1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, June 4, 2014

သတိထားဖို့မမေ့နှင့် မြန်မာမိန်းကလေးများသတိထားဖို့ ပါ--


သတိထားဖို့မမေ့နှင့်
မြန်မာမိန်းကလေးများသတိထားဖို့ ပါ---ဒီစာကိုဖတ်ပြီးရင်share ပေးခြင်းလက်ဆင်.ကမ်းမျှဝေအသိပေးကြပါနော်..


ယိုးဒယားမှာ အလုပ်လုပ်နေတဲ့ တိုင်းရင်းသားညီငယ်လေးတစ်ယောက် ကျနော်မေးလ်ဘောက်(Mail Box) ထဲပို့ လာတဲ့ စာလေးကို သူ ရေးတဲ့ အတိုင်းလေးပဲပြန်ပြီးတင်ပြပါ့မယ်-ဒီညီလေးက ဗမာစာတော့ကျွမ်းကျွမ်းကျင်ကျင်မရေးတတ်ပေမဲ့ သူ့ ရဲ့ စေတနာလေးကိုတော့ မြန်မာပြည်သူတွေအားလုံးနားလည်လိမ့်မယ်လို့ ထင်ပါတယ်-

ကျနော်ဓါတ်ပုံတောင်းလို့  သူ ထဲ့ပေးလိုက်တဲ့ ပုံတွေကိုလဲ ရှယ်ပေးလိုက်ပါတယ်-မြန်မာအမျိုးသမီးများ သတိထားနိုင်စေဖို့ ပါ--အောက်ပါအတိုင်းပါပဲဖတ်ကြည့်ပါဦး


"ကျနောဦးကိုပြောပြချင်တယ်


အခုကျနောthailandမှာပါ


ကျနောယိုဒယားတစ်ယောက်နဲ့တအားခင်တယ်


သူကမြန်မာ'လော'ကမ္ဘောဒီယာကရောက်လာတဲ့အလုပ်သမားတွေကို


အလုပ်ရှာပြီးပို့ပေးတယ်


မနေ့ကကျနောကိုပြောပြတယ်


အခုkaraokeနဲ့အနိပ်ခန်းမှာအလုပ်သမားမရှိတော့


မြန်မာနိုင်ငံကိုလာပြီvisaတွေလုပ်ပေးပြီဒီအလုပ်တွေလုပ်ခိုင်းမယ်တဲ့


မြန်မာအမျိုးသမီတွေကိုလိမ်ခေါ်ပြီးပြည်တန်ဆာခန်းကိုသွင်းမယ်တဲ့


အယောက်တစ်ဆယ်ကျော်လောက်အလယ်visaနဲ့လာလုပ်ပေးပြီးခေါ်လာဖို့ပြောတယ်


ကျနောစာရေးပြီသတိပေးချင်တယ်မြန်မာနိုင်ငံသူမတွေကို


ဒါပေမဲ့ကျနောကပညာတတ်မဟုတ်တော့အဓိပ္ပါယ်စုံအောင်မရေးတတ်တော့ခက်တယ်


ဦးကိုအကူညီတောင်ပြီshareပေးသတိပေးပါလို့အကူညီတောင်းချင်ပါတယ်ဦးကျေးဇူးပါနောဦးကျနောနှောက်ယှက်တယ်လို့မမြင်နဲ့နောမြန်မာအမျိုးသမီးဘဝပျက်ဒါကိုမခံချင်လို့ပါ

ပြောတဲ့လူကဖီးအေ

အလုပ်က စာလာယာနှင့်စိုင်စီမာလိုပြောတယ်


ဒါပေမဲ့ဖီးအေဆိုင်မဟုတ်ဘူး


သူဋ္ဌေးတယောက်ကသူကိုခိုင်းဒါ


မြန်မာနိုင်ငံကိုသွားဖို့စာရိတ်အကုန်ကျခံပေးမယ်တဲ့


ဖီအေကမြန်မာကိုကျောက်စိမ်းအဝယ်ကိစ္စနှင့်မကြာခဏသွားပါတယ်


ဒီဘက်မှာတော့taxiမောင်းနေပါတယ်


နောက်တခုကမြန်မာကရောက်လာတဲ့အလုပ်သမားတွေကိုအလုပ်ရှာပို့ပေးတယ်


ဥပမာသူဋ္ဌေးက လစာ၁၀၀၀၀ဘာတ်ပေးရင်အလုပ်ရှင်က၈၀၀၀လောက်ပဲရတယ်


သူကကြားမှာတစ်လကို၂၀၀၀လောက်ဖြတ်စားတယ်၃'၅အထိအဲလိုပါ


ယောက်ကျားလေဆိုရင်အလုပ်ရှာခ ၅၀၀'1000ဘတ်အဲလိုယူပါတယ်ဦး


အခုမြန်မာကိုလာဖို့သူဋ္ဌေးကဘယ်လိုပေးတယ်ဆိုဒါမသိဘူး"

လို့ ရေးလာပါတယ်--

သူဆိုလိုတာက ယိုးဒယားသူဌေးတွေကလူပွဲစားဒတွေဌားပြီး မြန်မာ နိုင်ငံကအမျိုးသမီးတွေကို အလည်အပတ်ဗီဇာ နဲ့ ခေါ်ပြီး-ဟိုမှာပြန်ရောင်းစားဖို့ ပါပဲ--

ဒါကိုမြန်မာနိုင်ငံကပြည်သူတွေသိအောင်အသိပေးခြင်းပါပဲ--

မြန်ပြည်သူတွေအားလုံးမိမိ နီးစပ်ရာကိုပြန်လည်ဝေမျှ အသိပေးစေချင်ပါတယ်--


ပေးပို့ သူ ညီလေးအားလဲ လေးစားဂုဏ်ပြုလိုက်ပါတယ်--


လေးကြီး(ရှမ်းပြည်)

No comments:

Post a Comment