည်းကောင်း ...
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်း အတတ်မမည် ...
သူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည် .....

Thursday, December 20, 2012

ကသာမြို့နယ်ကသတင်းလေး


ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ


ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂
၎နှစ်ရှိပြ
ီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊
အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို
လည်း ပေါင်သွားတယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊
နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”
ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့
ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်၊
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍
တွေ့ရှိသူများး၊တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်

၊(ဟာဂျူလီ-ကသာ)


http://www.facebook.com/zinnyinyithein တွင်ဖော်ပြသောသီတင်းကို မူရင်းအတိုင်းမျှဝေသည်။

ငါ့ကြောင့်မဟုတ်၊ သူ့ကြေင့်မဟုတ်

ငြိမ်းချမ်းရေးနှင့် ဘဝ

သမုဒယဝါဆိုမိုး

မို့မို့ဇော်ဝင်း - ချစ်အာရုံ

ငါးမည်ရ ပြည်ရွှေဘို

ကုမုဒြာတွေပွင့်တဲ့ည တရားတော် 1

ဧကရာဇ် မင်းကြီး၏ ဘ၀နိဂုံး 2

လူမိုက်တို့၏ သွားရာလမ်း 1

ဓာရဏပရိတ် - ကြာနီကန်ဆရာတော်

အောင်ခြင်းရှစ်ပါး

ပဌာန်း   ပါဠိတော် pathan pali chant in Myanmar

တ၇ား (playlist)

အမေ့ရုပ်ရည် - စိုင်းထီးဆိုင်

ကြာရွက်ထီးကလေးအောက်မှာ

မောင့်ဘ၀ဗေဒါ ပိုင်သက်ကျော်

ရင်ထဲမှာလည်း ဝါဆိုမိုး kz

ဘိုကလေးကသတင်းလေး

                      မြန်မာ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေသုံးသောင်း သုံးထောင်ဖြင့် တရုတ်ပြည်သို့ ပို့ဆောင် ရောင်းချနေသည့် လူကုန်ကူးသူဖမ်းဆီးရမိ

Saturday, 15 December 2012
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာနေ ဒေါ်လှရီ ၅၃ နှစ် (ဘ)ဦးလှတင်၏ သမီးဖြစ်သူ ကြူကြူမော် ၃၅ နှစ် (ဘ) ဦးစိန်ထွန်းရီနှင့် သူငယ်ချင်း မူမူစံ ၃၅ နှစ်(ဘ) ဦးစံငြိမ် တို့နှစ်ဦးသည် နိုဝင် ဘာအတွင်းက ရန်ကုန်မြို့မှ ပြန်လာရာ လွန်ခဲ့သော ရှစ်နှစ်ခန့်က မြင်းကက

ုန်း ကျေးရွာမှ ထွက်ခွာသွားခ
ဲ့သူ ခင်ဖြိုး ၂၂ နှစ် (ဘ)ဦးမြကြိုင်နှင့် တူးတူးမာ ၃၂ နှစ် (ဘ) ဦးကြည်ဝင်း တရုတ်ပြည် ပူစီမြို့နယ် နေသူတို့နှစ်ဦး လိုက်ပါလာကြပြီး ဒေါ်လှရီ နေအိမ်၌ တည်းခိုခဲ့ကြသည်။

ထိုစဉ် ¤င်းတို့နှစ်ဦးမှ ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦးကိုမူဆယ်တွင် အလုပ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံး၍ ခေါ် ဆောင်သဖြင့် ကြူကြူမော်နှင့် မူမူစံ နှစ်ဦးလည်း ခင်ဖြိုးနှင့်တူးတူးမာတို့ နှင့်အတူရန်ကုန်မြို့သို့ လိုက်ပါသွားခဲ့ ကြသည်။

တစ်လခန့် အကြာဒီဇင်ဘာ ၂ ရက်တွင် မြင်းက ကုန်းကျေးရွာနေ ဒေါ်လှရီ၏ နေအိမ်သို့ တူးတူးမာထပ်မံ ရောက်ရှိလာပြီး ကြူကြူမော်ထံမှ မိခင်ဒေါ်လှရီအတွက် ငွေကျပ်နှစ်သိန်း ခြောက်သောင်းထည့် ပေးလိုက်ကြောင်း၊ မူမူစံ၏ မိခင်ထံသို့လည်း မူမူစံထံမှ ပေးလိုက်သော ငွေကျပ် သုံးသိန်းလာ ရောက်ပေးပို့သည်ဟုဆို၏။

