1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, January 26, 2013

အမေနေ့အမှတ်တရ(ဇိုးအွန်လိုင်းဗိုင်းရစ်)

လောကဘူတာရုံသို့
သမုဒ္ဒရာ ဗွေအာကာနှင့်
မြေပထဗျာ မြင့်မိုရ်ထုကို
တင့်လိုမှုစေတနာဖြင့်
ဖွင့်ဆိုပြုကာစာပန်းချီချယ်စေဦးတော့
ညပလီတယ် သည်စကားလုံးတွေမို့
အမေ့ဂုဏ်ထူးကိုတော့ မမှီသာ ရီစရာသာ ဖြစ်လိမ့်..။
စည်းခြားဘောင်ခတ် ပမာထွေထွေနဲ့
ကြီးမားခေါင်မြတ်မာတာမေမေကို
ဘာသာထွေထွေ စာလာပေတွေနဲ့
ရှာရှာဖွေဖွေ တင်ကာပြသော်လည်း
"ဘင်'' ကာလရယ်လို့ အဆုံးမရှိ
အပြုံးအတိ ပြီးနေသူ...။
တဏှာ အစ လူ့ ကံကြမ္မာကို
ပဇာယ အနုကမ္ပကာ ဖြင့်
ခုခံကာ တိုက် ဖျက် သူ့ဟန်မှာ မလိုက်ဖက်အောင်ပ
တသောညံ လောကဓံ စစ်တွေကြားက
ပြောရန်မရှိ အောင် သစ္စာထားလို့
ချစ်သဒ္ဒါပွားနေတဲ့ အမေ
က်ျသို့ က်ျနယ် ဂုဏ်ကြီးကျယ်ငြား
မာတာမိခင် နို့ဖိုးရှင်ကို
သတိရတိုင်း မျက်ရည်ဝိုင်းမို့
ကိုယ်နှုတ် စိတ်စဉ် က်ျသုံးအင်ဖြင့်
ကြင်ကြင်ခဏ ကျူးလွန်သမျှကို
ကျေအေးစေကြောင်း ခွင့်တော်တောင်းလျှက်
ပြာသိုလ်ညချမ်း လရောင် ဖြန်းစဉ်
မှန်းဆဦးခိုက် က်ျစာပိုဒ်ဖြင့်
သား ကန့်တော့လိုက်ပါရစေ..''အမေ''
finished
အမေနေ့အမှတ်တရနော်

1 comment:

  1. အမေများအားလုံးစိတ်ချမ်းသာမှုရရှိကြပါစေ

    ReplyDelete