1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, February 14, 2014

ဟိုတစ်လောက the voice ဂျာနယ်မှာ ကိုရင်လေးတွေ ဘောလုံးကန်တာကို ဝေဖန်ထားတဲ့ မောင်မိုးသု(မန္တလေး ) ရဲ့ ဆောင်းပါတစ်ခုကို ဖတ်ဖြစ်လို့  ဒီစာလေးကို ရေးလိုက်တာပါ ။

ဟိုတစ်လောက the voice ဂျာနယ်မှာ ကိုရင်လေးတွေ ဘောလုံးကန်တာကို ဝေဖန်ထားတဲ့
မောင်မိုးသု(မန္တလေး ) ရဲ့
ဆောင်းပါတစ်ခုကို ဖတ်ဖြစ်လို့ 
ဒီစာလေးကို ရေးလိုက်တာပါ ။

~~~~~~~~~~~~~~~~~~~~
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး လမင်း,ကြယ်တာရာတွေကို ချစ်လိုက်တာကွာဆိုပြီး ချစ်လို့လဲမရပါဘူး…။ မုန်းလိုက်တာကွာဆိုပြီး မုန်းလို့လဲမရပါဘူး...။
အောက်ကနေမော့ကြည့်ပြီး ပီတိ ဖြစ်နေတာက ကိုယ့်အတွက် ကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အဲ့ဒီသဘောလိုပါပဲ.........
အရပ်ဆယ်မျက်နှာရှိတဲ့ သံဃာတော်တွေကြည့်ပြီးချစ်လို့လဲမရပါဘူး ,မုန်းလို့လဲမရပါဘူး သံဃာတော်တွေကြည့်ပြီးပီတိ ဖြစ်နေတာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ ။
မောင်မိုးသုဆိုတဲ့ ဆောင်းပါးရှင်သာ တကယ်ကြည့်တတ်ခဲ့မယ်ဆိုရင်
ကိုရင်လေးတွေရဲ့ စာကျက်စာအံနေတဲ့ ပုံရိပ်လေးကို မြင်တွေ့ နိုင်မှာပါ။
ဝိသာခါ အနာထပိဏ်တို့လို ကိုရင်ငယ် ဦးပဉ္ဇင်းငယ်လေးတွေကို ကိုယ့်ရဲ့ တူလို ,သားလို သဘောထားလိုက်မယ်ဆိုရင် အပြစ်မြင်စရာမရှိပဲ ကြည့်ပြီး ပီတိဖြစ်နေမှာပါ။ ကလေးစိတ်မကုန်သေးတဲ့ ကိုရင်တွေကို သာသနာတော်မှာပျော်မွေ့အောင်ဘယ်လိုမွေးရမယ်ဆိုတဲ့အချက်ကပိုအရေးကြီးပါတရ်။ဆရာတော်ကြီးတွေလို သွားနေခိုင်းလို့မရဘူးလေ
ကိုရင်တွေဟာ နောင်တစ်ချိန်
ဆရာတော်ကြီးတွေဖြစ်သွားရင်
သူတို့ရဲ့ဂုဏ်ပုဒ်တစ်ခုကြောင့်
ဝေါနဲ့လာပင့်တာတောင် ဘောကန်
လိုက်မှာမဟုတ်ပါဘူး။
ဒါလေးသဘောပေါက်ဖို့ပါပဲ ။တနေ့တချိန်ကြရင်ဆရာတော်တွေဖြစ်လာမဲ့မျိုးဆက်သစ်ကိုရင်တွေသာသနာတော်မှာပျော်မွေ့သွားရင် အနာဂတ်သာသနာကို သူတို့လေးတွေ စောင့်ရှောက်မှာပါ။
******************************
မှတ်ချက် ။ဦးဇင်းရဲ့ဒီစာကိုရေးသား
ရခြင်းဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ်
အကောင်း အဆိုး ဆိုတာရှိတတ်စမြဲပါ ။ ဆိုးတာကြီးပြဲကည့်နေလို့မရပါဘူး
တစ်ဖက်မှာကောင်းတာတွေရှိနေသေးတယ်ဆိုတာကို သိစေချင်တဲ့သဘောနဲ့ ရေးသားရခြင်းဖြစ်ပါတယ် 

အရှင်ပညာသိရီ
(ဘိုကလေး)

No comments:

Post a Comment