ဒေါ်လှရီ ၏ သမီးကြူကြူမော်နှင့် မူမူစံတို့ အား တွေ့ဆုံ ဆက် သွယ်ပြောဆိုလိုပါ လျှင်ရန်ကုန်မြို့သို့လိုက်ပါ၍ အင်တာ နက်မှတစ်ဆင့် ဆက်သွယ်နိုင်ပါကြောင်း ပြောပြ၏။ ထို့ကြောင့်လည်း ဒေါ်လှရီက တူးတူးမာဆိုစကားကို ယုံကြည် လက်ခံပြီးသမီးကြူကြူမော်နှင့် အင်တာနက်မှတွေ့ဆုံနိုင်ရန် ဒီဇင်ဘာ ၄ ရက် ည ၇ နာရီက ဒေါ်လှရီသည် တူးတူးမာနှင့် အတူ ရန်ကုန်သင်္ဘောကို စောင့်ဆိုင်းနေကြ၏။

ထိုစဉ် မြင်းကကုန်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လူကုန်ကူးနေသူ တူးတူးမာရောက် ရှိနေကြောင်း သတင်းအရ ဒေါ်လှရီနှင့် တူးတူးမာတို့အား ရဲစခန်းတွင် ခေါ်ယူစစ်ဆေးရာ တူးတူးမာ၏ ဝန်ခံချက် အရ ကြူကြူမော်နှင့် မူမူစံတို့နှစ်ဦး ကိုတရုတ်ပြည် ပူစီမြို့နယ် ခေါနန်း ကျေးရွာ တရုတ်အမျိုး သားများ ထံသို့ ပို့ဆောင်ပေးပြီး တစ်ဦးလျှင် တရုတ် ယွမ်ငွေ ၃၃ဝဝဝ ဖြင့် ရောင်းစားခဲ့ ကြောင်း စစ်ဆေးသိရှိရသည်။

ထို့ကြောင့် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီ မိနစ်၂ဝ တွင် ဒေါ်လှရီ၏ တိုင်တန်းချက်အရ မြင်းကကုန်းရဲစခန်းမှ (ပ) ၄ဝ/၂ဝ၁၂ လူကုန်ကူးတား ဆီးကာကွယ် ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်လှစ် ပြီး လူကုန်ကူးမှု ကျူးလွန်သူ တူးတူး မာအား ဖမ်းဆီးအရေးယူ ထားရှိကြောင်း သိရသည်။ ကျန်ရှိနေသည့် ခင်ဖြိုး ကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Saturday, December 15, 2012

ကြယ်တာယာ


သစ်ပင်အိုရဲ့ မုဒိတာနှလုံးသား

တပည့်များကိုလ

အသိတရားတွေပေးခဲ့ပြီ  ။

ပျံလိုပျံ နားလိုနား

မတားပေါ့အတည်  ။

ခရီးသွား ငှက်တို့ညံစီစီ

ထိုထို၍ခိုဝင်နား

အမောပြေပြန်တော့

ကိုင်းကိုကန်ပြန်မကြည့်ပေမယ့်

အမုန်းမပွားနိုင်တဲ့

သြော်.....သစ်ပင်အိုရဲ့

မုဒိတာနှလုံးသား...။

                                                                    (ကုမုဒြာအရှင် )

