1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, February 23, 2014

"ကျင့်သုံးမှုနှင့် အကျင့်တရား" (အရှင်ပညာသီရိ)

"ကျင့်သုံးမှုနှင့် အကျင့်တရား"
******************************

ကိုးကွယ်ရာအမှန်ကား အကျင့်တရား (စရဏ)ပင်ဖြစ်၏...။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်
တက်ရမည်သာဖြစ်၏……။
ဟိုဘက်ကမ်းရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာဖြစ်၏...။
အနာရောဂါ ပျောက်လိုလျှင်
ဆေးသောက်ရမည်သာဖြစ်၏...။
ထို နည်းတူစွာပင် ဆင်းရဲလွတ်လို
လျှင် မကောင်းကျင့်ကိုရှောင်ရမည်
ချမ်းသာရလိုလျှင် အကောင်းကျင့်
ကို ကျင့်ရမည်ဖြစ်၏....။
ဒုစရိုက်ဟူသည် အပြစ်လည်းသင့်
၏......။
ဒုက္ခလည်းပေးတတ်သည်...။
သုစရိုက်ဟူသည် အပြစ်လည်း
ကင်း၏...။
သုခကိုလည်းပေတတ်သည်...။
သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်ရုံသာဖြစ်၏…။
ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို
ရှောင်ရှားရုံသာဖြစ်၏……။
တရားကျင့်သူကို တရားက ပြန်လည်စောင့်ရှောက်သည်....။
(ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ)
ထိုကြောင့် ကိုးကွယ်ခြင်းဟူသည်
ကျင့်သုံးခြင်းဖြစ်၏……။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့်
အသိဥာဏ် (သဒ္ဓါ နှင့်ပညာ) ညီညွတ်စွာပေါင်းစပ်၍ သတိဖြင့်
ကျင့်သုံးရပါသည်.....။
ဤ ကျင့်သုံးခြင်းဖြင့် ဒုက္ခ နှင့် ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကို
လည်း သိရမည်.....။
~~~~~~~~~~~~~~~~~~

No comments:

Post a Comment