1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, September 30, 2012

တို့မြန်မာ သင်္ကြန်

တို့မြန်မာသင်္ကြန်

နှစ်သစ်ကူးမှာပျော်စရာ
တို့ရဲ့သင်္ကြန်မဟာ
မြိုင်ဆိုင်ကာ တူယှဉ်တွဲ
ရေပတ်ကြတဲ့ပွဲ

ပိတောက်ရွှေဝါ ၀င်းဝါ၀ါ
ဖူးပွင့်ကြဝေေ၀ဆာဆာ
တစ်နှစ်တစ်ခါ ဆင်ခါနွှဲ
တို့ရဲ့ သင်္ကြန်ပွဲ

သက်ကြီးရွယ်အို ပူဇော်တာ
တို့မြန်မာ ဓလေ့ပါ
ရှင်ပြု နားသ အလှူပွဲ
 မြိုင်ဆိုင်ကာ ယှဉ်နွှဲ

အိုးစည်ဝိုင်းက ချပ်ချပ်ညံ
ပျော်လို့ရွှင်မဆုံးပြန်
မရိုးတန်း ကကွက်ချိုး
ဦးရွှေရိုး ဒေါ်မိုး

ဘုရားကျောင်းကန် သန့်ရှင်းကာ
ကုသိုလ်ယူကြတာ
ဘေးမဲ့လွှတ်ပွဲ ချိမ့်ချိမ့်သဲ
နှစ်သစ်ကူးမှပဲ

မောင်ရင်းနှမ ချစ်ကြည်ဖြူ
ကုသိုလ်ယူတော့ အတူတူ
ယဉ်ယဉ်ကျေးကျေး တူယှဉ်တွဲ
မြန်မာ့ သင်္ကြန်ပွဲ

နှစ်ဟောင်းက အညစ်အကြေးတွေ
သန့်ရှင်းစေဖို့လေ
အတာရေ ဆွတ်ကာဖြန်း
ကျန်းမာသန်စွမ်း စိတ်ရွှင်လန်း

ကုမုဒြာအရှင်

No comments:

Post a Comment