1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 11, 2014

ဖတ်စေချင်တယ်

ဖတ်စေချင်တယ်
သတင်းထူးလား အရူးထတာလားမသိတော့ပါဘူးဗျာ ကျတော်အမေနဲ့ဘုရားကြီးသွားတာဗျ ၇နာရီလောက်ကပါ ရေတော်ဆရာတော်ကြီးလဲကြွနေပါတယ်။ဘုရားကြီး မျက်နှာတော်သစ်တဲ့ အချိန်မို့ပါ။လူတွေစည်စည်ကားကား အေးအေးချမ်းချမ်း ဘုရားဖူးနေကြတာပေါ့ဗျာ။အဲဒီမှာဗျာ မိန်းမတစ်ယောက်သိပ်မကြီးသေးဘူးဗျာ။ဘုရားကြီးထဲကို ဝင်ချင်တာတဲ့ အမျိုးသမီးများမဝင်ရ တားမြစ်ထားတဲ့ ထဲကိုတဲ့ဗျာ။အဲဒါ ရဲတွေက မဝင်ဖို့တားတော့ ရဲတွေကို အဲဒီဆိုင်းဘုတ်ကြီးနဲ့ရိုက်တာဗျ။ ရေတော်ဆရာတော်နောက်က ပါလာတဲ့ဘုန်းကြီးတွေက ဝင်ပြောတော့လဲ နင်တို့ဘုန်းကြီးတွေကြောင့် ဘာညာဆိုပြီးပြန်အော်တာ အားးးလန့်စရာပဲဗျာ။ပြီးတော့ရေတော်ဆရာတော် လက်လိုက်ဆွဲနဲ့ ရုန်းရင်းဆန်ခတ်ပါပဲဗျာ။နောက်ဆုံး ဘုရားရဲတွေက ဖမ်းချုပ်ပြီး တရွတ်ဆွဲခေါ်သွားကြတယ်။အမေဘုရားရှိခိုးနေလို့ အဲဒီဘောက်ပဲကြည့်လိုက်ရတယ်။ တစ်ယောက်ထဲ ကိုယ်တိုင်ကားမောင်းလာတာလို့ပြောတယ်ဗျ။ဦးနှောက်မကောင်းတာလား ဘာလားမသိဘူးဗျာ။ကိုယ့်ဘုရားကို ကိုယ်မှမလေးစားရင် ဘယ်သူလေးစားပါ့မလဲနော်။ယောကျာ်းနဲ့မိန်းမအားလုံးတန်းတူမို့ ဆန္ဒပြချင်လဲ တခြားနေရာသွားပြသင့်တယ်။ဘာပဲံဖြစ်ဖြစ် ဒီတစ်ခါပဲ တွေ့ဘူးတယ်ဗျာ။ကျတော်လဲ မိန်းမပါ။ဒါပေမဲ့ ဘုရားကိုယုံကြည်သလို ယောကျာ်းတွေလောက်မမြတ်တာကိုလဲ လက်ခံပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျတော်ဟာ ယဉ်ကျေးမှု့အစဉ်လာကြီးမားတဲ့ မြန်မာမိန်းကလေးတစ်ယောက်မို့ပါ။သိပ်သတ္တိကောင်းနေရင်လဲ တခြားနေရာမှာ အသုံးချစေချင်တယ်။ဦးနှောက်မမှန်တာဆိုရင်လဲ သေချာထိန်းကြပါဗျာ။ကျတော်တို့ အထွဋ်မြတ်ထားဆုံး ဘုရားမို့ပါ။အပြုသဘောပြောတာပါနော်။

No comments:

Post a Comment