Friday, December 14, 2012

လက်ဆောင်


ဒေါင်းလေး


ဘုရားပုံတော်


ငါတို့ဘုရား

                           ငါတို့ဘုရား

ကဆုန်လပြည့် နေ့သောကြာ
ဘုရားဖွားတဲ့ နေ့မြတ်ပါ
သက္ကရာဇ်မှာ ခြောက်ဆယ်ရှစ်
သုဒ္ဓေါမင်း ဖစစ်၊
မာယာဒေ၀ီမွေးမယ်တော်
ကပိလ၀တ်နေပြည်တော်
သာကီမျိုးနော်ထင်ရှားလှ
နွယ်တော်ဂေါတမ၊
သိဒ္ဓိတ္ထတဲ့မည်နာမံ
16-နှစ်မှာထီးနန်းစံ
နှစ်ဆယ့်ကိုးမှာ တောထွက်သွား
၆-နှစ်ကျင့်တရား၊
သုံးဆယ့်ငါးနှစ် ပြည့်လေတုံ
တရားသုံးခု ကြုံ
လပြည့်ကဆုန်း ဗုဒ္ဓဟူး
ဘုရားဖြစ်တဲ့ နေအထူး ၊
တရားဦးမြတ် ဓမ္မစက္ကေ
ဝါဆိုလပြည့်ဟောစနေ
သက်တော်ရှစ်ဆယ် တိုင်အောင်ထိ
သတ္တ၀ါ အကျိုးသယ်ပိုး၏၊
သောင်းတိုက်မှုးကြီး တို့မြတ်စွာ
ဘုံသုံးပါးလုံးထင်ရှားပါ
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
ငါတို့ဘုရား ဒို့ဘုရား
ငါတို့ဘုရား ဒို့ဘုရား။ ။ ။

 



                     

                    

Thursday, December 6, 2012

သုံးဆယ်ရှစ်ဖြာမင်္ဂလာ

၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊ သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊ ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး
ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊ ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊ မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊ ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


 ၃။ သင်ကြားရေး မင်္ဂလာ ၄ပါး
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ၊ အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ၊ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ၊ မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


  ၄။ ပြုစုရေး မင်္ဂလာ ၃ ပါး
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊ ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊ အလုပ်တာဝန် မလစ်ဟင်းနှင့်၊ အပြစ်ကင်းအောင် လုပ်ပါလေ၊ စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
 ၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှုနိုင်စေ၊ ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကြင့်ပါလေ၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊ သန့်စင်ပြစ်မျိုး လူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊ တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊ အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊ လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

  ၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ၊ မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ်ချ အမြဲနေ၊ လောဘအပို အလိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊ ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ၊ ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။



၈။ သည်းခံရေး မင်္ဂလာ ၄ ပါး
ဝတ် စား နေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ၊ ကျိုးကြောင်း ပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နာလွယ်စေ၊ သူမြတ်ပုဂ္ဂိလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ၊ သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ၊ မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကြင့်ထုံး ယွင်းမသွေ၊ လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကျိုးစားလေ၊ ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

 
၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ၊ ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှဲ့စီလှည့် အမြဲနေ၊ လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊ သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊ အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


 သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကြင့်သုံးပန်သူတွေ၊ စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀၊ ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ၊ ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ၊ အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ ပန်းခိုင်တွေ။



တရားနာရခြင်းအကျိုး

                ၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း။
၃။ ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း။
၎။ အယူမှန် သမ္မာဒိဠိ ကို ရခြင်း။
၅။ သဒ္ဒါ ပညာ တိုးပွား၍ စိတ်ကြည်လင်ခြင်း။ ဘုရားရှင်တော် မပွင့်ပေါ်လျှင် သူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရများလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ပြ မြတ်ဓမ္မကြောင့် ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ်ကျေးဇူးဆပ်ဖို့ အမြိုက်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။
_/\_ *** _/\_ *** _/\_
အင်္ဂ္ဂုတ္ထိုလာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းတို့ တရားမနာ ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု ၊ ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း။
နောင်လာထို့ပြင် စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ၊ ဆုံးမမယူ ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

