1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, March 2, 2015

အရှင်သီလာနန္ဒ(မန္တလေး)

#သပ္ပု ရိသဒါနသုတ်#
         *********************

((သူတော်ကောင်းတို့၏ ပေးလှု ခြင်းငါးပါး))

၁။ ယုံကြည်သဖြင့် အလှု ကို ပေးလှု ခြင်း။
၂။ ရိုသေစွာ အလှု ကို ပေးလှု ခြင်း။
၃။ လျောက်ပတ်သောအခါ၌ အလှု ကို ပေးလှု ခြင်း။
၎။ (လှု ဖွယ်ဝတ္ထု ၌) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍
အလှု ကို ပေးလှု ခြင်း။
၅။ မိမိကိုယ်ကို၎င်း၊ သူတစ်ပါးကို၎င်း မထိပါးမူ၍
အလှု ကို ပေးလှု ခြင်း။
             ဤငါးပါးကို သူတော်ကောင်းတို့ ပေးလှု ခြင်း
ငါးပါးဟုခေါ်ပါသည်။
အကျိုးတရားကား===ဤကဲ့သို့ အလှု ကို ပေးလှု သောကြောင့်
ထိုပေးလှု သော အလှု ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝတို့၌
ကြွယ်ဝ၏။ ချ မ်းသာ၏။ များသောဥစ္စာရှိ၏။
အသုံးအဆောင် များပြား၏။ အလွန်အဆင်းလှ၏။
ရှု့ခြင်ဖွယ်ရှိ၏။ စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍာန်နှင့် ပြည့်စုံ၏။
         ထိုအလှု ရှင်၏ သား သမီး မယား ကျွန်အစေခံ
အမှုလုပ်တို့သည်လည်း စကားကိုနာယူကြကုန်၏။
နားထောင်ကြကုန်၏။ သိနားလည်ရန်စိတ်ကို ဖြစ်စေကြကုန်၏။
ထိုအလှု ရှင်အား အခါအားလျော်စွာ ရောက်လာကြကုန်သော
အကျိုးတို့သည် များပြားကြကုန်၏။
မြတ်ကုန်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ခံစားရန်
စိတ်ညွှတ်၏။
ထိုအလှု ရှင်အား မီးကြောင့်ဖြစ်စေ၊ ရေကြောင့်ဖြစ်စေ၊
မင်းကြောင့်ဖြစ်စေ၊ ခိုးသူကြောင့်ဖြစ်စေ၊
မချ စ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့်ဖြစ်စေ
မည်သည့်အကြောင်းကြောင့်မဆို စည်းစိမ်ဥစ္စာတို့
ပျ က်စီးခြင်းမဖြစ်ကုန်-ဟု မြတ်စွာဘုရားဟောတော်မူပါသည်။

              (အင်္ဂုတ္ထို ရ်ပါဠိတော်။ ပြန်။ ဒု ။
၁၉၁/၂။ ။ငါးခုမြောက် တိကဏ္ဍဏီဝဂ်။)

No comments:

Post a Comment