1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, June 25, 2014

အောင်မြင်တဲ့ ဒီဇိုင်နာဘဝမှ သီလရှင်ဝတ်သွားသူ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန်မြို...

အောင်မြင်တဲ့ ဒီဇိုင်နာဘဝမှ သီလရှင်ဝတ်သွားသူ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန်မြို...
Aye Chan Mon's Facebook Wall / 11 hours ago


အောင်မြင်တဲ့ ဒီဇိုင်နာဘဝမှ သီလရှင်ဝတ်သွားသူ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန်မြို့ဖွားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် တင်တိန်းဆိုတဲ့ ဒီဇိုင်နာကောင်မလေးဟာ အောင်မြင်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး ဗုဒ္ဓရဲ့ သမီးတော်အဖြစ် ခံယူသွားခဲ့ပါတယ်။

တင်တိန်းဟာ ချမ်းချမ်းသာသာနဲ့ နေထိုင်ခဲ့ရတဲ့သူပါ။ ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကတ်အလှပြင်သူအဖြစ်လည်း လုပ်ငန်းမှာ အလွန်အောင်မြင်နေသူဖြစ်ပါတယ်။

သူဟာ ရှန်ဒေါင်းပြည်နယ်၊ ကျင်ဒေါင်းတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းပြီးက တည်းက သူငယ်ချင်းတွေနဲ့ လုပ်ငန်းတစ်ခုထူထောင်နေရာက သီလရှင်အဖြစ် ဘဝပြောင်းသွားခဲ့တာဖြစ်ပါ တယ်။

တင်တိန်း သာသနာ့ဘောင်ဝင်သွားတဲ့ ဘုန်းကြီးကျောင်းဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၁၃,၀၀၀ မှာရှိတဲ့ နှင်းဖုံးနေတဲ့ တောင်ပေါ်မှာရှိပြီး လူသူအရောက်အပေါက်နည်းလှပါတယ်။ တရုတ်အမျိုးသမီးလေးတွေ ထဲမှာတော့ စွန့်နိုင်ခဲပြီး၊ လုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်ကိုင်သွားသူတစ်ယောက်ဖြစ်လို့ အားလုံးက အံ့အားသင့် နေကြပါတယ်။

ဘာဖြစ်လို့ သာသနာ့ဘောင်ကို ဝင်သွားရတာလဲလို့ သူ့ကိုမေးကြည့်လိုက်တော့ “ဘဝရဲ့ သေခြင်းနဲ့ ရှင်ခြင်း ဆိုတဲ့ ကာလတစ်ခုကြားမှာ နားလည်မှုတစ်ခုခုရှိဖို့ လိုတယ်လို့ထင်ပါတယ်။ ဆရာလေးဟာ ဒီလောကကို ရောက်လာပြီး ဘာလုပ်နိုင်သလဲဆိုတာကို အမြဲစူးစမ်းခဲ့တယ်။ အသက်ရှင်နေထိုင်ရတဲ့ ဘဝမှာ ဘယ်လို နေထိုင်ရမလဲဆိုတာလည်း အမြဲလေ့လာခဲ့တယ်။ ဒီအချိန်မှာ ဗုဒ္ဓက ဆရာလေးကို ဘယ်လို နေထိုင်ရမယ် ဆိုတာ လမ်းညွှန်ခဲ့တယ်” လို့ ဆိုပါတယ်။

No comments:

Post a Comment