1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, February 24, 2014

>> လမ်းဖောက်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ <<

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်ကျေးရွာတွင် လမ်းဖောက်လုပ်ရာမှ ရှေးဟောင်းဆင်းတု ရုပ်ပွားတော်များ တွေ့ရှိခဲ့ကြောင်း အဆိုပါကျေးရွာ ဒေသခံ များထံမှ သိရှိရသည်။

"လမ်းဖောက်လုပ်တဲ့ နေရာက ရှေးဟောင်းဘုရားတွေ ရှိခဲ့တဲ့နေရာမှာ ဖြစ်နေတော့ ဘုရားဌာပနာ သွင်းခဲ့တဲ့ ဆင်းတုတွေ ပြန်တွေ့တာပါ၊ အားလုံးပေါင်း ၃၀ လောက်တွေ့ရပါတယ်" ဟု ဒေသခံ တစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြောပြသည်။

လောင်းရှည်ကျေးရွာ၊ မြို့မရပ်ကွက်၊ ယွန်းကျောင်းတိုက်အနီးရှိ ဗူးလမ်းဆုံနှင့် လောင်းရှည်လမ်းပိုင်းရှိ လောင်းရှည်-စေတုတ္တရာနှင့် လောင်းရှည်-ကျင်ဒွေးလမ်း တို့၏ လမ်းဆုံ ဖောက်လုပ်ဆဲ မြေတူးဖော်ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး တာဝန်ခံက ပြောကြားသည်။

အဆိုပါ ဆင်းတု ရုပ်ပွားတော်များမှာ ဉာဏ်တော်အမြင့် နှစ်လက်မဝန်းကျင်ခန့် ရှိကာ ယွန်းကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားသည်။

လောင်းရှည်ကျေးရွာသည် ရှေးဟောင်း ယောဒေသတွင် ပါဝင်သော ကျေးရွာတစ်ခု ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ယွန်းကျောင်းတိုက် အပါအဝင် နှီးဘုရား၊ ယွန်းဘုရား၊ ရှေးဟောင်းပေစာ၊ သီရိဓမ္မာသောက မင်းကြီး တည်ထားသော သိန်းကျင်း ရွှေတန်ဆာဘုရား စသော လေ့လာဖွယ်ရာ နေရာများတည်ရှိပြီး အိမ်ခြေ ၆၅၅ လုံး၊ အိမ်ထောင်စု ၅၆၀ စု၊ လူဦးရေ ၂၈၈၆ ဦး နေထိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ ယောဆရာတော်ဘုရားကြီး မေတ္တာပို့ ”

“ ယောဆရာတော်ဘုရားကြီး မေတ္တာပို့ ”
••••••••••••••••••••••••••••••
••••
“ လူတွေအားလုံး စိတ်ကောင်းထားလို့
- စာနာထောက်ထား သနားညှာတာတတ်ကြပါစေ၊
- မေတ္တာတရား ရှိကြပါစေ။

ဘယ်သူမဆို သတ္တ၀ါအားလုံး -
- ကောင်းတာ တွေ့ကြပါစေ။
- ဘေးရန်ကင်းကြပါစေ၊ ကြောင့်ကြကင်းကြပါစေ၊
- ဆင်းရဲကင်းကြပါစေ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊
- အဆိုးကင်းကြပါစေ၊ အကောင်းပြည့်စုံကြပါစေ၊
- အဆိုးနိုင်ကြပါစေ၊ အကောင်းပိုင်ကြပါစေ။ ”

-【ကျေးဇူးတော်ရှင် တိပိဋကဓရ
ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ】

ပရဟိတ စိတ်ဓာတ်

ပရဟိတ စိတ်ဓာတ်
•••••••••••••••••••
မြင့်မြတ်သူတွေရဲ့  သန္တာန်မှာသာ ပရဟိတ
စိတ်ဓါတ်ရှိနိုင်သလို ပရဟိတ စိတ်ဓာတ်ရှိမှလည်း
လူတစ်ယောက်ဟာ မြင့်မြတ်သူ ဖြစ်လာနိုင်ပါတယ်။
ပြောရစတမ်းဆိုရင် “ပရဟိတ စိတ်ဓာတ်
မရှိတဲ့သူဟာ စိတ်နေစိတ်ထား နိမ့်ကျတဲ့သူ၊
စိတ်ဓာတ်သေးသိမ်တဲ့သူပါပဲ။”

“ပရဟိတက အလိုအလျောက်ပရဟိတနဲ့
တကူးတက ပရဟိတလို့နှစ်မျိုးရှိပါတယ်။”
ကိုယ်ကျိုးကိုယ့်စီးပွားအတွက်
စိတ်ကောင်းစေတနာကောင်းထားပြီး
အရည်အသွေးအကောင်းဆုံးဖြစ်အောင်
လုပ်တာကို “အလိုအလျောက်ပရဟိတ”
လို့ခေါ်ပြီး ကိုယ်ကျိုး
ကိုယ့်စီးပွားနဲ့ လုံးဝမပက်သက်တဲ့ သူတစ်ပါးကိစ္စ၊
သူတစ်ပါးအလုပ်ကို သူတစ်ပါးအကျိုးသက်သက်
အတွက် ရည်စူးပြီး မေတ္တာကရုဏာ အပြည့်အ၀နဲ့
တကူးတက ကြောင့်ကြစိုက်ပြီး လုပ်ပေးတာကိုတော့
“တကူးတကပရဟိတ” လို့ခေါ်ပါတယ်။

လူတိုင်းမှာ အသက်မွေးဝမ်းကျောင်းအလုပ်
ကိုယ်စီ ရှိကြပါတယ်။ ဘယ်အသက်မွေးဝမ်းကျောင်း
အလုပ်မဆို သူတစ်ပါးနဲ့ ဆက်စပ်နေတာချည်းပါပဲ။

“ကိုယ့်အလုပ်ကြောင့် ကိုယ့်အလုပ်နဲ့
ဆက်စပ်နေတဲ့သူတစ်ပါးတွေ စိတ်ချမ်းသာ
ကြပါစေ ဆိုတဲ့စေတနာနဲ့ ကိုယ့်အလုပ်ကို
အရည်အသွေး အကောင်းဆုံးဖြစ်အောင်
လုပ်မယ်ဆိုရင် ကိုယ့်အသက်မွေးဝမ်းကြောင်း
အလုပ် ကိုယ်လုပ်နေရင်းနဲ့ အများအကျိုးကို
သယ်ပိုးဆောင်ရွက်ပြီးသား ဖြစ်သွားပါတယ်။”

ကိုယ့်ရဲ့  အတ္တဟိတအလုပ် လုပ်ရင်း
မေတ္တာစေတနာကြောင့် အလိုအလျောက်
ပရဟိတဖြစ်သွားတာမို့ အဲလိုမျိုး ပရဟိတကို
“အလိုအလျောက်ပရဟိတ” လို့ခေါ်ပါတယ်။

