1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, March 5, 2014

“အဆင့်အတန်းဆိုတာ…” •••••••••••••••••••••••

“အဆင့်အတန်းဆိုတာ…”
•••••••••••••••••••••••
တစ်လောက ကျောင်းမှာလူစုံတော့ ဟိုပြောဒီပြော
ပြောကြရင်း နိုင်ငံခြားကို ရောက်နေတဲ့သူချင်း
အတူတူ အဆင့်အတန်းခွဲပြီး ဆက်ဆံတဲ့အကြောင်း
ပြောဖြစ်ကြပါတယ်။ နိုင်ငံခြားရောက်နေတဲ့
•အစိုးရဝန်ထမ်းတွေကလည်း ငါအစိုးရဝန်ထမ်းဆိုတဲ့
မာနနဲ့ ကျန်တဲ့သူတွေကို မတူသလို ဆက်ဆံတတ်ကြောင်း၊
•ကျောင်းတက်နေတဲ့ ကျောင်းသားတွေကလည်း
အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို
သူတို့လောက် အဆင့်မရှိသလို၊
ပညာမတတ်သလို အထင်သေးတတ်ကြောင်း၊
•အလုပ်သမားတွေ ရှုထောင့်ကကျတော့လည်း
သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ
အလုပ်လာလုပ်နေရပေမယ့် သူတို့အဆင့်အတန်းဟာ
ကျောင်းသားတွေ ဝန်ထမ်းတွေလောက် မနိမ့်ကျကြောင်း၊
အားလုံးဟာ ကိုယ့်အဆင့်အတန်းနဲ့
ကိုယ့်မာနနဲ့ကိုယ်ရှိကြကြောင်း ဘယ်သူ့ကိုမှ
ခွဲခြားပြီး ဆက်ဆံစရာ အကြောင်း မရှိကြောင်း
စသဖြင့် ပြောဖြစ်ကြပါတယ်။

တကယ်တော့ ဘယ်သူတွေ ဘယ်လိုပဲ
အဆင့်အတန်းတွေ သက်မှတ်ကြပါစေ ။
သူတို့တွေရဲ့ သတ်မှတ်ချက်တွေဟာ
ရာထူးတွေ၊ ဂုဏ်တွေ၊ လောကီပညာတွေ၊
ငွေတွေလောက်ပဲ ဦးစားပေးသတ်မှတ်ကြတာပါ။
အဲဒီ ရာထူးဌာနန္တရာ၊ ဂုဏ်ပဝါတွေဆိုတာ
အမှန်တော့ အဆင့်မြင့်တဲ့ အဆင့်အတန်းတွေမဟုတ်ပါဘူး။
“တဒင်္ဂအရှိ”ကို အဟုတ်ထင်ပြီး
“မာန” ဝင်နေကြတဲ့ သဘောပဲဖြစ်ပါတယ်။

♦သေချာတွေးကြည့်ရင် အဆင့်အတန်းဆိုတာ
“အကျင့်သိက္ခာနဲ့ အသိပညာ မြင့်မားမှု”ကို ဆိုတာပါ။
♦ရာထူးဌာနန္တရာ၊ ဂုဏ်ပါဝါတွေ ရှိနေပေမယ့်
အကျင့်မကောင်းဘူး၊ အသိမရှိဘူးဆိုရင်
အဲဒီသူဟာ “အဆင့်မရှိတဲ့သူ”ပါပဲ။
♦အကျင့်ကောင်းတယ်၊ အသိရှိတယ်ဆိုရင်
အဲဒီသူဟာ ရာထူးဌာန္တရာ၊ ဂုဏ်ပါဝါတွေ မရှိပေမယ့်
“အဆင့်မြင့်နေတဲ့သူ” ပါပဲ။

ဂုဏ်အဆင့်အတန်းတွေထဲမှာ
သီလဂုဏ်၊ ပညာဂုဏ်တွေဟာ
အဆင့်အမြင့်ဆုံး အဆင့်အတန်းတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့
လောကကြီးမှာ တဒင်္ဂ အရှိတရားတွေအပေါ်မှာ
မာနဝင်ပြီး အဆင့်အတန်း ခွဲခြားဖို့ထက်
အကျင့်သိက္ခာနဲ့ အသိပညာ ကောင်းအောင်သာ ကြိုးစားပြီး
ကိုယ့်ကိုကိုယ် အဆင့်မြင့်အောင် နေထိုင်ခြင်းကသာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။

-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

No comments:

Post a Comment