1
ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ
Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်
Friday, June 5, 2015
အရှင်သာသန(လယ်တီသွေး)
** မြန်မာ့အင်တာနက် **
၁= ဗဟုသုတရှာဖို့ 
၂= စီးပွားရှာဖို့ 
၃= ရည်းစားရှာဖို့ 
ကဲ...မှန်မှန်ဖြေနော်
သင်..ဘာအတွက်
အင်တာနက်ကို
အသုံးပြုနေတာလဲ?...။
အရှင်သာသန(လယ်တီသွေး)
  ခေတ္တ..m.s.y
May.21.2015
မြန်ယူ၂၃
သမိုင်းအသစ်
မြန်u23
Thursday, June 4, 2015
မြန်မာယူ၁၉
အရှင်သာသန(လယ်တီသွေး)
သူတစ်ပါးကို...
အထင်မသေးသင့်သလို
ကိုယ့်ကိုယ်ကိုလည်း
အထင်မသေးလိုက်ပါနဲ့ 
ဘာလို့ လဲဆိုတော့...
လူသားတိုင်းမှာ
Main Power .လို့ ခေါ်တဲ့
မမြင်နိုင်တဲ့စွမ်းအားတွေ
ရှိနေလို့ ပါပဲ...။
အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
May.29.2015
အရှင်သာသန(လယ်တီသွေး)
အလုပ်-မလုပ်သော...
သူအတွက်
တစ်နေ့ တာ
၂၄-နာရီဆိုသောအချိန်ဇယားသည်
ရှည်လျားလှသည်ဟုထင်ရသော်လည်း
အမှန်တကယ်...
အလုပ်-လုပ်သော
သူအတွက်မူ
တစ်နေ့ တာ...
၂၄-နာရီဆိုသောအချိန်ဇယားသည်
အလွန်ပင်တိုတောင်းလွန်းလှ၏...။
အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
  May.22.2015
အရှင်သာသန( လယ်တီသွေး)
ငါဟာ ...       
ခေတ်ကာလမကောင်းလို့ 
ရူးချင်ယောင်ဆောင်နေတဲ့
သူတစ်ယောက်မဟုတ်သလို
အိပ်ချင်ယောင်ဆောင်နေတဲ့
သူတစ်ယောက်လည်းမဟုတ်ပါဘူး...။
တကယ်တော့...
ငါဟာ...
သမားရိုးကျအိပ်ပျော်နေတဲ့
သူတစ်ယောက်ပါ
ကျေးဇူးပြုပြီး...
ငါ့ကို..လာမနှိုးပါနဲ့ 
ငါ့ရဲ့..မနက်ဖြန်တိုင်း
လန်းဆန်းစွာနိုးထနိုင်ဖို့ 
ငါ...အိပ်မက်လှလှမက်ပါရစေ...။
  အရှင်သာသန( လယ်တီသွေး)
      ခေတ္တ..m.s.y
     may.28.2015
အရှင်သာသန(လယ်တီသွေး)
လူတစ်ယောက်ရဲ့အကြောင်းကို...    
အပေါ်ယံလေးကြည့်ပြီး              
ဒီလူကတော့...
ကောင်းတယ်/မကောင်းဘူးစသည်ဖြင့်
လွယ်လွယ်လေး မဆုံးဖြတ်လိုက်ပါနဲ့ ...။
လူတစ်ယောက်ရဲ့အကြောင်းကို...
က..အစ
အ..အဆုံးထိ
သိနိုင်ဖို့ အတွက်                             
အကောင်းဆုံးနည်းလမ်းကတော့
သူနဲ့ ပေါင်းသင်းဆက်ဆံကြည့်ဖို့ ပါပဲ...။
" ဆန်ကောင်း/မကောင်း
   ထောင်းကြည့်မှသိ "
" လူကောင်း/မကောင်း
ပေါင်းကြည့်မှသိ " တဲ့...။
အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
  May.28.2015
အရှင်သာသန(လယ်တီသွေး)
သောမက်စ်အက်ဒီဆင်က...
သူ့ အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ
ဝန်ခံခဲ့ဖူးတယ်...။
" ကျနော် လျှပ်စစ်ဓာတ်အားတီထွင်ရာမှာ
  အောင်မြင်မှုရဖို့ အတွက်
  အကြိမ်တစ်သောင်းကျရှုံးခဲ့တယ် "တဲ့
တကယ်တော့...
ကျရှုံးမှုများလေလေ
အောင်မြင်မှု ကြီးမားလေလေပါပဲ...။
ကျရှုံးမှုတွေနဲ့ ကြုံတိုင်း...