ကိုယ်ကျိုး ကိုယ့်စီးပွား လုံးဝမပါတဲ့
တကူးတကပရဟိတမျိုး မလုပ်နိုင်တောင်
ကိုယ်ကျိုး ကိုယ့်စီးပွားနဲ့ ဆက်စပ်နေတဲ့
အလိုအလျောက် ပရဟိတ မျိုးတော့
လူတိုင်း လုပ်သင့်ပါတယ်။
“စိတ်ကောင်း နှလုံးကောင်း” ဆိုတဲ့
အရင်းအနှီးလေးသာရှိရင် မလုပ်နိုင်စရာ
အကြောင်းမရှိပါဘူး။

ပရဟိတကိစ္စမှာ
“ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊
ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်” လို့ယုံကြည်တဲ့
သဒ္ဓါတရား လောက် အခိုင်အမာရှိရင်ကိုပဲ
အတိုင်းအတာတစ်ခုအထိ လုံလောက်ပါတယ်။

သဒ္ဓါအဖော် လုံးဝမရှိရင် ပရဟိတနှစ်မျိုးလုံး မလုပ်ဖြစ်ပါဘူး။
သဒ္ဓါအဖော် နည်းနည်းရှိရင်တော့ အလိုအလျောက်ပရဟိတ
တစ်မျိုးလုပ်ဖြစ်ပါတယ်။ သဒ္ဓါအဖော်အများကြီးရှိရင်တော့
အလိုအလျောက်ပရဟိတကော၊
တကူးတကပရဟိတပါ နှစ်မျိုးလုံးလုပ်ဖြစ်ပါတယ်။

သဒ္ဓါအဖော်မှာ သူ့မိတ်ဆွေမေတ္တာလည်း
အဖော်ပါတာမို့ “တကူးတကပရဟိတ”မှာ
သဒ္ဓါအဖော်နဲ့အတူ မေတ္တာအဖော်လည်း
အရေးတကြီး လိုအပ်ပါတယ်။

သဒ္ဓါအဖော်အားကောင်းပေမယ့် မေတ္တာအဖော်
အားနည်းနေရင် တကူးတကပရဟိတကို
နည်းနည်းပဲ လုပ်ဖြစ်ပါတယ်။

သဒ္ဓါအဖော်လည်းအားကောင်း၊
မေတ္တာ အဖော်လည်းအားကောင်းမှ
တကူးတကပရဟိတကို အများကြီး လုပ်ဖြစ်တာပါ။

လောကမှာ ကိုယ့်လောက်အဆင်မပြေတဲ့သူတွေ၊
ကိုယ့်လောက် မပြည့်စုံတဲ့သူတွေ အများကြီးရှိပါတယ်။

သူတို့ရဲ့ လိုအပ်ချက်ကို ကိုယ်စွမ်းနိုင်သလောက်
ကရုဏာမေတ္တာစိတ်နဲ့ ဖြည့်ဆည်းပေး လိုက်မယ်ဆိုရင်
သူတို့ဘယ်လောက်များ ၀မ်းသာလိုက်ကြမလဲ။
ကိုယ်အဆင်မပြေနေခိုက် သူတစ်ပါးကူညီလိုက်လို့
ကိုယ်ဝမ်းသာ ခဲ့ဘူးတာနဲ့ ကိုယ်ချင်းစာ
ကြည့်တတ်မယ်ဆိုရင် မပြည့်စုံသူတွေ
အပေါ် ကရုဏာရှေ့ ထား မေတ္တာပွားဖို့
မခက်ခဲလောက်ပါဘူး။

လောကမှာ ကိုယ့်ထက် အဆင်ပြေတဲ့သူ၊
ကိုယ့်ထက် ပြည့်စုံတဲ့ သူတွေ အများကြီးရှိပါတယ်။
ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ
အခြေအနေအားလျော်စွာ၊
လုပ်ငန်းသဘောအားလျော်စွာ
လိုအပ်ချက်ဆိုတာ ရှိစမြဲမို့ သူတို့ရဲ့  လိုအပ်ချက်ကို
ကိုယ်တတ် စွမ်းနိုင်သလောက်
မုဒိတာမေတ္တာစိတ်နဲ့ ဖြည့်ဆည်းပေးလိုက်
မယ်ဆိုရင် သူတို့ဘယ်လောက်များ ၀မ်းမြောက်လိုက်ကြမလဲ။

ကိုယ့်ကို ပြည့်စုံသထက်ပြည့်စုံအောင် သူတစ်ပါးချီးမြောက်
လိုက်လို့ ကိုယ်ဝမ်းမြောက်ဖူးတာနဲ့ ကိုယ်ချင်းစာကြည့်တတ်
မယ်ဆိုရင် ပြည့်စုံသူတွေအပေါ် မုဒိတာရှေ့ ထား မေတ္တာပွားဖို့
လွယ်ကူသွားမှာ သေချာပါတယ်။

နောက်ဆုံးတော့ ပရဟိတစိတ်ဓာတ်ဆိုတာ
“ကိုယ်ချင်းစာစိတ်”ပါပဲ။ ကိုယ်ချင်းစာစိတ်ရှိမှ
ပရဟိတစိတ်ဓာတ် ရှိနိုင်ပါတယ်။
ကိုယ်ချင်းစာစိတ်မရှိရင် ပရဟိတစိတ်ဓာတ် မရှိနိုင်ပါဘူး။
“ကိုယ့်မှာ ကိုယ်ချင်စားစိတ် ဘယ်လောက်ရှိသလဲဆိုတာ
သိချင်ရင် ကိုယ့်မှာ ပရဟိတလုပ်ချင်စိတ်ဘယ်လောက်ရှိသလ
ပရဟိတအလုပ်တွေကို ကိုယ်ဘယ်လောက် လုပ်နေသလဲ
ဆိုတာနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။”

ပရဟိတစိတ်ဓာတ်ဆိုတာ
ဘုရားချီးမွမ်းတဲ့ စိတ်ဓာတ်ပါ။
ပရဟိတအလုပ်ဆိုတာ ဘုရားအားပေးတဲ့
အလုပ်ပါ။ ပရဟိတလူသား ဆိုတာ
ဘုရားလိုလားတဲ့ လူသားပါ။

မြတ်စွာဘုရား ချီးမွမ်း၊ အားပေး၊
လိုလားသော ပရဟိတလူသားများ
ဖြစ်နိုင်ကြပါစေ။

- 【ဆရာတော် အရှင်ဆန္ဒာဓိက】

•••••••••••••••••••••••
ကိုယ်ရည်ကိုယ်သွေး အကောင်းဆုံးလူတစ်ယောက်
ဖြစ်လာဖို့ဆိုတာ . . .
ကိုယ့်မှာရှိသမျှဖြစ်နိုင်တဲ့ အခြေအနေ၊
ဖြစ်နိုင်တဲ့ အလားအလာ ရှိသမျှကို
အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပဲ။
လူတစ်ယောက် အတွက်
ဒီထက်ကောင်းတဲ့ ရည်ရွယ်ချက် ရှိသေးသလား။
မရှိတော့ဘူးနော်။

