1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, February 3, 2014

(အရှင်သုဇာတ မှပေးပို့သည်)


##################################
####################


 #####################################
###################

########################################
##########################

အဘိဓမ္မာတရားကျက်စားပြန်ဆိုစဉ် ဘုရား“ တ" ရသော
မင်းကွန်းတိပိဋကဆရာတော်ကြီး
---------------------------------------------------
၁၃၁၄ခုနှစ် ပဉ္စမအကြိမ်စာမေးပွဲကြီး၌ အဘိဓမ္မာဒုတိယပိုင်း၂ကျမ်းကိုအာဂုံပြန်ဆို
သဘောရေးဖြေနှစ်ထွေစလုံး ဂုဏ်ထူးဖြင့်ပင်အောင်မြင်တော်မူပြန်၏
ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်ဆိုသော်လည်း လွယ်လွယ်ကူကူအောင်မြင်ခဲ့သည်တော့မဟုတ်ပါချေ အဘိဓမ္မာဒုတိယပိုင်းမှာ
ယမိုက်-ပဋ္ဌာန်းကျမ်းကြီးများဖြစ်သဖြင့် အခက်အခဲများစွာတွေ့ခဲ့ရသည် ပုတီးကလေး
စိပ်ပြီးသမာဓိရအောင်ထူထောင်ခဲ့ရသည် ထက်သန်စူးရှသည့်ဥာဏ်ပညာ
ပြင်းထန်သည့်ဇွဲလုံ့လဝီရိယ တည်ငြိမ်သောသမာဓိ အားကောင်းသောသတိတို့ကို
အစွမ်းကုန်ထုတ်ပြီးကြိုးစားတော်မူခဲ့ရခြင်းဖြစ်၏ အဘိဓမ္မာတရားနက်နဲလွန်းပုံကို
မျက်ဝါးထင်ထင်တွေ့မြင်ရသဖြင့် ဘုရားရှင်ကို တ ယူရသည်အထိဖြစ်ခဲ့ရသည်
ဂါထာ၅ပုဒ်ရေးသားပြီး“အဘိဓမ္မာတရားနက်နဲလွန်းလှ၍ဘုရားတငါးဂါထာ"ဟူ၍
အရှင်ဝိစိတ္တသာရကိုယ်တိုင်အမည်ပေးခဲ့လေသည်၊၊

