1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, October 22, 2012

တစ်ယောက်တည်းသာ

တစ်ယောက်တည်းသာ
အပူလှိုင်းဖြာ  ဝေဒနိကတွေနဲ့..
ဇမ္ဗူတစ်ဝိုင်းမှာ အဖြေ ညှိရရင်
လူတိုင်းဟာ  အမေရှိကြတယ်..။
မရေမရာ  ပဟေဠိတွေကြောင့်
ဇဝေဇ၀ါ  အဖေမသိတောင်မှ
သေချာတာ အမေရှိတယ်..။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ
လူတကာ ဖဲလေတဲ့
နူနာစွဲ  အမေလဲ  အမေ..။
အမြဲ  အလုပ်မလည်တဲ့
ပဲ ပြုတ်သည် အမေလည်း အမေ..။
မခင်တွယ် စိမ်းကြလေတဲ့
သဘင်သည်  ယိမ်းသမ အမေလည်း အမေ..။
ချစ်သဒ္ဒါဝေတဲ့
ပြည်တန်ဆာ အမေလည်း အမေ...။
ဘ၀င်မကျပေမဲ့
ညီမလေး အမေလည်း အမေ..။
ဥစ္စာဆိုတာ သူ့ အတွက် အရေးမကြီးတဲ့
သဌေးသမီး အမေလည်း အမေ..။
ကမ္ဘာကို တစ်ဖက်
အမေ့ မေတ္တာ တစ်ဖက်
ချိန်စက်ကြည့်ရင်  
အမေ့ မေတ္တာဘက်
အလေး လျှာထွက်တယ်ဆိုတဲ့ 
ရှေ့ဆရာတွေရဲ့ ဒီစကား
မမှားတန်ရာဘူး...။
ဆူချင်ဆူ  ဆဲချင်ဆဲ
နူချင်နူ  မွဲချင်မွဲ
ဖြူချင်ဖြူ မည်းချင်မည်း
အမေဟာ အမေပဲမို့
အသေချာ  ဝေခွဲလို့
..............စို့...
ကုမုဒြာအရှင်

No comments:

Post a Comment