Personality (ကိုယ်ရည်ကိုယ်သွေး) ဆိုတာထဲမှာ-
•ဖီးလိမ်းပုံ၊
•ပြင်ဆင်ပုံ၊
•ရုပ်ရည်ရူပကာယလည်း ပါသလို၊
•ဆံပင်အနေအထား၊
•အင်္ကျီအဝတ်အစားလည်း ပါတယ်နော်။
•ပြောပုံဆိုပုံ၊
•ဝတ်ပုံစားပုံ၊
•စားပုံသောက်ပုံ၊
•လုပ်ပုံကိုင်ပုံ ဒါတွေလည်းပါတယ်။
ဒါတင်မကသေးဘူး။
•စိတ်နေသဘောထားနဲ့ အသိဉာဏ်၊
•လူအများနဲ့ ဆက်ဆံရေး ဆိုတာတွေလည်း ပါတယ်နော်။

Personality ဆိုတာ လူတစ်ယောက်မှာ
ဖြစ်နိုင်သမျှ အလားအလာရှိသမျှ အကုန်လုံး
အကောင်းဆုံး ဖြစ်အောင် လုပ်တာလို့
အဓိပ္ပါယ်ကောက်ထားပြီးပြီဆိုတော့ ဘာမှ မကျန်တော့ဘူး။
ဒါကြောင့် ပေါ့ပေါ့တန်တန်မနေပဲနဲ့
ကိုယ့်ကိုယ်ကို အမြဲတမ်း သန့်သန့်ရှင်းရှင်း ၊
သပ်သပ်ရပ်ရပ်ဖြစ်နေရအောင် ကြိုးစားရမယ်။
♦ရုပ်ရည်လည်း သန့်သန့်ပြန့်ပြန့်၊
♦အဝတ်အစားလည်း သန့်သန့်ရှင်းရှင်း၊
♦စိတ်ကလည်း သန့်သန့်ပြန့်ပြန့်လေး၊
သန့်သန့်ရှင်းရှင်းလေး၊ ကြည်ကြည်လင်လင်လေး
ဖြစ်အောင်အမြဲတမ်း ကြိုးစားရမယ်

The development of personality
means fidelity of the law of one’s beings.
ကိုယ့်ရဲ့ Personality ကို တိုးတက်ဖွံ့ဖြိုးအောင်
အစွမ်းကုန်ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။

【ဆရာတော် ဦးဇောတိက၏

ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာ

လောကမှာ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေ
အများကြီးရှိပါတယ်။ ကိုယ်လုပ်တိုင်းမဖြစ်
ရကောင်းလားဆိုပြီး မကျေမနပ်ဖြစ်နေမယ်
ဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းဆင်းရဲရမှာပါ
ကိုယ့်စိတ်တိုင်းကျဖန်တီးခွင့် မရတဲ့လောက
ကြီးထဲမှာ စိတ်ပူလောင်နေရင် ဘဝကလည်း
ပူလောင်နေပါလိမ့်မယ်။

စိတ်အေးရင်ဘဝလည်းအေးချမ်းနိုင်ပါတယ်။
ဒါကြောင့် အရာအားလုံးအပေါ်ကျေနပ်အောင်
နှလုံးသွင်းနိုင်ဖို့လိုပါတယ်။

အရာရာဟာကျေနပ်စရာကောင်းတဲ့အဆင့်ကိုတော့
ရောက်မှာမဟုတ်ပေမယ့် တတ်နိုင်သလောက်
နှလုံးသွင်းပြီး ကျေနပ်အောင်နေရမှာပါပဲ ။

( ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆ

စိုင်ပြင်ကြီးစံပြကျေးရွာမှ ဂုဏ်ပြုမှတ်တမ်းများ








ညအထူးတရားပွဲ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့သစ်
ပုညပါရမီဘုံဆွမ်းလောင်းအသင်း
၏ညအထူးတရားပွဲ
အရှင်ပညာသိရီ(မနာပကာရီ)
အရှင်မြတ်မှ 25.2.2014 ရက်တွင်
ဟောကြားမှာဖြစ်ပါသည်။့

Sunday, February 23, 2014

သီတဂူ ဆရာတော်ဘုရားကြီး

သီတဂူ ဆရာတော်ဘုရားကြီး
*****************************
ခြေသုတ်ပုဆိုးလို, အစွယ်ကျိုးတဲ့
မြွေလို, သူများအောက်ကကြီးပဲ
နေပြီး ဇာတိမာန်စသည် ပျောက်ကာ, သိုးငယ်လေးလို ကြောက်လန့်ထိရွံ့နေရင်လဲ လူမလေး ခွေးမခန့်ဖြစ်ပြီး အနင်းခံ
ရတတ်တယ် မအောင်မြင်နိုင်ဘူး

ဝိုင်းဝန်းကူညီပေးကြပါ

ဝိုင်းဝန်းကူညီပေးကြပါ
..........................................
ယခုဓာတ်ပုံပါအမျိုးသမီးမှာ...ကျောင်းဆရာမတစ်ဦးဖြစ်ပါသည်။ဧရာဝတီတိုင်းဒေသကြီး၊
ရေကြည်မြို့နယ်၊ရွှေနံ့သာကျေးရွာ၊မူလတန်းကျောင်းတွင်အလယ်တန်းပြဆရာမတစ်ဦး
ဖြစ်ပြီးလွန်ခဲ့သောနှစ်နှစ်ကျော်ကတာဝန်ထမ်းဆောင်ခဲ့ပါသည်။ထို့နောက်...မိဘခွင့်ပြုချက်
မရရှိဘဲ...နိုင်ငံခြားသို့အလုပ်လုပ်မည်ဆိုကာထွက်သွားခဲ့ပါသည်။ထိုသို့ထွက်သွားခဲ့သည်မှာ
နှစ်နှစ်ငါးလကြာမြင့်ခဲ့ပြီဖြစ်ပါသည်။မည်သည့်နိုင်ငံသို့ထွက်ခွာသွားခဲ့သည်ကိုမူမသိရှိရပါ။
ယခုအခါမလေးရှားနိုင်ငံတွင် ပြသနာများဖြစ်ပွားလျက်ရှိသဖြင့်မိဘဆွေမျိုးများမှာလွန်စွာ
စိတ်ပူပန်နေကြပါသည်။ထို့ကြောင့်ယခုဓာတ်ပုံပါအမျိုးသမီးအားတွေ့ရှိပါက...မိသားစုများ
အားအကြောင်းကြားပေးရန်နှင့် ကာယကံရှင်ကိုယ်တိုင်မှလဲယခုသတင်းအားသိရှိပါက
မိသားစုဝင်များအားဆက်သွယ်ပေးပါရန်အကူအညီတောင်းခံအပ်ပါသည်။ဆက်သွယ်ရန်
ဖုန်းနံပါတ်များမှာ 09-31163458၊ 09-422459998 ၊ 046-52045၊ 09-8534314 ၊02-74318၊
09-402510537 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန်အကူအညီတောင်းခံအပ်ပါသည်။
သူငယ်ချင်းများလက်ဆင့်ကမ်းရှယ်ခြင်းဖြင့်ကူညီပေးပါရန်.....တောင်းဆိုပါသည်။