စိတ်ပျက်အားငယ်စိတ်မမွေးပါနဲ့ 
မလျှော့သောဇွဲဖြင့်
အောင်မြင်အောင်ဆက်လက်ကြိုးစားပါ
သင့်အတွက်...
အောင်မြင်မှုပန်းတိုင်က
Welcome..ဆိုပြီး
လက်ကမ်းကြိုဆိုနေပါလိမ့်မယ်...။
အရှင်သာသန(လယ်တီသွေး)      
    ခေတ္တ..m.s.y
    May.26.2015
အရှင်သာသန(လယ်တီသွေး)
နှုမ်းခမ်းက...
ထွက်ကျလာတဲ့
စကားလုံးပေါင်းများစွာထက်
ရင်ထဲကလာတဲ့
စကားလေးတစ်ခွန်းက
ပိုပြီးတန်ဖိုးရှိပါတယ်...။
ဒါကြောင့်...
အပြောကောင်းသူဖြစ်ဖို့ ထက်...
အကောင်းပြောသူဖြစ်အောင်
ကြိုးစားပါ မိတ်ဆွေ...။
အရှင်သာသန(လယ်တီသွေး)
    ခေတ္တ..m.s.y
    May.24.2015
အရှင်သာသန(လယ်တီသွေး)
" လူ့ ဘဝ "ဇာတ်ခုံပေါ်မှာ
မိမိကိုယ်ကို...
ဟီးရိုးတစ်ယောက်ဖြစ်အောင်
မစွမ်းဆောင်နိုင်ခဲ့ရင်တောင်
ဗီလိန်တစ်ယောက်တော့
အဖြစ်မခံပါနဲ့ ...။
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
  May.25.2015
အရှင်သာသန(လယ်တီသွေး)
ကြားဖူးပါသည်...
" ပုတ်သင်ညိုသတ္တဝါတွေဟာ
နေရာဒေသအလိုက်
အရောင်တွေပြောင်းလဲသွားတတ်ကြတယ်တဲ့ "
မိမိတို့ ဟာ...                             
သူများခေါင်းညိတ်.ခိုင်းတိုင်း
အလွယ်တကူခေါင်းညိတ်တတ်တဲ့
ပုတ်သင်ညိုသတ္တဝါလေးတွေမဟုတ်ဘူးလေ
ဘယ်နေရာ...
ဘယ်ဒေသကိုပဲရောက်ရောက်
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ မှ
ကိုယ့်လူမျိုးရဲ့ ...
ဘာသာတရားနဲ့ 
ယဉ်ကျေးမှုကိုတော့
အရောင်တွေပြောင်းမပစ်လိုက်ပါနဲ့ ...။
အရှင်သာသန(လယ်တီသွေး)
      ခေတ္တ..m.s.y
     May.20.2015
အရှင်သာသန(လယ်တီသွေး)
ရိုးသားပြီး...
ကြိုးစားတဲ့
လူတစ်ယောက်ကို
လောကကြီးက
လက်ပိုက်ကြည့်မနေဘူး
သူ့ ရဲ့...
ကြိုးစားမှုနဲ့ ထိုက်တန်တဲ့
ဆုလာဘ်တစ်ခုကိုတော့
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ
သေချာပေါက်ပြန်ပေးမှာပဲ...။
အရှင်သာသန(လယ်တီသွေး)
     ခေတ္တ...m.s.y
    May.11.2015
အရှင်သာသန(လယ်တီသွေး)
အကယ်၍...
တစ်စုံတစ်ယောက်က
" ဘဝမှာအကြောက်ဆုံးအရာဟာ ဘာလဲ ?  "  လို့ 
မေးလာခဲ့မယ်ဆိုရင်...
"  လူလို့ အမည်ခံပြီး
လူသားမဆန်တဲ့အလုပ်မျိုး
လုပ်မိမှာကို အကြောက်ဆုံးပဲ     "   လို့ 
ဖြေမိမှာအမှန်ပဲ...။
လူသားမှန်လျှင်...