Wednesday, December 5, 2012

သာသနာကွယ်ကြောင်း


သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းတော်များ တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မပြု ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း တစ်ဝါထို့တွင် စာသင်ပယ်လျှော ကျယ်မဟောကြ ကျယ်မချနှင့် ကျယ်စွာ့မအံ ခိုက်ရန်ကွဲပြား ဤငါးပါးတည်း လို့ မဟာဂန္ဓာရုံဆရာတော်ကြီး မိန့်ကြားခဲ့သည့် အတိုင်း သာသနာတော်ကွယ်ရခြင်း အကြောင်းရင်းများကတော့ (၁)ရဟန်းတော်များ တရားဒေသနာကို မနာယူကြပဲ တစ်ခြားအပျော်အပါးများကိုသာ ခုံမင် နေကြခြင်း။ (၂)ရဟန်းသာမဏေဆိုတာ ဘုရားဟောတရားစာပေကို တတ်ကျွမ်းနားလည်မှ ဒကာဒကာမများကို ပြန်လည်ဟောပြနိုင်မှာ တရားကိုကိုယ်တိုင် ကျင့်သုံးပြီး တရားရဲ့ လက်တွေ့အေးငြိမ်းချမ်းသာပုံ အစွမ်းသတ္တိကို ပြသနိုင်မှာဖြစ်လို့ ရဟန်းတော်များ စာပေမသင်ပဲ တစ်ခြားအလုပ်တွေနဲ့သာ အချိန်ကုန်နေ ရင်လဲ သာသနာကွယ်ကြောင်းပါပဲ။ (၃)တရားတော်များကို ရနိုင်သလောက် အရဆောင်ထားမှ လူမျိုးခြား ဘာသာခြားတွေက တရားနဲ့ ပတ်သက်လို့ စောဒကတက်လာလျှင် အချိန်မရွေး ဖြေရှင်းနိုင်မှာဖြစ်လို့ နှုတ်တက်ရအောင် ဆောင်မထားရင်လဲ သာသနာကွယ်ကြောင်းပါပဲ။ (၄)မြတ်စွာဘုရားရဲ့တရားတော်များကို သင်ကြားပြီး တကယ်သိအောင် မလေ့လာ မပွားများရင်လည်း စောဒကတက်လာတတ်တဲ့ မသိတာရှိရင် မေးမြန်းတတ်တဲ့ ဒကာ ဒကာမတွေရဲ့ သံသယကို ဖြေရှင်းမပေးနိုင်တဲ့ အတွက် တရားတော်ကို သံသယပွားပြီး တစ်ခြားဘာသာကို ကူးပြောင်းသွားတဲ့အတွက်ကြောင့် သာသနာတော်အင်အားနည်းပြီးတော့လည်းပဲ သာသနာတော်ကွယ်နိုင်ပါတယ်။
(၅)တရားကို သင်ကြားရုံသာ သင်ကြားထားပြီးတော့ လက်တွေ့သိအောင် တရားအလုပ် အားမထုတ်ဘူး ဆိုရင်လဲ မြတ်စွာဘုရား သာသနာတော်မှာ သစ္စာလေးပါးကို ထိုးထွင်းသိတဲ့ အရိယာတွေ ဆိတ်သုဉ်းလာပြီး လူတွေက အယုံအကြည် နည်းလာကာ သာသနာတော်ကို မကြည်ညိုကြတော့ပဲ သူတော်ကောင်းတရားတည်းဟူသော သာသနာ့အင်အား နည်းသည်ထက်နည်းလာတဲ့ အတွက် ကြောင့်လည်း သာသနာတော်ကွယ်ကြောင်းပါပဲ။
