1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, March 5, 2014

“အမျှရနိုင်သောဘုံ နှင့် မရနိုင်သောဘုံ”

“အမျှရနိုင်သောဘုံ နှင့် မရနိုင်သောဘုံ”
••••••••••••••••••••••••••••••
ကွန်လွန်သူအတွက် အမျှရနိုင်သောဘုံ နှင့်
မရနိုင်သောဘုံ ဟူ၍ နှစ်မျိုးရှိ၏ ။
ထိုတွင် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ လူ့ဘုံ၊ နတ်ဘုံတို့သို့
ရောက်သွားလျှင် ဤဘ၀ကပေးသော အမျှကို
သာဓုမခေါ်နိုင်တော့ပေ။ သို့သော် မိမိရည်စူးသူ
မရသော်လည်း ဘ၀အဆက်ဆက်က
ဆွေမျိုးတော်စပ်ခဲ့ဖူးသည့်
မကျွတ်မလွတ်သေးသော ဆွေဟောင်းမျိုးဟောင်းများ
သာဓုခေါ်နိုင်သည့် အတွက် ကောင်းကျိုးရှိသည်သာ။

သာဓုခေါ်နိုင်သောဘုံကား ပြိတ္တာဘုံသာဖြစ်၏။
www.facebook.com/youngbuddhistassociation.mm
အသူရကာယ်သည် ပြိတ္တာအကြီးစား ပင်ဖြစ်၍
ပြိတ္တာဘုံထဲ အကြုံးဝင်သည်ဟု သိနိုင်သည်။
ပြိတ္တာလေးမျိုးရှိ၏။ ယင်းတို့ကား -
၁။ ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ခုပ္ပိပါသိကပြိတ္တာ
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
၎။ ကာလကဉ္စိကပြိတ္တာတို့ ဖြစ်သည်။

♦သူတစ်ပါးတို့ ပေးအပ်သောအစာကို အမှီပြု၍
အသက်ရှင်ရသော ပြိတ္တာကို
“ပရဒတ္တူပဇီဝိကပြိတ္တာ”ဟုခေါ်သည်။
♦ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းဖြင့်
အပြတ်အနှိပ်စက်ခံနေရသော ပြိတ္တာမျိုးကို
“ခုပ္ပပါသိကပြိတ္တာ”ဟုခေါ်၏။
♦အမြဲတမ်းအလောင်ကျွမ်းခံနေရသဖြင့်
ပူပန်ခြင်းရှိသော ပြိတ္တာကို “နိဇ္ဈာမတဏှိကပြိတ္တာ”ဟု ခေါ်၏။
♦အသူရကာယ်ဟု အသီးအခြား ခေါ်ဝေါ်အပ်သော
ပြိတ္တာအသူရကာယ်ကို “ကာလကဉ္စိကပြိတ္တာ” ဟု ခေါ်၏။

ကာလကဉ္စိကအသူရကာယ်၏ပုံသဏ္ဌာန်အကျယ်ကို
အဋ္ဌကထာတွင် ယခုလိုဖွင့်ပြထား၏။
www.facebook.com/youngbuddhistassociation.mm
ထိုကာလကဉ္စိက အသူရကာယ်တို့၌ အတ္တဘောသည်
သုံးဂါဝုတ်(ခြောက်မိုင်)မျှ ပမာဏရှိသောဟူ၏။
နည်းသော အသားအသွေးရှိ၏။
အရိုးအရေမျှသာ ရှိသည်အဖြစ်ကြောင့်
ဖက်ရွက်ခြောက်ကဲ့သို့သော ကိုယ်ရှိ၏။
ပုဇွန်တို့ကဲ့သို့ မျက်စိတို့သည် ထွက်၍
ဦးခေါင်း၌တည်ကုန်၏။
ခံတွင်းသည် အပ်နဖါးပေါက်နှင့်တူ၏။
ထို့ကြောင့် ကာလကဉ္စိကအသူရကာယ်တို့သည်
အောက်သို့ညွှတ်ကုန်း၍ အစာကို ယူစားရ၏။
(ဒီ ဋ္ဌ ၃-၅ )

■ မှတ်ချက်။ ။နိယတဗျာဒိတ်ခံယူပြီးသော
ဘုရားအလောင်းတော်တို့သည်
ခုပ္ပိပါသိကပြိတ္တာမျိုး၊ နိဇ္ဈာမတဏှိကပြိတ္တာမျိုးနှင့်
ကာလကဉ္စိကပြိတ္တာအသူရာမျိုး၌ မဖြစ်ဟု
အပါဒါန်သုတ္တနိပါတ် ဗုဒ္ဓ၀င်နှင့် စရိယာပိဋက
အဋ္ဌကထာတို့၌ အဆိုရှိရာ
“ပရဒတ္တူပဇီဝိက ပြိတ္တာမျိုး”ကား ဖြစ်နိုင်သေး၏။
(အပါဒါန ဋ္ဌ - ၁၊ ၁၅၇။ သုတ္တနိပါတ ဋ္ဌ-၁၊ ၄၅။
ဗုဒ္ဓ၀ံသ ဋ္ဌ-၄၁၆။ စရိယာပိဋက ဋ္ဌ-၃၂၁)
www.facebook.com/youngbuddhistassociation.mm
ပြခဲ့ပြီး ပြိတ္တာလေးမျိုးတို့တွင်လည်း
သေချာပေါက်အမျှရနိုင်သော ပြိတ္တာမျိုးသည်
ပရဒေတ္တူပဇီဝိကပြိတ္တာမျိုးပင် ဖြစ်သည်။