"ဆင်ခြင်ရှုပွား မြတ်တရား"

"ဆင်ခြင်ရှုပွား မြတ်တရား"

ငါသည်မသေ နေရပေ၍
စိန္တေထွဋ်ထား မြတ်ဘုရားနှင့်
တရားသံ့ဃာ ရတနာကို
မကွာနေ့ည ဆည်းကပ်ပါရ
ဤဘ၀ကား လူဖြစ်ကျိုးနပ်
ဖိုးမဖြတ်အောင် မြတ်လှပေစွ
မြတ်ပေစွတကား။

ဒါနပေးလှူ ဖြူစင်သီလ
မြဲထဘာဝနာ ဤသုံးဖြာသာ
ကိုယ့်ဟာအဟုတ် ကိုယ့်အလုပ်မို့
မယုတ်စေရ ဥသာဟနှင့်
ဓမ္မရှာဖွေ နေရပေသည်
မသေကျိုးနပ် ဖိုးမဖြတ်အောင်
မြတ်လှပေစွ မြတ်ပေစွတကား။

မနာပကာရီ သမဂ္ဂ ပရဟိတ အသင်း

မန္တလေးမြို့  သံဃာတော်များ ဦးစီးတည်ထောင်သော
မနာပကာရီ သမဂ္ဂ ပရဟိတ အသင်း
https://www.facebook.com/pages/%E1%80%99%E1%80%94%E1%80%AC%E1%80%95%E1%80%80%E1%80%AC%E1%80%9B%E1%80%AE%E1%80%9E%E1%80%99%E1%80%82%E1%81%A2%E1%80%95%E1%80%9B%E1%80%9F%E1%80%AE%E1%80%90%E1%80%A1%E1%80%9E%E1%80%84%E1%80%B9%E1%80%B8/554201704650846

သတင်းလေးပါ

အားလုံးသိသင့်တယ်ထင်လို့ Pinoy Rap Radio ကတင်တဲ့
Status ကိုဘာသာပြန်ပြီး...
မျှဝေပေးပါတယ်....
မိုဘိုင်းဖုန်းကြောင့် မွန်ဘိုင်းမြို့မှာ....
ဒီကနေ့ လူငယ်လေးတစ်ယောက် သေဆုံးခဲ့ရတယ်....
အားပြန်သွင်းရင်းနဲ့ ဖုန်းခေါ်မိတာကြောင့်ပါ....
အားသွင်းထားရင်းဖုန်းခေါ်လိုက်ချိန်မှာ...
ရုတ်တရက်တုန်ခါမှုက သူ့ရဲ့ နှလုံးအိမ်ကို ရိုက်ခတ်တယ်...
အဲဒီနောက်... ဖုန်းကိုင်ထားတဲ့သူ့လက်လောင်ကျွမ်းခံရတယ်...

ဒါကြောင့် 
ကျေးဇူးပြု၍...မိုဘိုင်းဖုန်းတွေကို အားသွင်းနေထားရင်းနဲ့....
ဖုန်းတွေလက်ခံမပြောစေလိုပါ....
ဖုန်းဆက်သွယ်မပြောစေလိုပါ....

အထူးသဖြင့် ဘက်ထရိအားဟာသိပ်နည်းနေပြီး...
တုံးတစ်တုံးသာကျန်တော့တဲ့အချိန်မှာ...
အ၀င်ဖုန်းလက်ခံပြောဆိုခြင်း...
အထွက်ဖုန်းခေါ်ဆိုပြောဆိုခြင်းများ...
လုံးဝမပြုသင့်ပါ...
အကြောင်းကတော့ အဲဒီအချိန်မှာ...
ရေဒီယိုလှိုင်းဖြာထွက်မှုစွမ်းအင်ဟာ...
အဆ ၁၀၀၀ ပိုပြင်းထန်လို့ပါ....
အဲဒီအခြေအနေမျိုးဟာ ဖုန်းအမျိုးအစားမရွေးဘဲ....
ဘယ်လို brand မျိုးမှာမဆို...
မိုဘိုင်းဖုန်းမှန်သမျှ ဖြစ်တတ်ပါတယ်....

ကျေးဇူးပြုပြီး... ဒီသတင်းအချက်အလက်ကို...
သင်နဲ့ ခင်မင်ရင်းနှီးသူ၊ ချစ်ခင်သူမှန်သမျှကို ...
လက်ဆင့်ကမ်းသတိပေးဖို့ မမေ့ပါနဲ့....
(တရားဝင် Pinoy Rap Radio ဌာနကတင်ပေးတာပါ...)

(မြန်မာ့သမိုင်းကြောင်းအထောက်အထားများ)
Credit to: Pinoy Rap Radio

မန္တလေးမြို့  သံဃာတော်များ ဦးစီးတည်ထောင်သော









မန္တလေးမြို့  သံဃာတော်များ ဦးစီးတည်ထောင်သော 
မနာပကာရီ သမဂ္ဂ ပရဟိတ အသင်း၏ (၇)ကြိမ်မြောက် နှစ်ပတ်လည်စုံညီ အစည်းအဝေး ကို ၁၇၅ခု တပို့ တွဲလပြည့်ကျော်(၈)ရက် ( ၂၂.၂.၂၀၁၄ ) စနေနေ့ နေ့ လည် (၁)နာရီ အချိန်တွင် မန္တလေးမြို့  မဟာအောင်မြေမြို့နယ်
၈၅ လမ်း ၃၈/၃၉လမ်းကြား မန်းမြို့ဈေးအနောက်ဘက် ဒေါ်မြင့်မြင့်ဝင်း / ဒေါ်သက်ယုဝင်း တို့ ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်

မနာပကာရီ သမဂ္ဂ ပရဟိတ အသင်း၏ အလုပ်အမှုဆောင် သံဃာတော်များ





မန္တလေးမြို့  သံဃာတော်များ ဦးစီးတည်ထောင်သော
မနာပကာရီ သမဂ္ဂ ပရဟိတ အသင်း၏ အလုပ်အမှုဆောင် သံဃာတော်များ
ဥက္ကဋ္ဌ= အရှင်ပါကဋာလင်္ကာရာဘိဝံသ (ဓမ္မဓရ၀ါဆို )
ဒု=ဥက္ကဋ္ဌ = အရှင်သုနန္ဒာလင်္ကာရ (၀ိသုဒ္ဓါရုံ /စည်ရှင်)
အတွင်းရေးမှူး = အရှင်သောဘန (ဓမ္မဓရ၀ါဆို )
တွဲဖတ်အတွင်းရေးမှုး = (၁) အရှင်ဝိဇယ (စိုးသစ်/သဟာယ)
(၂ )အရှင်ပညာသာရ (စိုးသစ်/သမိဒ္ဓိဆွမ်း)
ဘဏ္ဍာရေးမှူး = အရှင်ပညာသိရီ (၀ိသုဒ္ဓါရုံ/မင်္ဂလာအုဌ်) 
တွဲဖတ် ဘဏ္ဍာရေးမှူး = ရှင်စန္ဒ၀ရာလင်္ကာရ (ဓမ္မဓရ၀ါဆို )
ပြန်ကြားရေးမှူး = အရှင်ဥတ္တမ (၀ိသုဒ္ဓါရုံ/ သံတော်ဆင့် )
အရှင်သုဇာတ ( လေသာတိုက်)
အရှင်နိမ္မလ (စိုးသစ်/သဟာယ)
ရှင်တိက္ခစာရာလင်္ကာရ (၀ိသုဒ္ဓါရုံ/ စည်ရှင်)

