1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, March 5, 2014

"လောကကြီးသည် လူသားတို့ရဲ့ ပညာသင်ယူနေရတဲ့ တက္ကသိုလ်"(အရှင်ပည.သိရီ)

"လောကကြီးသည် လူသားတို့ရဲ့
ပညာသင်ယူနေရတဲ့ တက္ကသိုလ်"
******************************
" 'လောကော သတ္ထာန မာစေရော
အတ္ထာနတ္ထ ပဒဿကော' "
------------------------------
'"လောကကြီးဟာ သတ္တဝါတွေ အတွက် အကျိုးအပြစ်ကို ညွန်ပြနေ
တဲ့ ဆရာကြီးဖြစ်တယ်.....။
ဘာဖြစ်လို့လဲဆိုရင်………………
"ခြင်္သေ့ဆီက သားကောင်ဖမ်းတဲ့ အခါ ကြီးကြီးငယ်ငယ် စွမ်းအား မလျှော့ဘူးဆိုတဲ့ အတတ်ပညာ တစ်ခုကို ယူရမယ်...။
"ဗျိုင်းဆီက သူငါးဖမ်းတဲ့အခါ အာရုံ တခြားမပျံ့လွင့်စေဘဲ စူးစူးစိုက်စိုက်
တည်တည်ငြိမ်ငြိမ် စောင့်ဖမ်းတဲ့ အတတ်ပညာတစ်ခုယူရမယ်."..။
"ခွေးများဆီက အရှင်သခင်ရဲ့ အလိုကို သိတတ်ခြင်း,ကျွေးသမျှနဲ့
ရောင့်ရဲခြင်း,အိပ်လွယ်ခြင်း,နိုးလွယ်ခြင်း,အရှင်သခင်ကို ခယဆည်းကပ်တတ်ခြင်း,ရောင့်ရဲ
လွယ်ခြင်းဆိုတဲ့ အတတ်ပညာ ခြောက်မျိုးကို ယူရမယ်."...။
"မြည်းဆီက ဘယ်လောက်အလုပ် လုပ်ရလုပ်ရ မပင်ပန်းခြင်း,အချမ်း အပူကို မမှုခြင်း,ရောင့်ရဲလွယ်ခြင်း,
ဆိုတဲ့ အတတ်ပညာ သုံးမျိုးကို ယူရမယ်"…။
"ကျီးကန်းဆီက လျှို့ဝှက်တဲ့နေရာ မှာသာ ကာမဂုဏ်ကို ခံစားခြင်း,
အရေးကြုံတဲ့အခါ စုပေါင်းညီညွတ်
ခြင်း,ဘယ်တော့မှ မမေ့မလျော့ဘဲ
ရန်သူက အငိုက်ဖမ်းလို့ မရအောင်
နေခြင်း,မပျင်းမရိခြင်းဆိုတဲ့ အတတ်ပညာလေးမျိုးကို သင်ယူရမယ်"…။
"ကြက်ဖဆီက တိုက်ခိုက်တတ်ခြင်း,
စောစောထခြင်း,တွန်ချိန်တန်ရင် တွန်ခြင်း,ဆွေမျိုးများနှင့်အတူတကွ
စားသောက်ခြင်း,ကြက်မဒုက္ခရောက်ရင် ကူညီစောင့်
ရှောက်ခြင်းဆိုတဲ့ အတတ်ပညာ
လေးမျိုးကိုသင်ယူရမယ်"…။
ဒါတွေဟာ တိရိစ္ဆာန်များဆီက လူတွေသင်ယူသင့်တဲ့ အတတ်ပညာတွေလို့ ညွန်ပြထား
တာရှိတယ်။
ယူတတ်တဲ့ အသိဥာဏ်ရှိသူ အတွက် သက်ရှိသက်မဲ့ လောကကြီးတစ်ခုလုံးဟာ အတတ်
ပညာစုံကို သင်ပြပေးနေပြီး အခကြေးငွေလည်းမပေးရ,အမြဲတမ်းလည်း ဖွင့်ထားတဲ့ တကယ့်တက္ကသိုလ်ကြီးပါပဲ....။
ရှေ့ကနီတိကျမ်းတွေကို ပြုစုခဲ့တဲ့
ပညာရှိကြီးတွေဆိုတာလည်း လောကကြီးကပေးတဲ့ အတတ်ပညာတွေကို သူတို့က ယူတတ်တဲ့ဥာဏ်နဲ့ယူပြီး တစ်ဆင့်ညွန်ပြပေးကြတာပါပဲ။
တစ်စက်တစ်စက်ကျတဲ့ရေတွေ
ကြောင့် အိုးကြီးတွေပြည့်လာတာ,
မြေကြီး တစ်မှုန့်ချင်းကိုစုပြီး ချတောင်ပို့တွေ တည်တာကိုကြည့်
ပြီး စီးပွားရေး,ပညာရေးအတွက်
ညွန်ပြခဲ့တာတွေကို ကြည့်ရင် လောကတက္ကသိုလ်ကြီးဟာ လူသားတွေအတွက် ဘယ်လောက်
ကြီးကျယ်ပြည့်စုံတယ်ဆိုတာ ခန့်မှန်းသာကြည့်ပါ

No comments:

Post a Comment