ရိုးရိုးပေးလှူရာ၌ အလှူခံပုဂ္ဂိုလ် ရွေးစရာမလိုသော်လည်း၊
တမလွန်က လူအတွက် လှူရာ၌ကား
အလှူခံပုဂ္ဂိုလ်ကို ရွေးရ၏။

“အမျှရအောင်ဝေနည်း အဆင့်ဆင့်”
••••••••••••••••••••••••••••••••
♠ ၁။ အလှူခံပုဂ္ဂိုလ်သည် သီလစင်ကြယ်သောသူ ဖြစ်ရမည်။
♠ ၂။ သေသူကို နာမည်ခေါ်၍ ကြိုတင်ဖိတ်ကြားထားရမည်။
♠ ၃။ အမျှပေးသောအခါ သေသူ၏နာမည်ကို ထုတ်ဖော်ရမည်။
♠ ၄။ အပ်စပ်သော လှူဖွယ် ၀တ္ထုများကိုသာ လှူရမည်။

(ဆွမ်း၊ သက္ကန်း၊ ကျောင်း၊ ဆေးစသည့် ဖြစ်ရမည်၊
အလှူခံရဟန်း၌ “ကပ္ပိယ”မပါလျှင် “ငွေ”များမလှူသင့်)

ထိုလေးချက်တွင် “အလှူခံပုဂ္ဂိုလ် သီလ”
စင်ကြယ်ဖို့ အရေးကြီးပုံနှင့် ပတ်သက်၍
ပေတ၀တ္ထုပါဠိတော်လာ၊ “စူဠသေဋ္ဌိပေတ၀တ္ထု”ကို
အကျဉ်းချုပ်ပြဦးအံ့။
www.facebook.com/youngbuddhistassociation.mm
အခါတစ်ပါး၌ အဇာတသတ်ဘုရင်သည် နန်းတော်
အထက်ကောင်းကင်မှ ဖြစ်သွားနေသော
ပုဂ္ဂိုလ်တစ်ယောက်ကို ထူးဆန်းစွာတွေ့မြင်လိုက်ရ၏။
ရဟန်းတစ်ပါးထင်ပြီး လိုအပ်ချက်ကို လှူဒါန်းရန်
လှမ်းပင့်လိုက်၍ ထိုပုဂ္ဂိုလ်သည်
အဇာတသတ်မင်းရှေ့သို့ ရောက်လာလေ၏။

ထိုပုဂ္ဂိုလ်၏ တစ်ကိုယ်လုံးတွင် အ၀တ်အစားမပါသကဲ့သို့
အသားစိုင်၊ အသားခဲဟူ၍လည်း တစ်ခုမှ မပါပေ။
အရိုးပေါ် အကြောပတ်ပြီး အရေပြားလေး ဖုံးရုံသာ ဖုံးထား၏။
ဦးခေါင်းမှာလည်း ဆံပင်မရှိဘဲ ပြောင်နေသည်ကို တွေ့ရ၏။
အဇာတသတ်မင်းသည် အံ့သြထိတ်လန့်စွာဖြင့် ယခုလိုမေးမြန်း၏။
“သင့်ကို ရဟန်းတစ်ပါးဟု ထင်မိ၏။ ဟုတ်ပါသလား”

“မဟုတ်ပါ၊ ပြိတ္တာတစ်ဦးသာ ဖြစ်ပါသည်”

“အဘယ့်ကြောင့် ပြိတ္တာဘ၀သို့ ရောက်ရပါသနည်း။
ပြောပြနိုင်လျှင် ပြောပြစေချင်ပါသည်”

“ပြောပြနိုင်ပါသည်၊ ကျွန်ုပ်သည်အရင်ဘ၀က
ဗာရာဏသီပြည်တွင် လူဖြစ်ခဲ့သည်။
မည်သည့် ဒါနကုသိုလ်မှ မလုပ်ခဲ့သလို
မည်သည့်သီလမှ မစောင့်ထိန်းဘဲ အကုသိုလ်နှင့်
နေခဲ့သည်။ ထို့ကြောင့် သေသောအခါ
ယခုလိုပြိတ္တာဘ၀သို့ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။”
www.facebook.com/youngbuddhistassociation.mm
“ယခု ဘယ်အရပ်သို့ သွားမည်နည်း”

