(၅)တရားကို သင်ကြားရုံသာ သင်ကြားထားပြီးတော့ လက်တွေ့သိအောင် တရားအလုပ် အားမထုတ်ဘူး ဆိုရင်လဲ မြတ်စွာဘုရား သာသနာတော်မှာ သစ္စာလေးပါးကို ထိုးထွင်းသိတဲ့ အရိယာတွေ ဆိတ်သုဉ်းလာပြီး လူတွေက အယုံအကြည် နည်းလာကာ သာသနာတော်ကို မကြည်ညိုကြတော့ပဲ သူတော်ကောင်းတရားတည်းဟူသော သာသနာ့အင်အား နည်းသည်ထက်နည်းလာတဲ့ အတွက် ကြောင့်လည်း သာသနာတော်ကွယ်ကြောင်းပါပဲ။
နောက်တစ်နည်းအားဖြင့်ကတော့ (၁)ဘုရားဟောတရားတော် ပိဋကတ်စာပေတွေကို သင်ကြားပေးမည့်စာချဆရာတော်နှင့် စာသင်သားများ မရှိတော့ပဲ စာပေသင်ကြားမှု အားနည်းလာရင်လည်း ခက်ခဲနက်နဲသောစာပေပရိယတ်တွေကို ဘယ်သူတွေကမှ ဖြေရှင်းမပေးနိုင်သည့်အတွက်ကြောင့်လည်း သာသနာတော်ကွယ်နိုင်ပါတယ်။ (၂)တရားဒေသနာတော်များကို အကျယ်မဟောကြပဲနှင့် အကျဉ်းလေးမျှသာ တော်အောင်လျှော်အောင်ဟောကြပြီး တစ်ခြား လူပြိန်းကြိုက် ဇာတ်ကြောင်းတွေကိုသာ ချဲ့ထွင်ပြီးဟောကြားနေကြရင်လဲ သာသနာတော်ကွယ်ကြောင်းပါပဲ။ (၃)စာပေပရိယတ်ကို အကျယ် သင်ကြားပို့ချ မပေးဘဲ တော်အောင်လျှော်အောင် အကျဉ်းမျှသာ ပို့ချသင်ကြားပေးနေရင်လည်း ခက်ခဲနက်နဲသော ပဋ္ဌာန်းတရားလို တရားတော်ကြီးများကို ရှင်းလင်းပို့ချသူမရှိတော့ပဲ တဖြည်းဖြည်းနဲ့ သာသနာတော်ကွယ်ပါတယ်။ (၄)စာပေပရိယတ်ကို ကျယ်ကျယ်လောင်လောင် စိတ်ပါလက်ပါ ရွတ်အံသရဇ္ဈာယ်သူတွေနည်းလာပြီး စာပေပရိယတ်များကို ပျင်းရိညီးငွေ့စွာ စိတ်မပါ လက်မပါ သင်အံပို့ချနေကြရင်လည်း စာပေပရိယတ် ဆိုတာ ပျင်းရိငြီးငွေ့စရာတွေလို့ အထင်မှားပြီး စာပေပရိယတ်တတ်ကျွမ်းသံဃာတွေနည်းလာကာ တကယ့် သာသနာတော့်အရေး ကြုံလာရင် မဖြေရှင်း နိုင်ကြတော့ဘဲ သာသနာတော်ကြီးကွယ်ပနိုင်ပါတယ်။ (၅)ရဟန်းသံဃာတော်အချင်းချင်း စိတ်ဝမ်းကွဲပြီး ဂိုဏ်းစွဲ ၀ါဒစွဲ ဆရာစွဲတွေနဲ့ မညီမညွတ်ဖြစ်နေ ကြရင်လည်း သာသနာတွေအတွင်းသားတွေ အစိတ်စိတ်အမွှာမွှာကွဲပြားကာ သာသနာတော်ကွယ်နိုင်ပါတယ်။
အဓိကအချက်ကတော့ သာသနာ့ခေါင်းဆောင် ရဟန်းသံဃာတော်များ (၁)ဂန္ထဓူရ - စာပေသင်ကြားပို့ချမှု။ (၂)၀ိပဿနာဓူရ - တရားအားထုတ်မှုလုပ်ငန်း များကို မကျင့်ကြံကြဘူး၊ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို မကျင့်ကြံကြတော့ဘူးဆိုရင် ဧကန်မုချ သာသနာတော်ကွယ်မှာပါပဲ။
No comments:
Post a Comment