၁၊၊ဝိမလော တွံ မဟာဝီရ၊ စိတ္တိဿရိယ သုန္ဒရီ၊၊
တမဟံ အဘိဝန္ဒာမိ၊ သာရဂုဏံ နမဿိယံ၊၊
၂၊၊ဂမ္ဘီရာ ဒုဒ္ဒသာ နာထ၊ တုမှံ ဘိဓမ္မဒေသနာ၊၊
ဝိစိတ္တာ သဗ္ဗတော ဖုလ္လာ၊ မဟာသာလဝနံယထာ၊၊
၃၊၊တုမှံဝ ဂေါစရော ဧသ၊ နာဟံ ဂါဓံ တဟိံ လဘေ၊၊
သသောဝ သာဂရေ နာထ၊ ဂဟိတမ္ပိ ပမုဿတေ၊၊
၎၊၊တထာပါဟံ ဝိစိတ္တေသ၊ တုမှံ ဣဿရိယံ ဘဂံ၊၊
ပဏမ် သာဒရံ ဂါဟ် ၊ ပညာဓိတိဗလံ ယုဂံ၊၊
၅၊၊တေနာဟံ ပတရေယျာမိ၊ အဘိဓမ္မမဟဏ္ကဝံ၊၊
ပါလယဿု မမံ ကိစ္စံ၊ တွဥှိ မယှ ပရာယဏော၊၊
ဂါထာ၅ဂါထာအနက်ပထမဂါထာမှာမိမိ၏ဘွဲ့တော်ကိုအစ၌တင်၍ ဘုရားရှင်ကို
ရှိခိုးသောဂါထာဖြစ်သည် ဂါထာ၎၏ပါဒအစ၌ဝိစိတ္တသာရဟူသောဘွဲ့တော်ကိုတွေ့ရ
မည်ဖြစ်သည်
ဂါထာများ၏မြန်မာပြန်အကျဉ်းချုပ်မှာ----
၁၊၊မဟာဝီရိယအရှင်မြတ်စွာဘုရား အရှင်ဘုရားသည် ကိလေသာအညစ်အကျေး
ကင်းတော်မူပါ၏ စိတ်တော်ကိုအစိုးရခြင်းဖြင့်ကောင်းခြင်းဂုဏ်ရှိတော်မူပါပေ၏
အနှစ်သာရဂုဏ်ပေါင်းခ၍ ရှိခိုးသင့် ရှိခိုးထိုက်သော ထိုရှင်တော်မြတ်ဘုရားကို
အကျွန်ုပ်(တပည့်တော်)ရိုသေစွာရှိခိုးပါ၏၊၊
၂၊၊နာထဂုဏ်ရှင်မြတ်စွာဘုရား အရှင်ဘုရားတို့၏အဘိဓမ္မာဒေသနာတော်သည်
နက်နဲလှပါ၏ မြင်နိုင်ခဲလှပါ၏ ဆန်းကြယ်လှပါ၏ အင်ကြင်းတောကြီးကဲ့သို့အလုံးစုံ
ပွင့်လန်း၍နေပါ၏
၃၊၊နာထဂုဏ်ရှင်မြတ်စွာဘုရား ဤအဘိဓမမာဒေသနာတော်သည် အရှင်ဘုရားတို့၏
ကျက်စားရာသာဖြစ်ပါ၏ အကျွန်ုပ်ကား မဟာသမုဒ္ဒရာ၌ယုန်သူငယ်ထောက်တည်ရာ
မရသလို ထိုအဘိဓမ္မာ၌ထောက်တည်ရာမရနိုင်ပါ
၎၊၊သီလစသားဆန်းကြယ်သောဂုဏ်တော်များကိုရှာမှီးတော်မူတတ်သောမြတ်စွာဘုရား
ထိုသို့ပင်ဖြစ်ပါသော်လည်း အကျွန်ုပ်သည် အရှင်ဘုရားတို့၏ဣဿရိယဘုန်းတော်
ကို ရှိခိုးဦးချ၍ ပညာ-သမာဓိအစုံကိုရိုသေစွာယူဆောင်ပြီးလျင်---
၅၊၊ထိုပညာ သမာဓိအစုံဖြင့် အဘိဓမ္မာသမုဒ်အဏ္ကဝါကြီးကို အကျွန်ုပ်ကူးခတ်ပါအံ့
မြတ်စွာဘုရားသည် အကျွန်ုပ်ကိုအမြဲမပြတ်စောင့်ရှောက်တော်မူပါ အရှင်ဘုရားသည်
အကျွန်ုပ်၏ အားထားမှီခိုရာအစစ်ဖြစ်တော်မူပါသည်အရှင်ဘုရား၊၊

ဤသို့နည်းမျိုးအသုံးပြုကာ မလျော့တမ်းဇွဲဖြင့်ကြိုးစားတော်မူခဲ့ခြင်းကြောင့်
အောင်ပန်းပန်နိုင်ခဲ့ခြင်းဖြစ်ပါသည်၊၊

ရွှေရတုတိပိဋကဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသရေးသားပူဇော်ထားသော
“တိပိဋကအရှင်မြတ်များ၏ဖခင် ကမ္ဘာကျော်မင်းကွန်းထေရ်ရှင်"စာအုပ်မှ
ကောက်နှုတ်ပူဇော်ပါသည်၊၊
အရှင်ခေမိန္ဒ(ဝိနယပါဠိပါရဂူ ဝိနယမဟာဝိဒူ)
— met အရှင် သုဇာတ en 99 ande
 #########################################
#######################
ပုဂံမြေ
ပေါက္ကံပြည်
အရိမဒ္ဒနပူရအမည်တွင်သလေ
ဗုဒ္ဓသာသနာတစ်ဖန်ထွန်းတောက်ရာမြေ
ဘုရားပုထိုးစေတီများစွာရှိရာမြေ
လှည်းဝင်ရိုးသံတစ်ညံညံလို့တင်စားခံခဲ့ရတဲ့မြေ
မင်းများနန်းစိုက်ခဲ့ရာမြေ
ယဉ်ကျေးမှုများထွန်းကားတဲ့မြေ
ဘာသာတရားချိုမြခဲ့ရာမြေ
သာသနာပြန်လည်ထွန်းကားခဲ့ရာမြေ
အမွေအနှစ်များပေါတဲ့မြေ
သဘာဝလှတဲ့မြေ
အစုံပါလေ

ပုဂံတဲ့
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့
စကားပုံအလေ့ကထင်ရှား
ပုဂံသူပုဂံသားတွေရဲ့လုပ်အား
နေထွက်မှနေဝင်လှုပ်ရှားနေရသားပေါ့

ရှင်အရဟံနဲ့ဘုရင်အနော်ရထာ
တို့များမျက်လုံးတွေကိုဖွင့်
လမ်းစစ်ကိုညွှန်ပြ
ဒီပုဂံမှာစ
ဘာသာ သာသနာအရောင်ထွန်းလင်းစေခဲ့တာသတိရဖို့မမေ့ကြစို့

သာသာနာထွန်းကာရာမြေ
နန်းစိုက်ရာမြေ
တို့အမွေယဉ်ကျေးမှု
တစ်ဖဝါးသားမှလာမလုနဲ့
ပုဂံသားတဲ့
အကြွားမပို
ကိုယ့်မြေကိုချစ်မြတ်နိုးတာအဟုတ်ပါဆို

ပုဂံအလှသဘာဝအရိပ်ခိုလှုံ
ပုဂံအလှသရုပ်စုံ
နေမင်းကိုတင်စားရင်ကိုခုန်စေ
တစ်နေ့တာကိုသရုပ်စိုစေပါပေါ့

လှည်းဝင်ရိုးသံတစ်ညံညံတဲ့
စကားပုံအလှနဲ့တင်စား
ပုဂံဘုရားများပေါ့
ဘုရင်အနော်ရထာကစ
စေတီပုထိုးများစွာတည်ထား
မင်းအဆက်ဆက်ကဆက်ကာပွား
တည်ထားကြတာမနည်း
သာသနာထွန်းကားမစဲပါပေါ့

ရာဇဝင်မှာတော့
မင်း မင်း မင်း
အကောင်းအဆိုးရောပြွမ်းအခင်းကြွ
လူနေမှုဘဝများစွာ
မင်းကောင်းတော့စည်ပင်လှတာ
မကောင်းတော့အသက်အိုးအိမ်များစွာ
မြေဇာပင်ဖြစ်ခံရ
မင်းဆိုတာလူများနှစ်သက်စေမှအစစ်အမှန်ပါပေါ့

အိုးးးးးးးး
အမောင်
ရောင်နီလာပြီ
ထလော့အားကို စီ
လှုပ်ရှားလော့မာန်ကိုဖီ
နေရောင်အောက်မှာဥာဏ်ကိုမှီ
သတိကိုချည်
အလှကိုယ်စီပြ
လုပ်အားကြွကြပါ
နေရောင်အချက်ပြ
အနော်ဖက်ဆီတိမ်းဝင်ကာမှ
လုပ်အားချ
ပြန်လာပါ့အမိအိမ်
အမောင့်ကိုရောင်နီပြိမ်းစွာစောင့်နေပါ့မယ်တဲ့သဘာဝအထိန်တွေကညွှန်ပြ
ပုဂံသားအလှ
နေရောင်သဏ္ဍာန်နဲ့အတူကြွပါပေါ့