လူသားဆန်သင့်သည်
မဟုတ်ပါလား? ...။                         
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
   May.7.2015
အရှင်နန္ဒာစာရ (ထားဝယ်)
ပြိုင်၍မကောင်းသောအရာ
*******************
ဆေးဆရာသည် လူမမာနှင့်ပြိုင်၍
အသက်မထွက်ကောင်း။
လူကောင်းသည် အရူးနှင့်ပြိုင်၍
အဝတ်မလှစ်ကောင်း။
သူတော်ကောင်းသည် မသူတော်နှင့်
ပြိုင်၍ ဒေါသမထွက်ကောင်း။
ဒေါသကို ထိန်းနိုင်လေ အကျိုးရှိလေ
ပါပဲ။အကုသိုလ်ဖြစ်တဲ့ ဒေါသရဲ့
နောက်ဆက်တွဲဟာလည်း မကောင်း
ကျိုးပဲပေးလာမှာပါ။
ဒေါသော အတ္ထံ  နဇာနာတိ ဟုမြတ်ဗုဒ္ဓ
ဟောတော်မူတဲ့အတိုင်း ဒေါသဆိုတဲ့
အမှောင်ထဲကို ရောက်သွားတဲ့သူဟာ
အကောင်းဆိုး အကြောင်းကျိုးကို
မသိတော့လို့ပါပဲ။
အရှင်နန္ဒာစာရ
အမှန်တရား
********
အမှန်တရားဆိုတာ
ကိုယ်တစ်ယောက်တည်းအတွက်
မှန်နေဖို့မလိုပါဘူး
အများတွက်လည်း
မှန်နေဖို့လိုပါတယ်။
အရှင်နန္ဒာစာရ(ထားဝယ်)
အမှားကြာတော့ အမှန်ဖြစ်
*******************
အမှားတစ်ခုကို လက်ခံမိတဲ့အခါ
ကြာလာရင် အဲဒီအမှားကို
အမှန်လို့ထင်သွားတတ်တယ်။
ဒါကြောင့် မိမိအမှားကို
အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ။
မပြောင်းလဲတဲ့အရောင်(အရှင်နန္ဒာစာရ-ထားဝယ်)
မပြောင်းလဲတဲ့အရောင်
****************
ပတ္တမြားဟာ နွံနစ်နေပေမဲ့
အရောင်မပြောင်းလဲသလို
မြင့်မြတ်ဖြူစင်တဲ့ စိတ်ထားရှိသောသူ
ဟာလည်း ဘယ်လိုဘဝ ဘယ်လို
အခြေနေပဲရောက်ရောက်
အရောင်ပြောင်းမသွားပါဘူး။
အရှင်နန္ဒာစာရ(ထားဝယ်)
အနှိုင်းမဲ့ မေတ္တာပိုင်ရှင်
**************
ဝဓကေ ဒေဝဒတ္တမှိ
စောရေ အင်္ဂုလိမာလကေ
ဓနပါလေ ရာဟုလေစ
သဗ္ဗတ္ထ သမမာနသော။
         (ဓမ္မပဒ ပ-အုပ် စာမျက်နှာ ၉၄)
ငါဘုရားကိုသတ်သော ဒေဝဒတ်ရယ်
တောပုန်းဓားပြ အင်္ဂုလိမာလရယ်
ငါဘုရားကိုဝှေ့သတ်မည်ပြုတဲ့
နာဠာဂိရိဆင်ရယ်
ငါ့ရဲ့ရင်နစ်သည်းချာ သားတော်ရာဟု
လာရယ် အားလုံးသောသူတို့အပေါ်မှာ
ငါ့ရဲ့မေတ္တာစိတ်ဟာ တန်းတူညီတူပါပဲ
မခွဲခြားပါဘူးတဲ့။
သာမန်လူတွေ မေတ္တာမထားနိုင်တဲ့
မိမိကိုသေကြောင်းကြံတဲ့ ရန်သူနှင့် မိမိရဲ့ရင်နစ်သည်းချာသားတော်လေး
နှင့်တန်းတူထားတဲ့ ဘုရားရှင်ရဲ့
မေတ္တာ စိတ်ဟာ အနှိုင်းမဲ့ပါပဲနော်။
Fbဆော့ဝဲ
http://m.mobogenie.com/sharedetail/app.htm?id=4057620&site=GL
Monday, June 1, 2015
သြော်---အားလုံးဟာ နိဂုံးတွေပါပဲလား(အရှင်နန္ဒာစာရ-ထားဝယ်)
.
