1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

တရားနာရခြင်းအကျိုး

                ၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း။
၃။ ယုံမှား သံသယ ဖြစ်နေသော အချက်များ၌ ယုံမှား ကင်းရခြင်း။
၎။ အယူမှန် သမ္မာဒိဠိ ကို ရခြင်း။
၅။ သဒ္ဒါ ပညာ တိုးပွား၍ စိတ်ကြည်လင်ခြင်း။ ဘုရားရှင်တော် မပွင့်ပေါ်လျှင် သူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရများလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ပြ မြတ်ဓမ္မကြောင့် ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ်ကျေးဇူးဆပ်ဖို့ အမြိုက်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။
_/\_ *** _/\_ *** _/\_
အင်္ဂ္ဂုတ္ထိုလာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းတို့ တရားမနာ ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု ၊ ဓမ္မာနုဓမ္မ ပဋိပတ်ကွာ ဤငါးဖြာတည်း။
နောင်လာထို့ပြင် စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ၊ ဆုံးမမယူ ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

No comments:

Post a Comment