သည်မြေဟာတို့မြေ
တို့သာသနာ ဘာသာထွန်းတောက်ရာမြေ
ယဉ်ကျေးမှုအမွေအနှစ်တွေထိန်လင်းရာမြေ
သဘာဝအလှပေါရာမြေ
တို့တစ်တွေကာကွယ်ထိန်းရမှာပါ့

ကျေးဇူးကိုမသိ
ဘာသာသွေးမရဲနီဘိ
သာသနာအရေးအမြင်မရှိ
အမျိုးသားရေးမျက်ကွက်ဖိထား
ပုဂံကိုမထေပြုသလားပေါ့

ဟေ့ ဒါဟာတို့မြေ
ငါတို့ဟာပုဂံသား
တို့အသွေးအသားတွေစတေးကာထား
တို့ဘိုးဘွားဘီဘင်တွေရဲ့ကျေးဇူးတရား
သင်တို့မသိကြပေဘူးလား
သိလျက်မသိကျိုးကျွန်
ပုဂံရဲ့ကျေးဇူးကိုသွန်ချ
သင်တို့ဟာလူမပီသတာဧကန္တ
အမှိုက်ထုပ်သာသာမျှ
တစ်ကိုယ်ကောင်းဆန်ပြ
ကောင်းစားရေးနောက်မှာငါလို့မာန်တွေခ
ဘာအတွက်ဆိုတာမေးစရာမလိုပါဘူးဗျ

လူအများကိုနှစ်သက်စေမှမင်းအစစ်
လူနည်းစုနှစ်သက်ရုံနဲ့မင်းအစစ်မဖြစ်
တစ်ပိုင်းတစ်ဝက်ကိုချစ်ပြနေရုံနဲ့မပြီး
ကျောရယ်ရင်ရယ်မခွဲကာသီးကြ
ပင်လုံးအလှကြွကြပါ

သြော်. ပုဂံ ပုဂံ
ဝတ္ထု ပြဇာတ် ကဗျာ ဂန္ထဝင်တွေနဲ့ထုံးဖွဲ့
ပန်းချီပန်းပု ပန်းတော့ပန်းတမော့စုံစွာသွန်းချဲ့
ကင်မရာတွေအစွမ်းပြလျက်
စုတ်ချက် လက်ရာ ဆေးမင်ရာဘယ်လိုခြယ်သစွက်သော်လည်း
ဘယ်အရာမှမမှီ
ပုဂံဟာသဘာဝအလှတွေဝေစည်နေပုံကချစ်စရာ
ထိန်းသိမ်းဖို့တော့လက်ဆင့်ကမ်းဆောင်ရွက်ရမှာပေါ့

ပုဂံကိုချစ်သည်
ဘာသာ သာသနာကိုချစ်သည်
ရိုးရာအမွေအနှစ်ကိုချစ်သည်
သဘာဝကိုချစ်သည်
တို့ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမည်
ပုဂံသားဆိုတာဒီလိုအဓိဋ္ဌာန်ကိုရည်
ပုဂံဆိုတာမြန်ပြည်သားအားလုံးကိုကိုယ်စားပြုတာအတည်ပေါ့၊၊
— met အရှင် သုဇာတ en 94 ander.
#############################################
########################### 

 ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ကြီးနှစ်၁၀၀ပြည့်အမှတ်တရ
ထုတ်ဝေထားသောရာပြည့်စာအုပ်တွင်ဘဒ္ဒန္တဇာဂရ(ကံထွန်းသစ်ရေးသားပူဇော်ထားသော
(ကောက်သင်းကောက်ပူဇာ)

