1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, July 2, 2013

*နားလည်သင့်တယ် ထင်ပါတယ်*(ကြယ်စင်ဖြူ-မန်းမြေ)


*နားလည်သင့်တယ် ထင်ပါတယ်*

မပြတ်သားဝံ့တာ မဟုတ်ဘူး.....
တခါတလေ
နားလည်ပေးနိုင်မလားဆိုတဲ့ စိတ်နဲ့ မျှော်လင့်နေခဲ့မိတာပါ.....

ရင်မဆိုင်ချင်တာမဟုတ်ဘူး....
တခါတလေ
ကိုယ်ခြင်းစာ စိတ်လေးနဲ့ နောက်ဆုတ်နေခဲ့ မိတာပါ....

ကိုယ်ကကြီး ကောင်းပြနေတယ်လို့လည်းမမြင်မိပါဘူး...
ကိုယ်ကပဲ ပေးဆပ်နေတယ်လို့လည်း မခံယူထားပါဘူး....

ဒါပေမယ့်
ကိုယ်ပေးသလောက် အပြည့်အ၀ပြန်မရရင်တောင်
အသိအမှတ်ပြုတာလေးတော့ ခံချင်သေးတာပေါ့....
ကျေးဇူးတင်စကားလေး မပြောချင်ရင်နေပါ....
ကိုယ့်စေတနာကိုတော့ အသိမှတ်ပြုသင့်တာပေါ့....

မဟုတ်ရင်
ငါလည်း ခံစားချက်ရှိတဲ့ သူပဲလေ
နာကျင်ကြေကွဲတတ်တယ်ဆိုတာ ကိုသိထားသင့်တာပေါ့....
— met ကုမုဒြာတွေ ပွင့်တဲ့ည




No comments:

Post a Comment