နောက်တစ်နည်းအားဖြင့်ကတော့ (၁)ဘုရားဟောတရားတော် ပိဋကတ်စာပေတွေကို သင်ကြားပေးမည့်စာချဆရာတော်နှင့် စာသင်သားများ မရှိတော့ပဲ စာပေသင်ကြားမှု အားနည်းလာရင်လည်း ခက်ခဲနက်နဲသောစာပေပရိယတ်တွေကို ဘယ်သူတွေကမှ ဖြေရှင်းမပေးနိုင်သည့်အတွက်ကြောင့်လည်း သာသနာတော်ကွယ်နိုင်ပါတယ်။ (၂)တရားဒေသနာတော်များကို အကျယ်မဟောကြပဲနှင့် အကျဉ်းလေးမျှသာ တော်အောင်လျှော်အောင်ဟောကြပြီး တစ်ခြား လူပြိန်းကြိုက် ဇာတ်ကြောင်းတွေကိုသာ ချဲ့ထွင်ပြီးဟောကြားနေကြရင်လဲ သာသနာတော်ကွယ်ကြောင်းပါပဲ။ (၃)စာပေပရိယတ်ကို အကျယ် သင်ကြားပို့ချ မပေးဘဲ တော်အောင်လျှော်အောင် အကျဉ်းမျှသာ ပို့ချသင်ကြားပေးနေရင်လည်း ခက်ခဲနက်နဲသော ပဋ္ဌာန်းတရားလို တရားတော်ကြီးများကို ရှင်းလင်းပို့ချသူမရှိတော့ပဲ တဖြည်းဖြည်းနဲ့ သာသနာတော်ကွယ်ပါတယ်။ (၄)စာပေပရိယတ်ကို ကျယ်ကျယ်လောင်လောင် စိတ်ပါလက်ပါ ရွတ်အံသရဇ္ဈာယ်သူတွေနည်းလာပြီး စာပေပရိယတ်များကို ပျင်းရိညီးငွေ့စွာ စိတ်မပါ လက်မပါ သင်အံပို့ချနေကြရင်လည်း စာပေပရိယတ် ဆိုတာ ပျင်းရိငြီးငွေ့စရာတွေလို့ အထင်မှားပြီး စာပေပရိယတ်တတ်ကျွမ်းသံဃာတွေနည်းလာကာ တကယ့် သာသနာတော့်အရေး ကြုံလာရင် မဖြေရှင်း နိုင်ကြတော့ဘဲ သာသနာတော်ကြီးကွယ်ပနိုင်ပါတယ်။ (၅)ရဟန်းသံဃာတော်အချင်းချင်း စိတ်ဝမ်းကွဲပြီး ဂိုဏ်းစွဲ ၀ါဒစွဲ ဆရာစွဲတွေနဲ့ မညီမညွတ်ဖြစ်နေ ကြရင်လည်း သာသနာတွေအတွင်းသားတွေ အစိတ်စိတ်အမွှာမွှာကွဲပြားကာ သာသနာတော်ကွယ်နိုင်ပါတယ်။
အဓိကအချက်ကတော့ သာသနာ့ခေါင်းဆောင် ရဟန်းသံဃာတော်များ (၁)ဂန္ထဓူရ - စာပေသင်ကြားပို့ချမှု။ (၂)၀ိပဿနာဓူရ - တရားအားထုတ်မှုလုပ်ငန်း များကို မကျင့်ကြံကြဘူး၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို မကျင့်ကြံကြတော့ဘူးဆိုရင် ဧကန်မုချ သာသနာတော်ကွယ်မှာပါပဲ။

