1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 11, 2014

ဖတ်ဖြစ်အောင်ဖတ်နော်..(ကာရံ)

ဖတ်ဖြစ်အောင်ဖတ်နော်..
ကလေးကို ကလေးလို့မြင်ဘို့တော့လိုပါတယ်

မိမိတို့သားငယ်များသည် နံနက် ၇ နာရီမှ အိပ်ယာထသော်လည်း
သာမဏေငယ်လေးများနှင့် ရဟန်းငယ်တို့မှာ နံနက်တိုင်း ၄ နာရီ အိပ်ယာထ
ကိုယ်လက်သန့်စင်ပြီး မည်မျှပင်ချမ်းအေးနေပါစေ
အရုဏ်ဆွမ်းခံကြရန် ဖိနပ်မပါ ခြေဗလာဖြင့် တစ်နံတစ်လျား ကားဖြင့်တဖုံ ခြေလျင်ဖြင့်တစ်မျိုး
သင်္ဃန်းပါးလေးကို လက်ကန်တော့ထိုး၍ကြွကြရရှာပါသည်။

အစိုးရတန်းကျောင်းမှာလူသူငယ်တို့ သင်အံကျက်မှတ်ရသော သင်္ခန်းစာများထက် အဆပေါင်းများစွာပိုများသော ဓမ္မစာပေများကို တစ်နေကုန်နီးပါးသင်အံကြရရုံမျှမကနှုတ်တိုက်အာဂုံဆောင်နိုင်ရန်လည်း နေ့စဉ်နှင့်အမျှကြိုးစားအားထုတ်နေရရှာလေသည်။

နေ့လွဲညစာမစားခြင်းအစရှိသော ဥပုသ်သီလကိုစောင့်ထိန်းရသော
သာမဏေငယ်တို့ မှာ အမိအဘ
ဝေး၍ မိသားစု၏ နွေးထွေးယုယမှု
ပင်မခံစားရရှာသော်လည်း သင်တို့ ကျွန်ုပ်တို့ ၏ သားငယ်များမှာ
အပေါ့စားသီလများကိုပင် မစောင့်ထိန်း ။ မိဘရင်ခွင်၍ ၌
ဆိုးနွဲ့ပူစာ အယုယခံနေရလေ၏။

ဆောင်းတွင်းညအခါ ခြုံစောင်လေးများကတစ်ခြား သာမဏေငယ်လေးတို့ကတခြား
လွတ်နေသောစောင်ကို လိုက်လံခြုံလွှမ်းပေးသူမရှိဖြစ်နေချိန်၌
ကျွန်ုပ်တို့၏းငယ်လေးများသည်
၎င်းတို့အမေကထွေးပွေ့ထားခြင်းကို ခံနေရဆဲရှိသေး၏။

တစ်မနက်လုံဆွမ်းခံကြွရပြီး တစ်နေ့လုံးစာဝါ ကျက်မှတ် သင်အံနေရသော ရှင်ကြီးရှင်ငယ်တို့အဘို့ ကျောင်းတိုက်မြဲ၍ အညောင်းအညာလည်းပြေ သာမဏေဘဝတွင်လည်း အနေပျော် ကိုယ်ခန္ဓာဖွင့်ဖြိုးခွင့်လည်းတိုးတက်
တစ်ကိုယ်ရည်ကျန်းမာရေးလည်း
စောင့်ရှောက်ပြီးဖြစ်ကြစေရန်
ကျောင်းထိုင်ကျောင်းအုပ်တို့သည် တခါတရံ သာမဏေဆိုသော်လည်း ကလေးကို ကလေးလို အလိုလိုက်
ကာ သာမဏေတို့အား စောင့်ရှောက်ပျိုးထောင်အပ်လေသည်။

တစ်နေ့တာသို့မဟုတ် တစ်ပါတ်တစ်ခါ အချိန်နှင့်ဇယားပိုင်းခြား၍ဘောလုံးကန် ခြင်းလုံခတ် အစရှိသော သာမဏေတို့၏စိတ်နှင့်ခန္ဓာကိုယ်အာရုံ ဖြေဆေးများ ဖြင့်ု ဆရာတော်ကြီးများက ချော့မော့တိုက်ကျွေးရ ၏။

သာမဏေဆိုသည်မှာ များပြားလှသော ဝိနည်းသိက္ခာပုဒ်တို့ကြောင့် ဂုဏ်ရှိန်ကြီးမားလှသော်လည်း ကလေးသာဖြစ်၍ အိမ်လွမ်းတတ်၏ အမေလွမ်းတတ်၏ အဆော့မက်တတ်၏ ထိုကြောင့်မိမိတို့ သားငယ်များအပါအဝင် လူတိုင်းမ
လုပ်နိုင်သော ထိုသာမဏေ တို့၏
တစ်နေ့တာဘဝသည် ခက်ခဲလှကြောင်းကို စာသင်တိုက်ကြီးများ၌ အလွယ်တကူလေ့လာနိုင်ပါသည်။

ယနေ့ခေတ်တွင် လူ့အသုံးအဆောင်များသည် အလွန်တိုးတက်လှသည်ဖြစ်၍ ထို
အသုံးအဆောင်များကြောင့်ပင် နှစ်ရှည် စွဲမြဲစွာ စာပေပရိယတ္တိကို လိုက်စားလိုသော သာမဏေများရှား ပါးလာသောကြောင့် ဘောလုံအကန်ကြသော်လည်း စာဝါသင်အံမပျက် သည့် သာမဏေများကိုပင် ကျေးဇူးတင်တန်ဘိုးထားကြရပေမည်ဟု မိမိ၏ ရှုထောင့်ဖြင့်စာစီကြည့်မိပါတော့သည်။

မနုဿီဟ

ထေရဝါဒ တို့တိုင်းပြည်

No comments:

Post a Comment