သြော်---အားလုံးဟာ နိဂုံးတွေပါပဲလား
**************************
မွေးဖွါးလာရခြင်းဟာလည်း သေခြင်း
တရားမှာပဲ အဆုံးသတ်ရပါတယ်။
ပျိုလာရခြင်း ဟာလည်း  အိုခြင်းတရား
မှာပဲ အဆုံးသတ်ရပါတယ်။
တွေ့ဆုံရခြင်းဟာလည်း ခွဲခွါခြင်းမှာပဲ
အဆုံးသတ်ရပါတယ်။
ပျော်ရွှင်ကြည်နူးခဲ့ဖူးတဲ့သူဟာလည်း
တစ်နေ့ဝမ်းနည်းရအုံးမှာပါ။
မြန်မာU20
မြန်မာကိုကမ္ဘာကသိစေပြီ
မြန်မာU20
Tuesday, April 28, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y April.22.2015
မိမိဖြတ်သန်းခဲ့တဲ့...
နေ့ စွဲလေးတွေကို
ဒိုင်ယာရီစာအုပ်ထဲမှာ
မှတ်သားတတ်တဲ့
အကျင့်ကလေးမွေးမြူပါ
နောင်တစ်ချိန်မှာ...
အဲဒီစာအုပ်လေးက
သင့်ရဲ့...
" ရွှေအိုရောင် နေ့ စွဲလေးတွေ " အကြောင်း
လူသားတွေကို
တစ်ဆင့်ပြန်ပြီးပြောပြပါလိမ့်မယ်...။
အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
  April.22.2015
အရှင်ပညာသိရီ(အလင်းရောင်)
*ကာမဂုဏ်တွေကြောက်စရာ*
               <><><><><><><><>
အပ္ပသာဒါကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ
သာယာဖွယ်နည်းပါး ဆင်းရဲပူပန်ရတာက များပါတယ်။
ဒီကာမဂုဏ်ငါးပါးမှာ အပြစ်ဒေါသတွေက အလွန်များပါတယ်တဲ့။
အဋ္ဌိကင်္ကလူပမာကာမာ-အာရုံငါးပါး ကာမဂုဏ် တရားတွေဟာ အသားမကပ်တဲ့ အရိုးနဲ့တူတယ်။
အသားကိုအပြောင်အစင်ခွာပြီး စွန့်ပစ်ထားတဲ့
အရိုးသက်သက်ကို ခွေးငတ်ခွေးပိန် တစ်ကောင်က
တွေ့တဲ့အခါမှာ ခွေးငတ်ခွေးပိန်ဟာ အဲဒီအရိုးကို
သွားရည်တများများနဲ့ ကိုက်ရှာပါတယ်။
အဲဒီလိုအရိုးကို သွားရည်တများများနဲ့ ကိုက်ပေမယ့်
ဝတယ်လို့မရှိပါဘူး၊ အားရခြင်းလည်းမရှိပါဘူး၊
တင်းတိမ်ရောင့်ရဲခြင်းလည်းမရှိပါဘူး၊
အညှီနံ့ နံနေတဲ့အတွက် အရိုးကိုစွန့်လည်းမစွန့်နိုင်ပါဘူး၊
အရပ်တစ်ပါးကိုလည်း မသွားနိုင်ပါဘူး၊
အရသာတွေ့လိပ်နိုးနိုး ဝလင်တင်းတိမ်နိုးနိုး
မျော်လင့်ချက်ကြီးစွာနဲ့ အဲဒီအရိုးကို အဖျားလှည့်ကိုက်လိုက် အရင်းလှည်းကိုက်လိုက်
အလည်ဖြတ်ကိုက်လိုက်နဲ့ အရသာမတွေမီဘဲ
သေသွားရပါတယ်......။
ထို့အတူ...လောကီအာရုံ ကာမဂုဏ်တွေကို
ရှာဖွေနေသူတွေဟာလည်း ခွေးငတ်ခွေးပိန်လေးနဲ့
တူပါတယ် ။
ဘယ်တော့မှ မတင်းတိမ်မရောင့်ရဲနိုင်ပါ..........။
                 ◇◇◇◇◇◇◇◇◇◇◇◇◇◇◇◇
◆◆◆နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◆◆◆
            ☆Ashin panna siri☆
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y April.2.2015
တရားအားထုတ်တဲ့ယောဂီဆိုတာ...
နိုင်ငံရေးသမားတွေ
ပါတီစွဲထားသလို
" ငါတို့ မိုးကုတ်နည်းကမှ ကောင်းတယ်
ငါတို့ မဟာစည်နည်းကမှ ကောင်းတယ်
ငါတို့  လယ်တီနည်းကမှ ကောင်းတယ် " စသည်ဖြင့်
မူဝါဒစွဲနေလို့ မဖြစ်ဘူး...။
တကယ်ဆိုရင်...