Monday, October 22, 2012

ငါတို့ အဓိဋ္ဌာန်

ငါတို့ အဓိဋ္ဌာန်
ငါတို့ဖြစ်ရ၊  ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ ၊မာနမပါ
တို့စွမ်းရာဖြင့်၊  တို့သာသနာ
တို့ပြည်ရွာကို ၊သာယာစေမှု့
ကြိုးစားပြုလော့..။ 

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး သြ၀ါဒ

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြ၀ါဒ
အိုးမဖုတ်ခင်  အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိတ်ခတ်  မှတ်တံဆိပ်ကား
မပြတ်မစဲ  အိုးပင်ကွဲလည်း
အမြဲ တစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ`၌
ဘုရားတံဆိပ် ဘာသာစိတ်ကို 
ခတ်နှိတ်နိုင်မှ  သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီစွဲ၍တည်မည်
ကိုယ်စီခတ်နှိတ်စေသတည်း..။ 

မင်းကွန်းဆရာတော်ဘုရားကြီး၏သြ၀ါဒ

မင်းကွန်း ဆရာတော်ဘုရားကြီး၏ သြ၀ါဒ
ဆရာတော်၏  ကျောင်းတိုက်မှ  ရဟန်းငယ်များ  ဘာသာခြားဆိုင်မှဆောက်လုပ်ရေးပစ္စည်းများ
ဝယ်ယူလာသည်ကို သိရှိရသဖြင့် "ဘာဖြစ်လို့ဒီဆိုင်က ၀ယ်လာရသလဲ"?
မေးတော်မူရာ..ဒီဆိုင်က ဈေးလည်းသက်သာ ဆက်ဆံရေးလည်း ကောင်း၍  ၀ယ်လာရခြင်းဖြစ်ကြောင်း
ဗုဒ္ဓဘာသာဆိုင်များမှာ  (ဈေးလည်းကြီး၍ ဆက်ဆံရေးလည်း ညံ့လှကြောင်း) လျှောက်ထားကြသည့်အခါ
ဆရာတော်ကြီးက  (အေး..ဗုဒ္ဓဘာသာဆိုင်က တစ်ဆယ်ယူပြီး ဘာသာခြားဆိုင်က တစ်ကျပ်ပဲ
အမြတ်ယူတယ်ဆိုရင်တောင်  ဦးဇင်းတို့  ဗုဒ္ဓဘာသာဆိုင်မှာပဲ ဈေးဝယ်ရမယ်..။ ဘာဖြစ်လို့လည်း
ဆိုရင်  အဲဒီဗုဒ္ဓဘာသာဈေးဆိုင်တွေယူလိုက်တဲ့ အမြတ်တစ်ဆယ်က  ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်
တွေဆီကိုပဲ  ပြန်ရောက်မှာ  ..။ ဘာသာခြားတွေယူလိုက်တဲ့ အမြတ်တစ်ကျပ်ကြတော့  ဦးဇင်းတို့လည်ပင်း
ကို ကြိုးကွင်းစွပ်မယ့်နေရာ  ရောက်သွားမှာ) ဟု  မိန်ကြားတော်မူသည်။  ဗုဒ္ဓဘာသာဝင်အားလုံး အထူး
သတိထား လိုက်နာကျင့်သုံးသင့်သော  လမ်းညွှန်သြ၀ါဒစကားဖြစ်ပါသည်..။
ကုမုဒြာအရှင်မှ  ဆရာတော်ကြီးကိုပူဇော်တင်ပြသည်...
လိုက်နာကြပါကုန် 

တစ်ယောက်တည်းသာ

တစ်ယောက်တည်းသာ
အပူလှိုင်းဖြာ  ဝေဒနိကတွေနဲ့..
ဇမ္ဗူတစ်ဝိုင်းမှာ အဖြေ ညှိရရင်
လူတိုင်းဟာ  အမေရှိကြတယ်..။
မရေမရာ  ပဟေဠိတွေကြောင့်
ဇဝေဇ၀ါ  အဖေမသိတောင်မှ
သေချာတာ အမေရှိတယ်..။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
လူတကာ ဖဲလေတဲ့
နူနာစွဲ  အမေလဲ  အမေ..။
အမြဲ  အလုပ်မလည်တဲ့
ပဲ ပြုတ်သည် အမေလည်း အမေ..။
မခင်တွယ် စိမ်းကြလေတဲ့
သဘင်သည်  ယိမ်းသမ အမေလည်း အမေ..။
ချစ်သဒ္ဒါဝေတဲ့
ပြည်တန်ဆာ အမေလည်း အမေ...။
ဘ၀င်မကျပေမဲ့
ညီမလေး အမေလည်း အမေ..။
ဥစ္စာဆိုတာ သူ့ အတွက် အရေးမကြီးတဲ့
သဌေးသမီး အမေလည်း အမေ..။
ကမ္ဘာကို တစ်ဖက်
အမေ့ မေတ္တာ တစ်ဖက်
ချိန်စက်ကြည့်ရင်  
အမေ့ မေတ္တာဘက်
အလေး လျှာထွက်တယ်ဆိုတဲ့ 
ရှေ့ဆရာတွေရဲ့ ဒီစကား
မမှားတန်ရာဘူး...။
ဆူချင်ဆူ  ဆဲချင်ဆဲ
နူချင်နူ  မွဲချင်မွဲ
ဖြူချင်ဖြူ မည်းချင်မည်း
အမေဟာ အမေပဲမို့
အသေချာ  ဝေခွဲလို့
..............စို့...
ကုမုဒြာအရှင်

ကုမုဒြာတွေပွင့်တဲ့ည


နောင်တ

အမှတ်မထားသူလည်း တစ်ယောက်
မပြတ်သားသူလည်း တစ်ယောက်
ထို သူနှစ်ယောက်တို့သည်
နောင်အခါ  ရှုံးတတ်ကြ၏...။

တရုတ်စကားပုံ

တရုတ်စကားပုံ



အကြင်သူသည်မသိ  ၊ 
မိမိ၏မသိကြောင်းကိုလည်း မသိ။
ထိုသူသည် သူမိုက်တည်း  ..ရှောင်ပါလေ။
အကြင်သူသည် မသိ ၊
မိမိ မသိကြောင်းကိုကား သိ၏။
ထိုသူကား လူရိုးတည်း ..စောင့်ရှောက်ပါလေ..။
အကြင်သူသည်  သိ၏၊
မိမိ  သိကြောင်းကိုကား မသိ၊
ထိုသူကား အိပ်ပျော်နေသူတည်း ..နှိုးလိုက်ပါလေ.။
အကြင်သူသည် သိ၏၊
မိမိ သိကြောင်းကိုလည်း သိ၏၊
ထိုသူကား ပညာရှိတည်း ..ဆည်းကပ်ပါလေ..။    

