1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, July 5, 2014

မတ္တာဘာဝနာနှလုံးသွင်း ကျင့်သုံးလို့ ရရှိသော မေတ္တာအကျိုး ( ၁၁ )ပါး"……။


"မေတ္တာဘာဝနာနှလုံးသွင်း ကျင့်သုံးလို့ ရရှိသော မေတ္တာအကျိုး ( ၁၁ )ပါး"……။
~~~~~~~~~~~
၁။ သုခံ သုပတိ=ချမ်းချမ်းသာသာ အိပ်ရတယ်…။

၂။ သုခံ ဗုဇ္ဈတိ =ချမ်းချမ်းသာသာ
နိုးရတယ်…။

၃။ န ပါပကံ သုပိနံ ပဿတိ =ယုတ်မာတဲ့ ကြောက်လန့်ဖွယ် အိပ်မက်ဆိုးများကို မမက်ဘူး…။

၎။ မနုဿာနံ ပိယော ဟောတိ = မြင်မြင်သမျှ လူအပေါင်းတို့ရဲ့ ချစ်ခင်မှုကို ခံရတယ်…။

၅။ အမနုဿာနံ ပိယော ဟောတိ=
မြင်မြင်သမျှ နတ်တွေရဲ့ အချစ်ကို
လည်း ခံရတယ်…။

၆။ ဒေဝတာ ရက္ခန္တိ =နတ်တို့က အမြဲမပြတ် စောင့်ကြပ်တယ်…။

၇။ နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္တံ ဝါ
ကမာတိ =ထိုမေတ္တာ ဘာဝနာ နှလုံးသွင်း ကျင့်သုံးတဲ့ ပုဂ္ဂိုလ်၏ ရူပကာယကို မီးလည်းမလောင်နိုင်ဘူး
အဆိပ်လည်းမဝင်နိုင်ဘူး,လှံ,ဓား အစရှိတဲ့ လက်နက်များလည်းမစူးဝင်
နိုင်ဘူး……။

၈။ တုဝဋံ စိတ္တံ သမာဓိယတိ =စိတ်
မြန်မြန် သမာဓိရတယ်…။

၉။ မုခဝဏ္ဏေ ပသီဒတိ =မျက်နှာ အဆင်းဟာလည်း အမြဲတမ်း ကြည်လင်သန့်ရှင်းပြီးတော့ နေတယ်…။

၁၀။ အသမ္မူဠှော ကာလံ ကရောတိ =သေရင်လဲပဲ မတွေ မဝေ သေရတယ်…။

၁၁။ ဥတ္တရိမပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလော
ကူပဂေါ ဟောတိ =အထက်ဖြစ်တဲ့
လောကုတ္တရာမဂ်ဖိုလ်ကို ပါရမီ မပြည့်စုံသေးလို့ မရရင်ထား,ဗြဟ္မာ့
ပြည်တော့လားရောက်ရတယ်…။

***Ashin panna siri***

No comments:

Post a Comment