မိုးကုတ်နည်းလဲ ဘုရားဟော
မဟာစည်နည်းလဲ ဘုရားဟော
လယ်တီနည်းလဲ ဘုရားဟောပဲ
ယောဂီတို့ တရားအားထုတ်နေတဲ့
ပဋိစ္စသမုပ္ပါဒ်ထဲမှာလည်းပါသားပဲ
" ဥပါဒါန ပစ္စယာ ဘဝေါ "
( အစွဲအလန်းဟူသော အကြောင်းကြောင့်
ဘဝတွေဖြစ်နေရတာတဲ့ )
အစွဲအလန်းတွေထားနေသမျှတော့
ဘယ်လောက်ပဲ တရားအားထုတ်ထုတ်
" ဘဝသံသရာ " ကြီးထဲမှာ
ချားရဟတ်လို ချာချာလည်နေအုံးမှာပဲ ...။
မိမိကိုယ်ကို...
တရားအားထုတ်ပြီး
ရန်ဖြစ်တဲ့သူတစ်ယောက်
အဖြစ်မခံပါနဲ့ ...။
အရှင်သာသန(လယ်တီသွေး)
    ခေတ္တ...m.s.y
    April.2.2015
အရှင်ပညာသိရီ(အလင်းရောင်)
☆ကာမဂုဏ် မစွန့်သမျှ ဆင်းရဲရ☆
        ◇◇◇◇◇◇◇◇◇◇◇◇◇
တိဏုက္ကူပမာ ကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ မြက်မီးရှူးနဲ့
တူပါတယ်.....။
မီးစွဲလောင်နေတဲ့ မြက်မီးရှူးကို လေညာသို့
ယူဆောင်သွားမယ်ဆိုရင် အဖျားကစပြီး
အစဉ်အတိုင်း မီးလောင်လာတဲ့အတွက်
အဲဒီမျက်မီးရှူးကို ယူဆောင်တဲ့သူရဲ့
လက်တွေ ခြေတွေ ကိုယ်အင်္ဂါတွေကို
လောင်ကျွမ်းကုန်ပါတယ်....။
မြက်မီးရှူးကို မစွန့်လို့၊ အဲဒီမြက်မီးရှူးနဲ့
လောင်ကျွမ်းခံရတဲ့အတွက် သေမယ်ဆိုရင်လည်း သေသွားနိုင်တယ်...။
မသေးရင်လည်း သေလုနီးပါး ဆင်းရဲဒုက္ခကို ရောက်ရပါတယ်...။
ဘာဖြစ်လို့ ဆင်းရဲဒုက္ခရောက်ရတာလဲ...?
ဆိုရင် မြက်မီးရှူးကို မစွန့်လို့၊
လောကီအာရုံ ကာမဂုဏ်တွေကို မစွန့်နိုင်ရင်လည်း ဆင်းရဲဒုက္ခ
ရောက်ရပါတယ်......။
          <><><><><><><>
<><>နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း<><>
     ◆◆◆Ashin panna siri◆◆◆
အရှင်ပညာသိရိ(အလင်းရောင်)
"ပစ္စည်းများလေလေ ဆင်းရဲလေလေ"
         ◇◇◇◇◇◇◇◇◇◇◇◇
အင်္ဂါရကာကူပမာ ကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ မီးကျီးတွင်းနဲ့
တူပါတယ်....။
အပေါ်ယံမှာ ပြာတွေဖုံးနေတဲ့မီးကျီးတွင်းဟာ
အခိုးအလျှံ မီးတောက်တွေကို မမြင်ရတော့
မီးလို့ပင် မထင်နိုင်ပါ.....။
မီးဆိုတဲ့ အမှတ်သညာမရှိတဲ့အတွက်
မီးကျီးတွင်းထဲကို သက်ဆင်းတဲ့သူကို
မီးတောက် မီးလျှံထက်ပင် လောင်ကျွမ်း
ပူပန်စေပါတယ်....။
လောကီအာရုံကာမဂုဏ်တွေဟာလည်း
မီးတောက် မီးလျှံထက်ပင် ပူလောင်ပါတယ်။
အသက်သေဆုံးခြင်းအထိ ရောက်နိုင်ပါတယ်...။
အဲဒီအတူပဲ လောကီအာရုံကာမဂုဏ်တွေ
ဖြစ်ကြတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အထိအတွေ့တွေသာ အပြင်ပန်းကတော့
သာယာဖွယ်ယောင်ယောင် ဖြစ်နေကြတယ်။