အလှပုံ

Thursday, October 18, 2012

အလွမ်းမြေ

အလွမ်းမြေ
သူငယ်ချင်းတွေ
ဝေနေပါလဲ
အတူနေခဲ့
တို့ကျောင်းလေးနှင့်
သူငယ်ချင်းတွေကို သတိရနေ
ယခုတနယ်စီ  ဝေးခဲ့ပြီမို့
အစဉ်အောက်မေ့ ရင်မှာရှိသည်
တို့ကျောင်းလေးနှင့် သူငယ်ချင်း
ဟဲလေး(ကိုဝိ)သတိရလျှက် 

နေညိုအလွမ်း

***နေညိုအလွမ်း***

နေညိုရဲ့သက်သေကို
မျက်ရည်စို အခါခါတလဲ့
စာကဗျာနဲ့ ငါဖွဲ့လိုဆို
ရွာထိပ်က ထန်းတောမှာ
လွမ်းမောစရာ ဥသြငှက်ရေ
သင်တို့တစ်တွေ ဆူညံသံကြားမှာ
သူပြန်သွားတာကိုတွေးရင်း
ကူညီကာ ပြောပေးပါဦး
ငါမှာလေ  လွမ်းလို့မဆုံး

သူငယ်ချင်း (ရှိုင်းဗေဒါ)သတိရလျှက်

Monday, October 8, 2012



ကုမုဒြာ အတွေးပုံရိပ်

အကောင်းတွေကို မမြင်နိုင်သ၍  အစောင်းတွေကို ပဲ မြင်ပဲ မြင်နေရမှာ
အစောင်းတွေကို မမြင်ချင်ရင်တော့ အကောင်းတွေကို မြင်နိုင်အောင်ကြိုးစားပါ

ကျေးဇူးပါ အမေ

အမေ...............

လောကမှာ လှပဆုံး အရာတွေထက် အမေဟာ ပိုလွန်၍ လှပတယ်..။ကျက်သရေရှိဆုံးအရာတွေထက်
အမေဟာ ပိုပြီးကျက်သရေရှိတရ်...။ ဘယ်အချိန်ကြည့်ကြည့် ဘယ်အခါကြည့်ကြည့် အမေဟာ
အမြဲတမ်းတောက်ပလို့နေတယ်။ ကျက်သရေရှိလိုက်တာ အမေရယ်။ အမေကိုမြင်တိုင်း အမြဲတမ်း
လန်းဆန်းတက်ကြွနေတယ်နော်..။အမေဟာ သားတို့ အတွက်တော့ အားဆေးတစ်ခွက်ပါဗျာ..။
ခေတ်မှီနည်းပညာတွေနဲ့ဖော်စပ်ထားတဲ့  အားဆေးတွေ ဘယ်လောက်ကောင်းကောင်း  အမေ့ရဲ့
အပြုံးတစ်ချက် ဆေးတစ်ခွက် က  ပို၍အစွမ်းထက်ပါတယ် အမေ..။  
ပေးပါ အမေ.............
အမေ့ရဲ့ အပြုံးအားဆေးတွေကိုလေ..၊ လပြည့်ညမှာ ၀န်းဝိုင်းတဲ့လမင်းကြီးကိုကြည့်၍ တခဏတာ 
ကြည်နုးမိသလို  အမေ့ရဲ့  လမင်း ပမာ မျက်နှာကိုကြည့်၍  ထာဝရကြည်နူးရပါတယ် အမေ...။
အမေရဲ့ မေတ္တာကွန်ယက် အောက်မှာ  အေးမြခြင်းဆိုတဲ့ အရသာကို အစဉ်ထာဝရ ခံစားပါ့ရစေ 
အမေ...*****
ကျေးဇူးပါအမေ...။
                                                                                                 ကုမုဒြာအရှင်