1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, February 17, 2013

နီကိုရှိုင်း ၀ . သ

..... အချစ်စစ်နဲ့ အမေ......

လူ့လောက လူ့ဌာန
မာယာသဘ၀တွေ
ဆွဲဆောင်မှုရသတွေနဲ့
ပြည့်နက်နေတဲ့ ကမ္ဘာမြေကြီးထဲ
အပြုံးစစ်စစ် အမုန်းမဖက်
နှလုံးသွေးစစ်စစ်
အဖြူရောင်အသစ်တွေနဲ့
အချစ်မှန်တွေကိုပေးခဲ့တာက အမေပါ......

နွေးထွေးလှတဲ့ ချစ်သူ့ရင်ခွင်
မွေးပျံ့လှတဲ့ ပန်းလွင်ပြင် ...တဲ့
မာယာရနံ့တွေနဲ့ ဆင်မြန်းထား
အကြင်နာ အတုယောင်များနဲ့
တန်ဆာဆင်ထားတဲ့ ၁၅၀၀ အချစ်
ပူပြင်းလွန်းလှပါတယ်.......

တကယ်တော့.......
နွေးထွေးတာက အမေ့ရင်ခွင်
မွေးပျံ့တာက အမေ့ချွှေးနံ့
ရနံ့သင်းပျံ့လွန်းလှပါတယ်
အစစ်မှန်တွေနဲ့
တန်ဆာဆင်ထားတဲ့
အမုန်းမရှိတဲ့
အမေ့ရဲ့ အနန္တချစ်မေတ္တာ
တစ်သက်တာ မေ့လို့ရင်မည်မထင်ပါဘူး.....

အေးမြလှတဲ့ ရင်ခွင်ထဲ
ခေါင်းဝှေ့ကာ တိုးဝင်ကြည့်
အမုန်းမရှိတဲ့ မြို့တော်
အမေ့ရဲ့.....
သားအတွက် အချစ်မေတ္တာ မြို့တော်ပါ.........

                  နီကိုရှိုင်း ၀ . သ

No comments:

Post a Comment