1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, January 5, 2013

မမေ့သင့်သောသူများ

မမေ့သင့်သောသူများ

တစ်ခေတ်တစ်ခါ၊တစ်ချိန်ခါက
ငါတို့မြန်မာ၊ပြည်နိုင်ငံမှာ
သူရသတ္တိ၊စံတင်သည့်လူ
ဘ၀ဆန္ဒ၊နစ်နာခံလျှက်
အများကျိုးတွက်၊သက်စွန့်သည်လူ
မတစ်ထောင်သား၊တစ်ကောင်ဖွားသို
ထွန်တောက်ပေါ်ထွန်း၊လာခဲ့ဖူးသည် ။
မြတ်ဗုဒ္ဓရဲ့မမေ့အပ်ရာ
သံဝေဇန၊လေးဋ္ဌာနနှင်း
ကျေးဇူးနန္တ၊အမှတ်ရရှိ
သိရှိနေဖို့၊လိုအပ်သလို
ငါတို့ဘ၀၊ငါတို့လူမျိုး
ငါတို့ဘာသာ၊သာသနာကို
အစဉ်ငြိမ်းချမ်း၊နေခွင်ပြုခွင့်
လွတ်လပ်မှုဆီ၊ဆောင်ပေးခဲ့တဲ့
သူတို့ဖွားရာ၊ဇာတိဋ္ဌာနှင့်
သူတို့သတ္တိ၊စွမ်းဋ္ဌာနကြောင့်
ရရှိပေါ်ထွန်း၊ဖြစ်တည်ခဲ့တဲ့
ဇန်န၀ါရီ၊(၄)ရက်နေကို
ကျေးဇူးတော်နေ့လွတ်လပ်နေ့ကို
ငါတို့ရင်မှာ၊ထာဝစဉ်သိ
အမှတ်ရှိလျှက်၊မမေသင့်ဘူး။   ။
      တေဇလင်း(ရွှေညာမြေ)
လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဂုဏ်ပြုလွှာ

 


No comments:

Post a Comment