1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, July 5, 2014

သတင်းတွေ

သတင်းတွေ
အတင်းတွေတင်ကြ ကြားကြ
ကဗျာတွေရေးကြ
အမှတ်တရတွေတင်ကြ ချကြ

ငိုသံတွေကြားရ
ရယ်သံတွေလဲကြားရ
ငါ့မျက်လုံးတွေ မမြင်ချင်ယောင်လဲဆောင်ရ
ငါ့နားတွေမကြားယောင်လဲ ဆောင်ရ

တခါတခါငါတို့ကဘာတွေလဲ
ငါတို့ကို ဘာလို့လဲ

သူတို့ကဘာတွေလဲ
သူတို့ကို ဘာလို့လဲ
ဘာလုပ်ခဲ့လို့လဲ

နိုင်ငံရေးကြောင့်
လူမျိုးရေးကြောင့်
အိမ်ထောင်ရေးကြောင့်
စီးပွားရေးကြောင့်
ဘာကြောင့်ညာကြောင့်
အကြောက်ကန်ငြင်းနေရတာလဲ
မလွန်ဆန်နိုင်တဲ့
ပစ်မလွဲသေခြင်းတရားကို သတိတချက်လောက်ရပေး

ငါဟာဘာလဲ
သူဟာဘာလဲ
အကုန်လုံးလဲမှ သိရမှာမဟုတ်ပါဘူး။

ငရရစ်လုံးကြီးတင်မသတ်ဝစ္စနှစ်လုံးပေါက်
ခခွေးရပင့်မသတ်ဝစ္စနှစ်လုံးပေါက်သဝေထိုးရခေါက်ဝစ္စနှစ်လုံးပေါက်

အဲဒီ အက္ခရာတွေကိုသေချာဖတ် အဲဒါငြိမ်းချမ်းရေးပဲ

စာမတတ်ကြတာမဟုတ်ဘူး
စာမဖတ်ကြတာပါ။

{စောနေသွေး}

No comments:

Post a Comment