"ကျင့်သုံးမှုနှင့် အကျင့်တရား" (အရှင်ပညာသီရိ)

"ကျင့်သုံးမှုနှင့် အကျင့်တရား"
******************************

ကိုးကွယ်ရာအမှန်ကား အကျင့်တရား (စရဏ)ပင်ဖြစ်၏...။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်
တက်ရမည်သာဖြစ်၏……။
ဟိုဘက်ကမ်းရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာဖြစ်၏...။
အနာရောဂါ ပျောက်လိုလျှင်
ဆေးသောက်ရမည်သာဖြစ်၏...။
ထို နည်းတူစွာပင် ဆင်းရဲလွတ်လို
လျှင် မကောင်းကျင့်ကိုရှောင်ရမည်
ချမ်းသာရလိုလျှင် အကောင်းကျင့်
ကို ကျင့်ရမည်ဖြစ်၏....။
ဒုစရိုက်ဟူသည် အပြစ်လည်းသင့်
၏......။
ဒုက္ခလည်းပေးတတ်သည်...။
သုစရိုက်ဟူသည် အပြစ်လည်း
ကင်း၏...။
သုခကိုလည်းပေတတ်သည်...။
သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်ရုံသာဖြစ်၏…။
ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို
ရှောင်ရှားရုံသာဖြစ်၏……။
တရားကျင့်သူကို တရားက ပြန်လည်စောင့်ရှောက်သည်....။
(ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ)
ထိုကြောင့် ကိုးကွယ်ခြင်းဟူသည်
ကျင့်သုံးခြင်းဖြစ်၏……။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့်
အသိဥာဏ် (သဒ္ဓါ နှင့်ပညာ) ညီညွတ်စွာပေါင်းစပ်၍ သတိဖြင့်
ကျင့်သုံးရပါသည်.....။
ဤ ကျင့်သုံးခြင်းဖြင့် ဒုက္ခ နှင့် ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို
လည်း သိရမည်.....။
~~~~~~~~~~~~~~~~~~

Friday, February 14, 2014

တို့ဗိုလ်ချုပ်

တို့ဗိုလ်ချုပ်
................
သူရသတ္တိ၊နှလုံးရည်ပြည့်ဝ
မျိုးချစ်စိတ်အပြည့်၊ သူကျွန်မခံ
တော်လှန်ခဲ့ကာ၊လွှတ်လပ်ရေး

အရယူပေးခဲ့တဲ့ ၊ဒို့ပြည်သူရဲ့ ဖခင်ပေ...။

ဂုဏ်ရောင်ကိုမခင်တွယ်
စည်းကမ်းကြကြ ၊တရားဥပဒေကို
သူမြတ်နိုးတယ်လေ ၊ချမ်းသာ ဆင်းရဲ
သူမခွဲခြားပဲ ပြည်သူ ကို ချစ်ခင်တတ်တဲ့
ဒို့မြန်မာတစ်မ်ျိုးသားလုံး
ရဲ့ဖခင်ပေ...။

နောက်ဆုံးတော့ ဒို့မြန်မာတွေချစ်တဲ့
ဒို့ဗိုလ်ချုပ်........
မသမာသူ လူတစ်စုရယ်ကြောင့်
သူချစ်သောပြည်သူတွေနဲ့
ခွဲခွာခဲ့ရလေပေသည်။့

မျည်ရည်တွေဝေ.........
နှလုံးသားမှာ နာကျင်ခံစားရ
တွေးမိလေတိုင်း အခါတိုင်းမှာ
ဒီအချိန် ဒို့ဗိုလ်ချုပ်ရှိက
ဒို့မြန်မာနိုင်ငံ၊ဒို့မြန်
မာနိုင်ငံ
ကမ္ဘာနဲ့ရင်ဘောင်တန်းကာ
ကမ္ဘာမှာ မြန်မာဟာ
ဝံ့ကြွားတင့်တယ်လှပနေမှာ အမှန်........။

ရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ “မကျွေးချင်ရင် မပြပါနဲ့” ------------------------

ရိုင်းသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။

“မကျွေးချင်ရင် မပြပါနဲ့”
------------------------

ပြည်ငြိမ်း

မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သ ည်။ ကျောင်းသူတစ် ဦးနှင့် ကျောင်းသား တစ်ဦး စကားပြောနေသည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။
"ကောင်းဇော်ရေ။ ဒီမှာ ကြည့်ပါအုံး။
ငါ့အိမ်က ပေးလိုက်တာ။

ပန်းသီးတစ်လုံး။ အရမ်းစားလို့ကောင်းမှာပဲာ့။"

"ငါ့ကိုလည်း တစ်ခြမ်းကျွေးပါလား အိအိရယ်။ ငါလည်း စားချင်လို့ပါ။ "

"အောင်မှာ။ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာပဲာ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့။ မကျွေးဘူးပာာ

"အိအိရာ။ နင် တော်တော် အကျင့် ပုပ်တာပဲ။ မကျွေးချင်ဘဲ ငါ့ကို ဘာလို့ပြတာလဲ။ အခု ငါကမြင်တော့ အရမ်းစားချင်တာပေါ့။ နင်ငါ့ကို ကျွေးပာာ။"

"သေလိုက်ပါလား။ မကျွေးပါဘူး။

" ကောင်းဇော်က သူများနှင့်မတူပါ။ လိုချင်ရင် မရမက ယူတတ်သည်။ အိအိက ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။

"မကျွေးရင် လုတယ်ပာာ" ပန်းသ်ီးလုပြီး ပြေးသွားသည်။

အိအိ ငိုပြီ။ သူ့အပြစ်နဲ့သူ ခံရပြီ။ မကျွေးချင်ရင် မပြရဘူးလေ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။ ဆရာမက ဖြစ်ကြောင်း ကုန်စင်သိပြီးသား။ ကောင်းဇော်ကို ထိုင် ထ အခါ ၅၀လုပ်ခိုင်းပြီး အပြစ်ပေးလိုက်သည်။ ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမ စကားပြောလေသည်။ "ကလေးတို့ရေ။ အခု ကောင်းဇော်နဲ့ အိအိတို့ ပြောတာတွေ ဆရာမ အကုန်ကြားတယ်။ အိအိက ပန်းသီးကို ကောင်းဇော်မြင်အောင်ပြတယ်။ စားချင်လာအောင် အရသာရှိကြောင်း ပြောတယ်။ အရမ်းစားချင်လာတော့ သူမကျွေးဘူး။ အဲ့ဒီတော့ ကောင်းဇော်က စိတ်မထိန်းနိုင်ဘဲ လုစားလိုက်တယ်။ တကယ်ဆိုရင် အိအိမှာလည်း အပြစ်မကင်းပါဘူး။ သူ့အပြစ်နဲ့ သူ ခံရတာ။

ဒီလိုပဲ သမီးတို့လည်း မှတ်သားထားပါ။ အခုခေတ်မှာ မိန်းကလေးတွေပာာ ယောက်ျားလေးတွေ မြင်အောင် ရင်သားတွေ ပေါင်တွေ ပြတဲ့ အ၀တ်အစားတွေ ၀တ်ကြတယ်။ ခုန ပန်းသီးလိုပေါ့။ မကျွေးချင်ဘဲ သူတစ်ပါးမြင်အောင်ပြတာပာာ အန္တရာယ်ကို ဖိတ်ခေါ်သလိုပဲ။ မိန်းကလေးတွေက ဒီလို အတွင်းသားတွေပြတော့ စိတ်ရိုင်းရှိတဲ့ ယောက်ျားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံခြုံခြုံ ၀တ်ကြပါလို့ ဆရာမ မှာချင်တယ်။" "ပာုတ်ကဲ့ပါ ဆရာမ။ သမီးတို လုံလုံ ခြုံခြုံ ၀တ်ပါ့မယ်။" မကျွေးချင်ဘဲ မပြပါနဲ့။ လုစား ခံရတတ်တယ်။ နားလည် သဘောပေါက်ပါစေ။
Hou van · ·

"ဆရာတော်ဦးဝီရသူပြောတဲ့ ဖြူစင်မြတ်နိုး ကိုးခြောက်ကိုးအဓိပ္ဗါယ်ဖွင့်ဆိုချက်များ"

"ဆရာတော်ဦးဝီရသူပြောတဲ့ ဖြူစင်မြတ်နိုး ကိုးခြောက်ကိုးအဓိပ္ဗါယ်ဖွင့်ဆိုချက်များ"
*****************************************************************
“၉၆၉-အဓိပ္ပါယ်”
(၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။
တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။
(၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ ဖြစ်သည်။
“၉၆၉-၏ ပန်းတိုင်”
(၉၆၉)၏ အဓိကပန်းတိုင်မှာ အမျိုးဘာသာ သာသနာအဓွန့်ရှည် တည်တန့်ခိုင်မြဲရေး ဖြစ်သည်။
တိုင်းရင်းသူဦးရေ မလျော့ပါးရေး
တိုင်းရင်းသားဦးရေ အိမ်ခြေ မလျော့ပါးရေး
တိုင်းရင်းသား နယ်မြေ မလျော့ပါးရေး.. တို့သည် (၉၆၉)၏ အဓိကပန်းတိုင်ဖြစ်သော အမျိုးဘာသာ သာသနာ အဓွန့်ရှည်တည်တန့် ခိုင်မြဲရေးတွင် အကျုံးဝင်သည်။
“၉၆၉-လုပ်ငန်းစဉ်”
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်ထောင်ပြုခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ အိမ်/မြေ အငှားထား ရောင်းချခြင်း၊
ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသားပိုင် ဈေးဆိုင်များမှာသာ ဈေးဝယ်ခြင်း၊