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ခန့်က မိမိဇာတိ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ သာထွန်းရွာသို့ ဆရာတော်ကြီး ကြွရောက်ကာ တရားချီးမြှင့်ခဲ့ ဖူးလေသည်၊ အားလပ်ရက်မရှိအောင် တရားပွဲစဉ်တွေ ပြည့်နှက်နေ လျှက်က “ဗုဒ္ဓသာသနာနုဂ္ဂဟ”စာပြန်ပွဲ ”ဖြစ်၍ကတစ်ကြောင်း၊ ကျေး လက်နေ တို့ကို ချီးမြှောက်လို၍က တစ်ကြောင်းဖြစ်၍ ဆရာတော်ကြီးက လက်ခံကာ ကရုဏာကြီးစွာ လှေတစ်တန် လှည်းတစ်တန်ဖြင့် ကြွရောက် ချီးမြှင့် ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဆရာတော်ကြီး ဟောကြားခဲ့သော တရားဓမ္မကို ကျေးလက်နေတို့၏ “နားငယ်မဆန့်၊ ရင်ငယ်မပြန့်” ရှိကြသည့်တိုင် ဆရာတော်ကြီး ၏ စေတနာ၊ ကရုဏာနှင့် ဆုံးမစကားတို့ကား ယနေ့တိုင် စွဲထင် လျက် ရှိဆဲပင်၊ အထူးသဖြင့် စာရေးသူ၏ မိခင်ကြီးထံတွင် ပြန်လည်တွေ့ရှိရသော ဓမ္မစကားများဆိုက ပို၍ လျှော်ကန်ပေမည်။ထိုစဉ်က မန္တလေးတွင် စာသင်နေဆဲဖြစ်၍ မိမိမှာ ဆရာတော်ကြီးကို မဆုံဆည်း လိုက်ရသည့်တိုင် မယ်တော်ကြီးက ပြန်လည် ပြောပြခဲ့သည်မှာ “ အဲဒီညက လူတွေကလည်း စည်ကားလိုက်တာ၊ ဒီနယ်တစ်ဝိုက်မှာ အစည်ကားဆုံး လို့တောင် ပြောရမယ်ထင်ပါရဲ့၊ အဲဒီလို တရားပွဲစဘို့ ပြင်နေတုံး ကလေးငိုသံက အကျယ်ကြီး ပေါ်လာပါလေရော့၊ အရှေ့ရွာက သားသည် အမေတစ်ယောက်နဲ့ တူပါရဲ့၊ အဲဒါနဲ့ ဂေါပကလူကြီးအချို့က ကလေးကို အပြင်ခေါ်သွားဘို့ ပြောကြတော့ ဆရာတော်ကြီးက အေး.. ကလေးဆိုတာ ငိုမှာပေါ့၊ ငိုပါစေ၊ ငိုပါစေ၊ ကလေးငိုလို့ သာ တစ်ခြားသွားနေရရင် သားသည်အမေတွေ ဘယ်တရားနာခွင့် ရရှာတော့မလဲကွယ်တဲ့ ဆိုပြီး တရားကို ဆက်ဟောတာပဲ”ဆရာတော်ကြီး၏ ကရုဏာသည် တောသူတောင်သားတို့၏ စိတ်ကို အေးမြ စွတ်စိုသွားစေသော မိုးဟု မြင်လိုက်မိသည်၊ မိုက်ကရိုဖုန်း မကောင်းလို့ ၊ ကလေးတွေဆူလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ စသည့် အကြောင်းပြ တွေနှင့် တရားဟောရန် ရွှေဘဝင် မချမ်းသည့် ပုဂ္ဂိုလ်တစ်ချို့ကိုလည်း ရုတ်ချည်းမြင် လိုက်မိသည်၊ ကောင်းတုယူနိုင်ကြပါစေဟု နှလုံးပြုလိုက်မိသည်။

