1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, February 3, 2014

“သနားထိုက်သူပါတကား..”(ဇော်မင်းနိုင်)

“သနားထိုက်သူပါတကား..”
 
 ★ ဘုရားမြတ်စွာ၊ တို့ဆရာလည်း
ကြမ္မာဝဋ်ကြွေး၊ ဆပ်ရသေး၏၊
ဝဋ်ကြွေးရှိက၊ ပြေးမရဘဲ
ဆပ်ရသည်မှာ၊ ဓမ္မတာတည်း။

★ သောချာတွေးယူ၊ အလေးမူလော့
ပြုသူအသစ်၊ ဖြစ်သူအဟောင်း
သူကောင်းစကား၊ ရင်ဝယ်ထား၍
သင့်အားဆိုဆဲ၊ လူခပဲကို
စိတ်ထဲရွှင်မြူး၊ လွန်ချီးကျူးလော့။

★ အထူးရှည်ကြာ၊ သံသရာမှ
ပါလာတုံငြား၊ အပြစ်များမှ
ဖယ်ရှားပေးသူ၊ များဗိုလ်လူဟု
ကြည်ဖြူစိတ်ထဲ၊ မှတ်ယူစွဲ၍
ဆင့်ကဲဆန်းစစ်၊ သံသရာပြစ်ကို
ကြွေးသစ်ပမာ၊ ယူကြရှာသည်
လွန်စွာ သနားထိုက်သူပါတကား….။

(စာရေးသူ - မြစေတီ)
(သာကီနွယ်၊ အတွဲ ၁၊ အမှတ် ၇ မှ)

No comments:

Post a Comment