အိမ်ဖော်၊ အလုပ်သမား ငှားသည်ဖြစ်စေ၊ အိမ်ဖော်အလုပ်သမား လုပ်သည် ဖြစ်စေ- ဗုဒ္ဓဘာသာဝင်/တိုင်းရင်းသား အချင်းချင်းသာ ငှားရမ်းလုပ်ကိုင်ခြင်း-များကိုသာ ဦးစားပေး ဟောပြောစည်းရုံးသည်။
“၉၆၉-မူဝါဒ”
(၉၆၉)သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၉၆၉)သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်ဖက်ဝါဒကိုလက်မခံ အားမပေး ကန့်ကွက်ရှုတ်ချသည်။
(၉၆၉)သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက် ရှုတ်ချသည်။
(၉၆၉)သည် လူ့အသက်မပြောနှင့် တိရစ္ဆာန်အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထားလေးစားသည်။ ကြင်နာသနားသည်။ စာနာမှုအပြည့်ရှိသည်။ (၉၆၉)၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ (သူ့အသက်မသတ်ရ ပညတ်ချက်) ပါဝင်သည်။
(၉၆၉)သည် သွေးစွန်းခြင်း၊ သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသော လက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်။
(၉၆၉)သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန်ကြေညာလေ့ရှိသည်။
(၉၆၉)သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် လှုံဆော်ခြင်း အလျဉ်းမရှိသလို၊ ငါနှင့်မတူ ငါ့ရန်သူ မူဝါဒကိုလည်း ကျင့်သုံးလေ့မရှိသည့်အပြင်၊ မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါးပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း၊ ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ။
(၉၆၉)သည် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ရာနှုန်းပြည့်ကျင့်သုံးပြီး၊ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ချိုးဖောက်နေသူများကိုလည်း ပြင်းထန်စွာ ရှုတ်ချလေ့ရှိသည်။
(၉၆၉)သည် အမျိုးသမီးအခွင့်အရေးကို အပြည့်အဝပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်။
(၉၆၉)သည် (၂၄)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့မရှိသလို ကေသမုတ္တိသုတ္တန် (ကာလာမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ကျင့်သုံးပြီးမှ လက်ခံထိုက်သည့် ဗုဒ္ဓအဆုံးအမကို အမြဲတစေလေးစားဆောက်ရွက်သည်။
(၉၆၉)သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာခွဲခြားခြင်း၊ အဆင့်အတန်းခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်။
(၉၆၉)သည် ဘာသာလူမျိုးကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့်သို့ မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ။
(၉၆၉)သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်။
“၉၆၉-တီထွင်သူ”
(၉၆၉)ကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ စာရေးဆရာနှစ်ဖက်လှကျော်လွင် (သာထွန်းပြန့် ညွှန်ချုပ်-ငြိမ်း)က တီထွင်ပြီး ခရစ်နှစ် 1998-1999-ခုနှစ်ခန့်မှာ “နှစ်ဖက်လှ၏ နှစ်ဖက်လှ” စာအုပ်မှာ စ,တင်သုံးစွဲခဲ့သည်။
“၉၆၉ သုံးစွဲသူ”
(၉၆၉) ကို မော်လမြိုင်မြို့၊ ဂဏဝါစက သံဃာ့ကွန်ရက်မှ စတင်သုံးစွဲပြီး စတေကာများပြုလုပ်ကာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ၏ အထိမ်းအမှတ် သင်္ကေတအဖြစ် သာသနာ့အလံတော်၊ ဓမ္မစကြာစက်ဝိုင်း၊ အသောကကျောက်စာတိုင်တို့ကို နောက်ခံထား၍ ဒီဇိုင်းရေးဆွဲသည်။
“၉၆၉ နှင့် မိတ္ထီလာ”
(၉၆၉) အဖွဲ့ဟု အများသိသော မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက် အဖွဲ့သည် မိတ္ထီလာမြို့သို့  မရောက်သေးသလို၊ (၉၆၉)တံဆိပ် စတေကာများလည်း မိတ္ထီလာမြို့မှာ ဖြန့်ဝေထားခြင်း လုံးဝမရှိပါ။
သို့ ဖြစ်ပါ၍ (၉၆၉)သည် ရတနာသုံးပါးကို ကိုယ်စားပြုသည့် အပြစ်ကင်းစင်သော ဂုဏ်ပုဒ်များဖြစ်သလို၊ ဗုဒ္ဓဘာသာဝင်တို့ အသက်ထက်ဆုံး ယုံကြည်ကိုးကွယ်သော၊ ဗုဒ္ဓဘာသာဝင်တို့ အမြတ်တနိုး တန်ဖိုးထားသော အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာမြတ်များသာ ဖြစ်ပါသည်။ ထို့ကြောင့် (၉၆၉)ဆိုင်းဘုတ်များကို ဖြုတ်ချ ဟန့်တား နှောက်ယှက်ခြင်းဖြင့် ဗုဒ္ဓသာသနာကို မစော်ကားမိဖို့ အနူးအညွတ် တောင်းပန်အပါသည်။
ဦးပဉ္စင်း
ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့
26.3.2013 (10း 07-am)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

သည်းခံခြင်းအတွက် မှတ်ချက်

သည်းခံခြင်းအတွက် မှတ်ချက်
--------------------
သည်းခံမှုနဲ့ ပတ်သက်ပြီး ဒကာလေးတစ်ယောက်က လျှောက်ဖူးပါတယ်။ ဘယ်လိုကျင့်သုံးရမလဲတဲ့။

ဘယ်လိုကျင့်သုံးရမလဲဆိုတော့ သည်းခံပေါ့လို့။ ဒါပေမယ့် အနှိမ်ခံဖို့တော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓကလည်း သည်းခံဖို့ မိန့်ပါတယ်။ ဒါပေမယ့် မှန်တာကိုတော့ မှန်တဲ့အကြောင်း၊ မဟုတ်တာကိုတော့ မဟုတ်တဲ့အကြောင်း ပြန်ပြောဖို့နဲ့ မှားရင်လည်း မှားကြောင်းဝန်ခံရမယ်တဲ့လေ။ အဲဒီလို ကျင့်သုံးရမှာပါ။

နောက်တစ်ချက်က သည်းခံတယ်ဆိုတဲ့နေရာမှာ မှားမှားမှန်မှန် သည်းခံနေဖို့ မဟုတ်ပါဘူး။ အကြောင်းအရာတစ်ခုဟာ ကိုယ်သည်းခံလိုက်တဲ့အတွက် ကိုယ့်အတွက်လည်း အကျိုးရှိသွားမယ်၊ သူ့အတွက်လည်း အပြစ်မဖြစ်ဘူး အကောင်းဘက်ကို ဦးတည်သွားနိုင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သည်းခံရမှာ ဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ သည်းခံခြင်းအားဖြင့် ကိုယ့်မှာအကုသိုလ် အပြစ်တွေပဲ ထပ်တိုးနေတယ်၊ သည်းခံမှန်းသိလို့ တဖက်ကလည်း ဆက်ပြီးအကုသိုလ်ဖြစ်အောင် လုပ်သလိုဖြစ်နေတယ်၊ လုပ်တဲ့သူမှာလည်း အပြစ်တွေထပ်တိုးနေမယ်ဆိုရင် ဒါမျိုးကတော့ အမှန်တရားနဲ့ တော်လှန်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တဖက်သူကို ရန်ပြုဖို့မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် အပြစ်မရှိ အကျိုးရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သည်းခံတာကောင်းပါတယ်။ ဒါပေမယ့် ကုသိုလ်အတွက် သည်းခံပြီး အကုသိုလ်အတွက်တော့ တွန်းလှန်ဖို့ လိုပါတယ်။ ဒီတွန်းလှန်မှုဟာ ဒေါသနဲ့တွန်းလှန်တာ မဟုတ်ပါဘူး။ အကျိုးကို လိုလားတဲ့ မေတ္တာကို အခြေခံတဲ့ တွန်းလှန်မှုပါပဲ။

[မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]

“စိတ်ဓါတ်ရင့်ကျက်လာဖို့”

“စိတ်ဓါတ်ရင့်ကျက်လာဖို့”

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life

"အောင်အပ်သောအရာမှန်သမျှ လွန်မြောက်ချင်ရင်…


"အောင်အပ်သောအရာမှန်သမျှ

လွန်မြောက်ချင်ရင်………။

