1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, September 28, 2012

လောကနဲ့သင်

လောကနဲ့သင်
တစ်လောကလုံး
သင့်ကို ပြုံးပြမယ်လို့ မမျှော်လင့်နဲ့
သူ့အပူနဲ့သူ
သင်ကတော့...
ခေါင်းငုံရင်လည်းပြုံး
အမုန်းတွေချည်နှောင်မထားနဲ့
အထုံးတွေဖြေ
တစ်လောကလုံး  
သင့်ကိုချစ်လာဖို့ဆိုတာကတော့မဖြစ်နိုင်
မေတ္တာသာ လှိုင်လှိုင်ပို့
သန်းခေါင်ညမှာရော
တောင်ထိပ်က အာရုဏ်ဦးမှာရော
အရူးလိုပဲပြောပြော
လူထူးလို့ပဲပြောပြော
သင်သိထားရမှာက
သူ့အပူနဲ့သူ
သယ်ဘယ်သူလဲ?
ရှင်မြဲတိုင်း အသက်ရှင်
ပေးဆပ်ခြင်း လွင်ပြင်မှာလေ
သူ့အတွေးနဲ့  သူ့အတ္တနဲ့ သူ့မာနနဲ့
သူ့ အပူနဲ့  
သူ ကြီးပြင်းရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့
သင်နဲ့တော့ မတူနိုင်
လောကနဲ့သင်
သင်နှင့်လောက
ညှိဖို့ကတော့ မဖြစ်နိုင်
မေတ္တာသာ လှိုင်လှိုင်ပို့...။

No comments:

Post a Comment