1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 21, 2012

လောကနီတိ အပိုင်း(၁)


 

                                               တန်ဖိုးရှိ လောကနိတီများ~ ..... 

                                           ~~~~~~~~~~~~~~  
(1) ပျင်းရိခြင်း၏ အကျိုးဆက်~

ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း ... အတတ်ပညာမရှိသောသူအား ဥစ္စာအဘယ်မှာ ရအံနည်း ...
ဥစ္စာမရှိသောသူအား ချမ်းသာအဘယ်မှာ ရအံနည်း ...
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း ...
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်ပါအံ့နည်း .....

(2) ပညာသည်သာ အရေးကြီး~

အတတ်ပညာနှင့် တူသော ဥစ္စာသည် မရှိ ...
အတတ်ပညာကို ခိုးသူတို့ မယူနိုင်ကုန် ...
ဤလောက၌ အတတ်ပညာကား အဆွေခင်ပွန်း ဖြစ်၏ ...
တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏ ...


(3) နေရာတိုင်းမှာ သုခမိန်မရှိ~

တောင်တောင်ဟူသမျှ၌ ပတ္တမြားမရှိ ...
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ ...
တောတောဟူသမျှ၌ စန္ဒကူးမရှိ ...
အရပ်တိုင်းအရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ .....


(4) ဖြည်းဖြည်းပြုရမည့် အရာများ~

အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏ ...
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏ ...
တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏ ...
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏ ...
အမျက်ကို ဖြည်းဖြည်းထွက်ရာ၏ ...
ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏ .....

(5) မိမိဥစ္စာ မဟုတ်~

လောက၌ ပေတို့၌ရှိသော အတတ်ပညာသည်လည်းကောင်း ...
သူတစ်ပါး၏ လက်တို့၌ရှိသော ဥစ္စာသည်လည်းကောင်း ...
ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်း အတတ်မမည် ...
သူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည် .....

No comments:

Post a Comment