~~~~~~~~~~~~~~~~~~~~

အသင်းအဖွဲ့တစ်ခုလား ပါတီအဖွဲ့

အစည်းတစ်ခုလား ဒါမှမဟုတ်

လူမှုရေး စီးပွားရေး ပညာရေးအဖွဲ့

အစည်းတွေအားလုံးထမ်းဆောင်

ကြတဲ့သူတွေဟာ ......

၁။သစွာရှိရမည်ကတိတည်ရမည်။၂။စီစစ်တတ်တဲ့ဥာဏ်ပညာရှိရမည်

ဝေဖန်ပိုင်းခြားတတ်တဲ့ဥာဏ်ပညာ

ရှိရမည်။

၃။ပညာနှင့်ယှဉ်သော လုံလ ဝိရိယ

ရှိရမည်။

၎။ကိုယ့်အသက်ငဲ့မကွက်ဘဲ စွန်လွှတ်နိုင်ရမည်။

သစ္စာ ပညာ ဝိရိယ စွန့်ခြင်းဒီတရား

လေးပါးရှိမယ်ဆိုရင် အသင်းအဖွဲ့

မှန်သမျှ အောင်အပ်သောအရာမှန်

သမျှကို လွန်မြောင်နိုင်မည် အနိုင်ရနိုင်မယ်ဆိုတာ သေချာမှာပါ……။
— met လမ်းသ ရဲ မလေး, ငု ဝါ, Rocker Gyi Soe Nyi en 95 ander.
Hou van · · Deel