ပူလောင်တယ်လို့ပင် မထင်ကြပါဘူး...။
အဲဒီကာမဂုဏ်တွေကို သာယာတပ်မက်
သိမ်းပိုက်မိမယ်ဆိုရင်တော့ မီးကျီးတွင်းထဲကို သက်ဆင်းကျရောက်တဲ့အခါမှာ
ပူလောင်တဲ့ ဆင်းရဲဒုက္ခကို ပြင်းထန်စွာ
ခံစားရသကဲ့သို့ "မီးကျီးထုထူထဲလေလေ
ပူလောင်လေလေ" ဝတ္ထုကာမတွေက
မီးကျီးထုနဲ့တူတဲ့အတွက် 'ဝတ္ထုကာမများလေလေ ပူလောင်လေလေ' ပစ္စည်းနည်းနည်းရှိတော့ နည်းနည်းပူရတယ်...။
ပစ္စည်းများများရှိတော့ များများပူရပါတယ်။
ဒါပေမယ့် လောကလူသားအားလုံးဟာ
ပူလောင်မှန်းမသိကြတော့ 'ပစ္စည်းများလေလေ ရှာဖွေလေလေပါပဲ....။
             **************
     <><>Ashin panna siri<><>
အရှင်ပညာသိရီ(အလင်းရောင်)
"သေတော့ ကိုယ့်နောက်မပါဘူး"
       ◇◇◇◇◇◇◇◇◇◇◇◇
သုပိနကူပမာ ကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ အိပ်မက်နဲ့ တူပါတယ်....။
အိပ်မက်ထဲမှာ ထီတွေပေါက်နေပေမယ့်
နိုးလာတဲ့ အချိန်ကြတော့မရှိသလို.........
အိပ်မက်ထဲမှာတော့ ဝမ်းသာပျော်ရွှင် နေပေမယ့်
နိုးလာတဲ့ အချိန်ကြတော့ ဝမ်းနည်းရသလို..
အိပ်မက်ထဲမှာ တိုက်တွေ ကားတွေနဲ့
နေ နေရပေမယ့်
နိုးလာတဲ့ အချိန်ကြတော့ ဘာတစ်ခုမှ
မရှိသလို........
ဟိုက်ကနဲ ဖြစ်သွားသလိုပါပဲ........
အိပ်မက်ဟာ တကယ်အနှစ်သာရ မရှိပါဘူး
ထို့အတူပါပဲ  အာရုံငါးပါးကာမဂုဏ်တရား
တွေဟာလည်း အနှစ်သာရမရှိပါဘူး......
ယာစိတကူပမာကာမာ-အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ ငှားရမ်းသုံးဆောင်တဲ့ ပစ္စည်းနဲ့တူပါတယ်....
ငှားရမ်းသုံးဆောင်တဲ့ ပစ္စည်းတွေကို
တစ်ချိန်ပြန်ပေးရလို စိုးပိုင်လို့မရပါဘူး......
ဒါကြောင့်-လောကီအာရုံကာမဂုဏ်တွေဟာ
သေသွားတဲ့အချိန်မှာ ယူသွားလို့မရပါဘူး...
စိုးပိုင်လို့လည်း မရပါဘူး......
လောကီအာရုံကာမဂုဏ်တွေဟာ တကယ်တော့ အနှစ်သာရမရှိပါဘူး.....။
           ◆◆◆◆◆◆◆◆◆◆◆◆
    <><>Ashin panna siri<><>
Wednesday, March 11, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y March.10.2015
မကြာသေးမီက...
အမေရိကန်အခြေစိုက်
သတင်းဌာနတစ်ခုရဲ့
ထုတ်ပြန်ကြေငြာချက်အရ
Facebookသုံးစွဲသူ
30%ရာခိုက်နှုံးမှာ
အိမ်ထောင်ရေးပြိုကွဲမှု
ပြဿနာနှင့်ကြုံတွေ့ နေရကြောင်းသိရှိရ...။
ရုပ်ပိုင်းဆိုင်ရာတွေ...
တစ်နေ့ တစ်ခြား
တိုးတက်လာမှုကြောင့်
ယခုဆိုရင်...
မြို့အစ/တောရပ်ဒေသတွေပါမကျန်
အင်တာနက်ကို
တွင်တွင်ကျယ်ကျယ်
အသုံးပြုလာတာကိုတွေ့ ရပါသည်
တကယ်တော့...