သို့နှယ် စဉ်းစားနေစဉ်မှာပင် မယ်တော်ကြီးက “ နောက်ပြီး ဦးဇင်းရယ်.. တရားဥပမာလေးတစ်ခု ကောင်းလိုက်တာ၊ လူ့ဘဝဆိုတာတဲ့ . အလွန်မြတ် တယ်တဲ့၊ သံတုံးတစ်တုံး ဆိုပါတော့ ရေထဲချည်း စိမ်ထားရင်လည်း ဓားပေါက်ဆိန် ပဲကွပ်စတဲ့ လိုရာကို မသွန်းလုပ်နိုင်ဘူး၊ မီးထဲချည်းထည့်ထားပြန် ရင်လည်း အရေပျှော်သွားလို့ မလုပ်နိုင်ပြန်ဘူးတဲ့ ၊ ရေရော မီးပါ နှစ်မျိုးရှိမှ အအေး အပူ သင့်တင့် ညီညွတ်အောင် ပေးပြီး လိုရာပစ္စည်းဝတ္ထုပြုနိုင်သလို နတ်ပြည်ဆိုတာလည်း အမြဲအေးနေတဲ့ ရေနဲ့တူလို့ ဘဝကို လိုရာပုံ မဖော်နိုင်ဘူး။ ငရဲပြည်ကြလည်း အမြဲတောက်လောင်နေလို့ ပုံမသွန်းနိုင်ပြန်ဘူး၊ လူ့ပြည်ကသာ ပူမှု အေးမှု နှစ်မျိုးရှိရာဖြစ်လို့ ဘဝဆိုတဲ့ သံတွေခဲကို လိုသလို ပုံသွန်း ထုဆစ်နိုင်တယ်တဲ့” ။ တရားပွဲတိုင်းက လင်္ကာသီသံလေးတွေကို ရွာဦးကျောင်း ဆရာတော်ကပင် ချီးမွမ်းလောက်အောင် နှုတ်ငုံ ဆောင်တတ်သည့် မယ်တော်ကြီးက အခုလို လုံးစေ့ပတ်စေ့ ပြောပြနေသည်ကို ကြည်နူးစွာ နားထောင်နေမိသည်။ “ တပည့်တော်မဖြင့်လေ လူဖြစ်ရတာ အရတော်လိုက်လေလို့ အဲသည် ကထဲက သိလိုက်ရတာ” ဟု ဝမ်းမြူးသံနှင့် စကားကို အဆုံးသတ်သွားခဲ့သည်။ထိုနေ့မှစ၍ မယ်တော်ကြီးကို ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ တရားတိတ်ခွေတို့ကို အမြဲဝယ်ယူ ပေးခဲ့ဖြစ်တော့သည်။ အကောင်းဆုံး ကျေးဇူးဆပ်ခြင်းတို့တွင် တစ်ခုဟု ခံယူကာ ဓမ္မဖြင့် ကျေးဇူးဆပ် ခွင့်ရခဲ့သည်၊ ရန်ကုန်ရောက်တော့လည်း စူပါဟိုက်တေးသံသွင်းသို့ သွားရောက်ကာ တရားခွေများ မထပ်အောင် ကူးယူ ပေးခဲ့သည်မှာ ထင်းရှုးသေတ္တာငယ် တစ်ခုပင် ပြည့်ခဲ့ပြီ၊မိခင်ကြီးကလည်း ကိုယ်တိုင် နာကြားသလို တရွာလုံးကြာအောင် ဝါတွင်းကာလများ၌ ရွာဦးကျောင်းမှ အသံချဲ့စက်ဖြင့်ပင် ဖွင့်ပေးလေ့ရှိသည်။

