အိုအမေရယ်
မေ့ရင်ထဲက ထွက်ခွါခဲ့တဲ့
အချိန်ကာလကို
လက်ရည်ချိုးကြည့်တော့
ဆယ်နျစ်တောင်ကြာညောင်းခဲ့ပြီ အမေ
အိုအမေရယ်
သားမောင်မှာလွမ်းဆွေ
အမေမှာတမ်းလေးကို
ရင်မှာတမ်းတ၀မ်းနည်းလှပါတယ်အမေ
အိုအမေရယ်
စာသင်ကြွလှမ်းဓီစခန်းမှာ
ပညာရေးအလေးထား
သိမှုလည်းကြိုးစားပါသားရယ်လို့
အပြုံးမျက်ရည်စီးကျစေ၍
နှစ်လုံးကိုဖီရင်ကိုမချိအောင်
တပ်တာအလှ လက်ကာပြလျှက်
နုတ်ဆက်လေသလားအမေရယ်
အိုအမေရယ်
မြို့ကြီးက အနေလှတယ်တဲ့
တော်ကာမှကျမယ်ငါသားရယ်တဲ့
ကာမအာရုံစိတ်ကိုချုံ၍
ဖြူစင်စိတ်ထားပျက်မသွားနဲ့
အမေရင်ထဲ့က ဒီမှာတမ်း
သားရင်မှာ လွှမ်းခဲ့ရပါတယ်အမေ
အိုအမေရယ်
မာတုဂါမ ရုပ်အလှနှင့်
သဒ္ဒကောင်းခြင်း ရနံ့တင်းလည်း
ဖြူစင်စိတ်ထား ပျက်မသွားအောင်
စည်းတာကွယ်ကာ မေ့မေတ္တာက
ထုထည်ကြီးမားသာလွန်လှပါတယ်အမေ
အိုအမေရယ်
အမေကျေူဇူး မြင်မိုရ်ဦးကို
သားဘ၀ပေးကျေအေးပါရစေအမေ
အမေသာပျော်မယ်ဆိုရင်
ဆယ်ကမ္ဘာတိုင် ဒီလိုလေးနဲ့
သားအနေမခက် ကျေနပ်ပရစေအမေ
ကျေနပ်ပါရစေအမေ
ကျေနပ်ပါရစေအမေ.............။
No comments:
Post a Comment