ကမ္ဘာ့ဂလိုဘယ်လိုက်ဇေးလိုက်ရှင်း
ခေတ်ကြီးထဲမှာ
ကမ္ဘာကြီးကို ရွာကြီးလိုပါမက
ပင့်ကူအိမ်လိုပါ
ချည်နှောင်ထားနိုင်တာမဆန်းလှပါ
သို့ သော်...
ဆေးတစ်မျိုးသည်
သက်ဆိုင်ရာရောဂါကို
သက်သာပျာက်ကင်းနိုင်တဲ့
အကျိုးအာနိသင်ပါလာသလို
ဘေးထွက်ဆိုးကျိုး
ပါလာနိုင်တယ်ဆိုတာကိုလည်း
မမေ့သင့်ပါ...။
ကဲ...
အင်တာနက်ရဲ့
ကောင်းကျိုး/ဆိုးကျိုးတွေကို
လေ့လာကြည့်ကြရအောင်
* အင်တာနက်၏ ကောင်းကျိုးများ *
၁။အင်တာနက်မှတစ်ဆင့်
  အလုပ်အကိုင်များ
  လွယ်ကူစွာရှာဖွေနိုင်ခြင်း
  ရောင်းဝယ်နိုင်ခြင်း
၂။စာတိုက်ပုံးခေတ်က
စာတစ်စောင်ရောက်ဖို့ အရေး
တစ်ပတ်လောက်စောင့်ခဲ့ရပေမဲ့
အင်တာနက်ရဲ့ကျေးဇူးကြောင့်
စက္ကန့် အနည်းငယ်အတွင်းမှာပင်
စာလုံးပေါင်းများစွာပေးပို့ နိုင်ခြင်း
၃။မိုင်ထောင်ချီပြီးဝေးနေပါစေ
  တစ်ယောက်ရဲ့ရုပ်ကို
  တစ်ယောက်က
  လွယ်ကူစွာမြင်နိုင်ခြင်း
၎။ချစ်သူရည်းစားတွေ
နှစ်ကိုယ်ကြားပြောသလို
တစ်ယောက်ရဲ့အသံကို
တစ်ယောက်က
လွယ်ကူစွာကြားနိုင်ခြင်း
၅။မိမိသိမ်းဆည်းလိုတဲ့
အရေးကြီးအချက်အလက်များကို
အင်တာနက်ပေါ်မှာ
တစ်စုတစ်စည်းတည်း
လွယ်ကူစွာသိမ်းဆည်းထားနိုင်ခြင်း
၆။အင်တာနက်ကနေ
ပရဟိတလုပ်ငန်းများဖြင့်
ကုသိုလ်ကောင်းမှု
အလွယ်တကူ ရယူနိုင်ခြင်း
၇။အချိန်နှင့်တပြေးညီ
ကမ္ဘာလောကကြီးရဲ့
ဖြစ်ပျက်နေသမျှအရာအားလုံး
အလွယ်တကူသိရှိနိုင်ခြင်း
စသည်တို့ ဖြစ်ပါသည် ...။
* အင်တာနက်၏ ဆိုးကျိုးများ *
အင်တာနက်ကို အလွန်အကျွံအသုံးပြုပါက
၁။အိပ်ရေးပျက်ခြင်း
၂။မိမိလုပ်သင့်တဲ့အလုပ်အကိုင်ပျက်ခြင်း
၃။ဘတ်ဂျက်ထိခြင်း
၎။အွန်လိုင်းပေါ်က
ဘာညာဘာညာတွေကြောင့်
စိတ်ပိုင်းဆိုင်ရာတွေ ခြစားလာနိုင်ခြင်း
၅။အင်တာနက်သည်
   ပန်းမုဆိုးတို့ ၏
   သားကောင်ဖမ်းရာ
ထောင်ချောက်ဖြစ်လာနိုင်ခြင်း
၆။အင်တာနက်သည်
လူလိမ်( 420 )တို့ ၏
  နားခိုရာဂေဟာဖြစ်လာနိုင်ခြင်း
၇။အင်တာနက်ကို
  ကိုယ့်မိသားစုထက်
  ပိုပြီးအလေးထားမိသည့်အတွက်
   မိသားစု၏အငြိုအငြင်ကိုခံရနိုင်ခြင်း
၈။အင်တာနက်ပေါ်က
အထာဇယားတွေကြောင့် အိမ်ထောင်ရေးအပ်ကြောင်းတွေ
ဖြစ်ပေါ်လာနိုင်ခြင်း
   စသည်တို့ ဖြစ်ပါသည်...။
** စကားချပ် **
အင်တာနက်သည်
သုံးတတ်လျှင်
ဆေးဖြစ်၏
မသုံးတတ်လျှင်
ဘေးဖြစ်၏
မိမိသည်
ဆေးကိုမှီဝဲနေတာလား?