“ကျွန်ုပ်၏ သမီးတစ်ယောက်သည် မိဘ
ဘိုးဘွားများအတွက် အလှူလုပ်ပေးမည်ဟု
ကြားသိရသောကြောင့် စားသောက်ခွင့်ရရန်
သာဓုခေါ်ခွင့်ရရန် အန္ဓက၀ိန္ဒမြို့သို့ သွားရောက်ပါမည်။”

“ထိုအလှူမှ အပြန်တွင် ၀င်ခဲ့ပါဦး၊
လိုအပ်ချက်ရှိနေလျှင် ကူညီလှူဒါန်းပြီး အမျှပေးဝေပါမည်။”

“ကောင်းပါပြီ”
ဟု ၀န်ခံ၍ ပြိတ္တာသည် ဆက်လက်
ထွက်ခွာသွားလေသည်။
www.facebook.com/youngbuddhistassociation.mm
အလှူကိစ္စပြီးသောအခါ
ထိုပြိတ္တာသည် ကတိအတိုင်း အဇာတသတ်ဘုရင်ထံသို့
ဝင်လာ၏။ ထိုအခါ အဇာတသတ်ဘုရင်က ယခုလို မေးမြန်း၏။

“ကုသိုလ်၏ အကျိုးကို ခံစားခဲ့ရပါ၏လော”

“မခံစားခဲ့ရပါ”

“အဘယ်ကြောင့် မခံစားခဲ့ရပါသနည်း”

“အလှူခံများသည် သီလမရှိသော
ပုဏ္ဏားများဖြစ်၍ မခံစားရခြင်း ဖြစ်ပါသည်။”

(မှတ်ချက်။ ။သူ့သမီးသည် ဗုဒ္ဓဘာသာဝင်မဟုတ်။
ဗြဟ္မာကိုကိုးကွယ်သော ဗြာဟ္မာဏဘာသာဝင်
(ဟိန္ဒူ) ဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားများကိုသာ
ဆွမ်းကျွေးခြင်း ဖြစ်သည်။)

ထိုအခါ အဇာတသတ်မင်းသည် သံဃာတော်များကို
ပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းပြီး အမျှပေးရာ
ထိုသူသည် ပြိတ္တာဘ၀မှ လွတ်မြောက်ပြီး
နတ်စည်းစိမ်ချမ်းသာကို ခံစားသွားရလေသည်။

■ဤအဖြစ်အပျက်မျိုး ယခုခေတ်မှာလည်း ရှိပေသည်။
မန္တလေးမြို့မှ ဘာသာခြားသူဌေးကြီးတစ်ဦး၏
သမီးငယ်လေးဆုံးသွားပြီး အိမ်ထဲမှာပင် ပြိတ္တာဖြစ်နေရှာသည်။
www.facebook.com/youngbuddhistassociation.mm
သူ့တွင် ၀တ်စရာ၊ စားစရာမရှိဘဲ ငတ်ပြတ်
ဆင်းရဲနေပုံကို ကိုယ်ထင်လည်းပြ၊
အိပ်မက်လည်းပေးသဖြင့် ထိုသူဌေးကြီးသည်
သူတို့ဘာသာဆိုင်ရာ ပုဂ္ဂိုလ်များကို
ပင့်ဖိတ်ပြီး အလှူပေးသည်။
မိန်းကလေးက သူမရကြောင်း ပြောသည်။
တခြား ဘာသာမှ ပုဂ္ဂိုလ်များကို ပင့်ဖိတ်ပြီး
အမျှပေးကြည့်ပြန်သည်။
မရကြောင်း ကိုယ်ထင်လည်းပြ၊ အိပ်မက်လည်းပေး၏။

နောက်ဆုံး ဗုဒ္ဓဘာသာနည်းအတိုင်း
ရဟန်းသံဃာတော်များပင့်၊ ကုသိုလ်ပြု အမျှဝေမှ
စည်းစိမ်ချမ်းသာများရကြောင်းကို
ကိုယ်ထင်လည်းပြ၊ အိမ်မက်လည်းပေးပြီး
တစ်ခါတည်း ကျွတ်သွားလေသည်။
www.facebook.com/youngbuddhistassociation.mm
လက်တွေ့ဖြစ်သဖြင့် ထိုဘာသာခြား သူဌေးကြီးက
ယခုလိုရဲရဲတောက် စကားတစ်ခွန်းကို
ဘာသာခြား မိတ်ဆွေများနှင့်တွေ့တိုင်း အမြဲပြော၏။

“တမလွန်ဘ၀က ပုဂ္ဂိုလ်ကို စည်းစိမ်ချမ်းသာ
ပေးလို့ရတာဆိုလို့ ဗုဒ္ဓဘာသာ တစ်ဘာသာပဲ ရှိတယ်။”

【မေတ္တာရှင်(ရွှေပြည်သာ)
“သင်လူတစ်ယောက်ဖြစ်ပြီလား” စာအုပ်မှ-
ကောက်နှုတ်ပူဇော်ပါသည် ။ ]
1Hou van · ·

No comments:

Post a Comment