● ပင်လုံသဘောတူညီချက် စာချုပ် ●

▬▬▬▬▬▬▬▬▬▬▬▬▬▬
● ပင်လုံသဘောတူညီချက် စာချုပ် ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကော်မတီမှ
အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင်
ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်း ဒေသများနှင့်
ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့
တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့်
အစည်းအဝေးကြီးတရပ်တွင် ကြားဖြတ်မြန်မာအစိုးရနှင့်
ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်
လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိလိမ့်မည်ဟု
အစည်းအဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည်
ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း
သဘောတူညီကြလေသည်။
-
၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့
(တစညဖ)၏ ကြိုးကိုင်အဖွဲ့ကိုယ်စားလှယ်များ၏
ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်
တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများ
ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက်
ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
-
၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏
အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ
ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့်
ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေရ
အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့
ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း
အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။
ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ
အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကိုပေးအပ်ရမည်။
-
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်
လူမျိုးချင်းမတူသော ဒုတိယ အတိုင်ပင်ခံနှစ်ဦးက ကူညီစေရမည်။
ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည်
၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏
ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍
အတိုင်ပင်ခံပုဂ္ဂိုလ်မှာအခြား နယ်စပ်ဒေသအားလုံးတို့၏
ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။
၎င်းတို့ ထုံးနည်းဥပဒေအရ တွဲဖက်
တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
-
၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင်
အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏
တဦးတည်းသောကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း
ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့်
သက်ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးကြသည့် အခါ
အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
-
၅။ အထက်တွင်သဘောတူညီသည့်အတိုင်း
ဘုရင်ခံ၏ အမှုဆောင် ကောင်စီကို တိုးချဲ့မည်
ဖြစ်သော်လည်း နယ်စပ်ဒေသများ၏
နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော
ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို
တစုံတရာလက်လွတ်စေရန် အဆိုပါ ကောင်စီက
ပြုလုပ်ခြင်းမရှိစေရ။
နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင်
ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့် ရှိစေရမည်
ဟူသောမူကို သဘောတူညီကြသည်။
-
၆။ ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း
သီးသန့်ကချင်ပြည်နယ်တခုနယ်နမိတ်
သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ
တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း
ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို
သဘောတူညီကြသည်။

ဤရည်ရွယ်ချက် ထမြောက်ရန်အလို့ငှာ
ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ
အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ
အပိုင်း(၂)ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံပုဂ္ဂိုလ်အား
ဆွေးနွေးတိုင်ပင်ရမည်။
-
၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည်
ဒီမိုကရေစီနိုင်ငံများတွင်အခြေခံများအဖြစ်
အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို
ခံစားနိုင်ခွင့်ရှိစေရမည်။
-
၈။ ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ
ပဒေသရာဇ်ရှမ်းပြည်နယ် နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော
ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို
ထိခိုက်ခြင်းမရှိစေရန်။
-
၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ
မြန်မာပြည်အခွန်တော်ငွေများမှ ကချင်တောင်တန်းနယ်များနှင့်
ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော
ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်းမရှိစေရ။
မြန်မာပြည်နှင့် ပဒေသရာဇ်ရှမ်းပြည်နယ်မြေစု၏
ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့်
ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို
ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကို
ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိရအတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ
စစ်ဆေးကြည့်ရှုရမည်။
-
- မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း ( ၁၂-၂- ၄၇ )

(၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အား ဂုဏ်ပြုလျှက်
Admin Team of YBAM
Shared by ►
www.facebook.com/youngbuddhistassociation.mm

၉၉ နှစ်မြောက် လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြု၍"


"၉၉ နှစ်မြောက် လွတ်လပ်ရေး
ဖခင်ကြီးဗိုလ်ချုပ်မွေးနေ့ဂုဏ်ပြု၍"
******************************
©* မြန်မာ့လွတ်လပ်ရေးအတွက်
အသက်သွေးရင်းလို့ သူကြံဆောင်
ပြည်သူ့ခေါင်းခေါင် အာဇာနည်
သာကီမျိုး ဗိုလ်အောင်ဆန်း။
©* ခန္ဓာကြွေလို့ ဂုဏ်မညိုး
ပန်းမျိုးခရေနှယ်
မြန်ပြည်သူနယ် တဝှမ်းမှာ
မနွမ်းပြယ် သူ့ဂုဏ်ရနံ့
သင်းပျံ့ကြိုင်လန်း။
••••••••••••••••••••••••••••••••••••••••
[မောင်သီဟ-ဇေယျာမြေ

“ အချစ်စတင်ဖြစ်ပုံ ”


“ အချစ်စတင်ဖြစ်ပုံ ”
••••••••••••••••
အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်
ပုံလေး” ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်
စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက်
ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့
အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲဆိုတော့
ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ
ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။

အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့
ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား
မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့
ဆိုတော့ နေတွေလတွေလည်း မလိုအပ်သေးပါဘူး။
---> www.facebook.com/youngbuddhistassociation.mm <---
အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို
ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ
လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာ
တွေ ဗြဟ္မာ့ပြည်ကဆင်းလာတယ်လို့ ပြောပြောနေ
ကြလို့ပါ။ ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”
တွေနဲ့ပဲ နေနေကြပါတယ်။ဘာမှမစားကြသေးပါဘူး။

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း
ခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံ
မြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက
နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့
အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့
မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး
လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ...
တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စားပါတော့
တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စား
ပါတော့တယ်။ ဒီတော့ ရသတဏှာဝင်လာပြီး
ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော
ဆိုပါတော့။
---> www.facebook.com/youngbuddhistassociation.mm <---
အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်း
စားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...”စသည်ဖြင့်
သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ
“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသ
တဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာ
တွေစားတာမဟုတ်ပါဘူး။ ဗြဟ္မာပြည်က စုတေပြီး
“လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့
ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာပါတယ်။
ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ်
တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး ထမင်းကျက်
တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ
အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာ
ကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့
ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်း
ကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။
သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊
ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာ
အပေါက်တွေလည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိ
ဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား
ဖြစ်လာပါတော့တယ်။
---> www.facebook.com/youngbuddhistassociation.mm <---
ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိ
ဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသ
ဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ
ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့
ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့
တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါ
တစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂ
တွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲကာမ
ကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလား
ဆိုပြီးခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့
သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား
တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်
တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။
အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိ
တော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်
ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်း
တရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြထား
ပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။
---> www.facebook.com/youngbuddhistassociation.mm <---
အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစား
တာကို စာမှာဘယ်လို ဥပမာပေးထားသလဲဆိုတော့
နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့
အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။
မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့
ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီး
ပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေး
သောက်လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ
နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -
♦ ကိုးရီးယားကားလေး ကြည့်နေတာလည်း
မီးကင်နေတာပါပဲ။
♦ ဘောလုံးပွဲတွေ ကြည့်နေနေတာလည်း
မီးကင်နေတာပါပဲ။
♦ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
♦ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်း
မီးကင်နေတာပါပဲ။
♦ ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင်
နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင်
နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။
ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ
မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများမကြားအောင်
တိုးတိုးလေးဆင်ခြင်လိုက်ပါ။
---> www.facebook.com/youngbuddhistassociation.mm <---
ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင်
နေတာ” လို့တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့
သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေး
နေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်
တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်ကမီးကင်နေတာ
လေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်က
သူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်
ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင်သံဝေဂဥာဏ်တွေ များများ
လာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာ
ကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါ
လိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။နူနာရောဂါ ပျောက်ဖို့
အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂ
အားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။
တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာ
သိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီ
ချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။
---> www.facebook.com/youngbuddhistassociation.mm <---
ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ
မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ်ဆိုရင်တော့ အထူး
ပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို
အာရုံပြုပြီး သတိပဌာန် ၀ိပဿနာဆေးလေးကို မကြာခဏ
သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ
ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်
သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာ
လေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့
ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာ
ခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ
“စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊
ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျ
သွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်
တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင်
မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့
သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊
မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး
တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊
နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေး
လေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့
သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]