ဆရာတော် သံဃာတော်များက ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက်
အဓိကထားကာ ဟောကြားသွားပြီး အခြားဘာသာရေးခေါင်းဆောင်များကလည်း ဆိုင်ရာ
ဘာသာတရားအလိုက် ဟောကြားသွားပါသည်။
အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးအေးလွင်(ကာဒေ့ရီယာ- အလီယာ)က
“ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုံးကသြဝါဒကို ခံယူကြဖို့၊
ဘာသာရေးခေါင်းဆောင်များကို စေ့စပ်ဖျန်ဖြေသူများအဖြစ်နဲ့ ဒီနေ့
အားကိုးအားထားပြုပြီးတော့ကား ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နေပါသည်။
ဘာသာတရားအသီးသီး အထင်လွဲမှားမှုများကို
ပြေပျောက်အောင်လုပ်သွားမယ်။ လက်မ မကောင်းရင် လက်မ၊ ခြေမ မကောင်းရင် ခြေမ၊
မသူတော်များကိုလည်း ဆိုဆုံးမပြီး ပြုပြင်ပြောင်းလဲအောင် ပြုလုပ်သွားရပါမယ်။
အဲဒီလို တစ်ချို့ကြောင့် အားလုံးကို အထင်အမြင်လွဲမှားမှုမဖြစ်စေရန်
ပြုလုပ်ဖို့အတွက် တာဝန်ရှိပါတယ်။
အစ္စလာမ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ငြိမ်းချမ်းရေးလို့
အဓိပ္ပါယ်ဆောင်ပါတယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ ပုဂ္ဂိုလ်ကို မူဆလင်ဟု
ခေါ်ပါတယ်။ မူဆလင်တစ်ယောက်ရဲ့ အဓိကခံယူချက်သည် မဟာလူသားပုဂ္ဂိုလ်ထူး
အသီးသီးကို ခွဲခြားမှုမရှိပဲ လက်ခံရမည်။
ကိုရ်အန်ကျမ်းမှာ မိမိနှင့် အယူမတူသော အခြားသောဘာသာများမှ
သာသနိကအဆောက်အဦးများကို စောင့်ရှောက်ရမယ်၊ ထိမ်းသိမ်းရမယ် ဟု
ဖော်ပြထားပါတယ်။
လူတွေကိုလည်း အားလုံးလူသားအဖြစ်နဲ့ လက်ခံရမယ်။
ဘာသာတရားအသီးသီးကိုလည်း အမှန်တရားကို ဖော်ထုတ်ခဲ့ကြတဲ့အတွက်
လေးစားကြည်ညိုရမယ်။ အစ္စလာမ်ဘာသာဝင်များအနေနဲ့ မေတ္တာနှင့်
ငြိမ်းချမ်းရေးမှလွဲ၍ မိမိတို့၏ ဘဝရပ်တည်ချက်မှာ ဘာရည်ရွယ်ချက်မှ
မရှိပါဘူး။ အထင်အမြင်လွဲမှားမှုများရှိရင် တွေ့ဆုံဆွေးနွေးပြီးတော့
ပြဿနာရပ်များကို ညှိနိုင်းဖြေရှင်းရပါမယ်။" ဟု ပြောကြားခဲ့ပါသည်။
အလ်ဟာဂ်ျ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်(ဦးစီးရှေ့ဆောင်-KAFTG-
ဃရာနာ အစ္စလာမ် သာသနာ ပရမတ္ထ မိသားစု အဖွဲ့ကြီး)က “ကျွန်တော့ရဲ့အိပ်မက်
တကယ်အကောင်အထည်ပေါ်လာလို့ အလွန်အင်မတန် ဝမ်းသာပါတယ်။
တမန်တော်မြတ်ကျင့်သုံးခဲ့တဲ့ ဂျီဟတ်ဆိုသည်မှာ လာပြီးကျူးကျော်သူကို
ခုခံစစ်သာ ဖြစ်ပါ တယ်။” ဟု ပြောသွားပြီး တမန်တော်မိုဟာမက်၏ မဒီနာ
ခုခံစစ်ကို ညွန်းဆိုသွားပါသည်။ ဆက်လက်ပြီး “မြန်မာနိုင်ငံသားတစ်ယောက်သည်
မြန်မာနိုင်ငံကို မချစ်ဘဲ မူဆလင်မ ဖြစ်ဘူး။ အလ္လာကိုယုံကြည်တယ်။ တမန်တော်ကို
ယုံကြည်တယ်ဟု ပြောလို့ မရဘူး။”ဟု ပြောကြားသွားပါသည်။
http://www.facebook.com/notes/wira-thu/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%95%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%85%E1%80%BC%E1%80%AC%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%B8/233456813464501
No comments:
Post a Comment