1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 20, 2013

စောနေသွေး

သူ
..........


သူ အရာရာသူပဲ
ဘယ်နေရာရောက်ရောက် သူပဲ
ငါရင်ဘတ်ထဲ အမြဲစိုးတယ်

သူ
သူမတူတဲ့အကြည့်
သူမတူတဲ့အသိနဲ့
ကျွန်ုပ်တို့ နှလုံးသားထဲ စိုက်ဝင်
အမှန်တွေပြင်လို့ အမြင်မှန်ပေး

အရာအားလုံးနဲ့ဝေးတဲ့ ပျော်စံရာ
အခေါ်မှန်တာ သူပဲလေ

မြူကင်းတဲ့ကောင်းကင်
ကျူမှင်းတဲ့ ဆောင်းသဇင်
သူရဲ့သတင်း ငါတို့အတင်းလိုက်ရှာမိ

အသိတစ်ချို့ကို သိစေဖို့
အသိတွေများစုဆောင်းရ

အကြည့်တစ်ခုကို ထိစေဖို့
အကြည့်တွေများဆောင်ကျဉ်းရ

သူပေါ့
တကယ် ငါတို့ရင်ဘတ်ထဲစွဲနေတာ သူပဲလေ

............

သူဆိုသော စကားကို ရိုင်းပြတယ်တော့ မထင်စေချင်ဘူးနော် ကဗျာချစ်သူ
သူဆိုသောနာမ်စား နေရာမှာ ကျွန်ုပ်တို့ အားကိုးရာ မြတ်ဗုဒ္ဓကိုရည်ပါသည်

အမှားပါလျှင် ငစောတစ်ယောက်သာခံယူပေမှာပါ
ကြိုးစားလျှက် စောနေသွေး

No comments:

Post a Comment