ဘေးကိုမှီဝဲနေတာလား?
သေချာဆန်းစစ်ဖို့ တော့
လိုပါသည်...။
အရှင်သာသန(လယ်တီသွေး)
  ခေတ္တ...m.s.y
March.10.2015
Monday, March 2, 2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y March.3.2015
တကယ်တော့ ...
" ခေတ် " က ပြောင်းလဲသွားတာ
မဟုတ်ပါဘူး
လူသားတွေရဲ့  ...
လူနေမှုပုံစံ/အကျင့်စရိုက်တွေကသာ
ပြောင်းလဲသွားတာပါ...
မိမိလုပ်ချင်တာကိုလုပ်ပြီးမှ...
" ခေတ်ကြောင့် ခေတ်ကြောင့် " ဆိုပြီး
သက်မဲ့ဝေါဟာရတစ်ခုကို
ရိုးမယ်မဖွဲ့ ချင်ပါနဲ့ ...။
     အရှင်သာသန(လယ်တီသွေး)
         ခေတ္တ...m.s.y
         March.3.2015
အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y March.2.2015
သတိ!...
" စာမေးပွဲ" ရှိသည်
" ယောနိသောမနသိကာရ " လေးနဲ့ 
ကြိုးစားအားထုတ်တော်မူကြပါကုန်...။
     အရှင်သာသန(လယ်တီသွေး)
         ခေတ္တ...m.s.y
         March.2.2015
အရှင်သီလာနန္ဒ(မန္တလေး)
#သပ္ပု ရိသဒါနသုတ်#
         *********************
((သူတော်ကောင်းတို့၏ ပေးလှု ခြင်းငါးပါး))
၁။ ယုံကြည်သဖြင့် အလှု ကို ပေးလှု ခြင်း။
၂။ ရိုသေစွာ အလှု ကို ပေးလှု ခြင်း။
၃။ လျောက်ပတ်သောအခါ၌ အလှု ကို ပေးလှု ခြင်း။
၎။ (လှု ဖွယ်ဝတ္ထု ၌) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍
အလှု ကို ပေးလှု ခြင်း။
၅။ မိမိကိုယ်ကို၎င်း၊ သူတစ်ပါးကို၎င်း မထိပါးမူ၍
အလှု ကို ပေးလှု ခြင်း။
             ဤငါးပါးကို သူတော်ကောင်းတို့ ပေးလှု ခြင်း
ငါးပါးဟုခေါ်ပါသည်။
အကျိုးတရားကား===ဤကဲ့သို့ အလှု ကို ပေးလှု သောကြောင့်
ထိုပေးလှု သော အလှု ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝတို့၌
ကြွယ်ဝ၏။ ချ မ်းသာ၏။ များသောဥစ္စာရှိ၏။
အသုံးအဆောင် များပြား၏။ အလွန်အဆင်းလှ၏။
ရှု့ခြင်ဖွယ်ရှိ၏။ စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍာန်နှင့် ပြည့်စုံ၏။
         ထိုအလှု ရှင်၏ သား သမီး မယား ကျွန်အစေခံ
အမှုလုပ်တို့သည်လည်း စကားကိုနာယူကြကုန်၏။
နားထောင်ကြကုန်၏။ သိနားလည်ရန်စိတ်ကို ဖြစ်စေကြကုန်၏။
ထိုအလှု ရှင်အား အခါအားလျော်စွာ ရောက်လာကြကုန်သော
အကျိုးတို့သည် များပြားကြကုန်၏။
မြတ်ကုန်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ခံစားရန်
စိတ်ညွှတ်၏။
ထိုအလှု ရှင်အား မီးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ၊
မင်းကြောင့်ဖြစ်စေ၊ ခိုးသူကြောင့်ဖြစ်စေ၊
မချ စ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့်ဖြစ်စေ
မည်သည့်အကြောင်းကြောင့်မဆို စည်းစိမ်ဥစ္စာတို့
ပျ က်စီးခြင်းမဖြစ်ကုန်-ဟု မြတ်စွာဘုရားဟောတော်မူပါသည်။
              (အင်္ဂုတ္ထို ရ်ပါဠိတော်။ ပြန်။ ဒု ။
၁၉၁/၂။ ။ငါးခုမြောက် တိကဏ္ဍဏီဝဂ်။)