သို့ဖြင့် မိခင်ကြီးသည် ဘဝလက်ကျန်ကို ဆရာတော်ဘုရားကြီး၏ တရားဓမ္မရိပ်၌ မြှုပ်နှံသွားတော့ သည်ဟု ဆိုလိုက်ချင်ပါသည်။ မြင်ယောင်မိသေးတော့သည်၊ ၂၀၀၇-ခုနှစ်၊ မေလ၏ နေ့တစ်နေ့၊ မမာမကျန်းဖြစ်ခဲ့သော မိခင်ကြီးသည် ၈၄-နှစ်ဆိုသည့် ဇရာ၏ ဖိစီးမှုနှင့် ဖျားနာခြင်း ဗျာဓိတို့ နှိပ်စက်နေသည့်ကြားက တိုးတိုးသဲ့သဲ့လေး ရွတ်ဆိုသွား သည်မှာ …“သွားလို ၊ရပ်လို ၊ ထိုင်နေလို ၊ အိပ်လို စိတ်ဟုသိ။စိတ်ကြောင့်ဖြစ်သော ဓာတ်ဝါယော၊ နှံ့သော ကိုယ်ဝယ်ပြည့်။ဝါယော ပြည့်သော် ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏၊ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ၊ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။ပုဂ္ဂိုပ် မရပ်၊ ငါမရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ၊ပုဂ္ဂိုလ်မကွေး၊ ငါမကွေး၊ ရုပ်ကွေး ဉာဏ်ဖြင့်သိ။ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့် ဉာဏ်ဖြင့်သိ။ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး၏ နာမရူပပရိစ္ဆေဒဉာဏ်ကို ထင်လွယ်စေရာ လင်္ကာသီတံလေးများပင်၊ မိမိတို့မှာမူ အံ့သြခြင်း၊ ကြေကွဲခြင်း၊ ကြည်နူးခြင်းတို့ပြွမ်းသောစိတ်ဖြင့် မိခင်ကြီး၏ နောက်ဆုံးအချိန်ကို ရင်ဆိုင်ခဲ့ကြရပေသည်။ သည်အတွက်လည်း ဆရာတော်ကြီး၏ ကျေးဇူးကို ဥိးညွတ်ပူဇော် ဖြစ်ရပြန်သည်။

အော်… ဆရာကောင်း၏ ကျေးဇူးကား ကြီးမားပါပေစွ။ တကယ်တော့ ဒီသာဓကလေးသည် ပမာမဟုတ်သေး၊ ၁၉၈၈-ခုကာလမှစ၍ တိုင်းပြည်အဝှမ်း လောင်ခြစ်ရာ အခါတိုင်းတွင် ဆရာတော်ဘုရားကြီး ၏ အေးကြည်သော အသံတော်ဖြင့် “ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ”စသည့် ဒိသာဖရဏ မေတ္တာပို့သံသည် လေလှိုင်းတို့မှ ပျံနှံကာ လူတိုင်း၏ရင်ကို ငြိမ်းအေး စေခဲ့သည် မဟုတ်ပါလား၊ မာနတွေ၊ အာဃာတတွေ လျှောသက်သွားခဲ့ရမြဲ မဟုတ်ပါလား။ဘီစီ၆-ရာစုကပင် ပွင့်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် ယနေ့တိုင် လောကကို ဓမ္မနှုတ်ခွန်းတော်တို့ဖြင့် စောင့်ရှောက်တော်မူနေဆဲ ဖြစ်သကဲ့သို့ ဘုရားတပည့်သားကောင်း သားမွန် ကျေးဇူးတော်ရှင် တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးသည်လည်း မိမိတိုင်းပြည် မိမိလောက ကို စောက့်ရှောက်ခဲ့၊ စောင့်ရှောက် နေဆဲပါတကား။ထိုစောက်ရှောက်မှုတွင် မိမိ၏ မယ်တော်ကြီးနှင့် မိမိတို့လည်း ခံယူခွင့်ရလိုက်ပါကလားဟု ကြည်ကြည် နူးနူး ခံယူရင်း ထိုကျေးဇူးဂုဏ်တို့ကို အသက် ထက်ဆုံး အောက်မေ့ ပူဇော်နေရဦးမည်သာ။

ကံထွန်းသစ်။

########################################
#######################

""... အောင်မြင်ဖို့ ဆိုသောအချက်(အရှင်သုဇာတ)...""
 ၁။ အောင်မြင်ဖို့ ဆိုသောအချက်ကိုပဲ အာရုံ စူးစိုက်သည်။

၂။ သူတို့မှာ ထိတွေ့သမျှ အပေါ် တာဝန်ယူတတ်သောစိတ် ရှိသည်။

၃။ သူတို့မှာ တိကျသော ဆုံးဖြတ်ချက် ခိုင်မာသည်။

၎။ သူတို့ကို သူတို့ လိုသလို ပြောင်းလဲပစ်သည်။

၅။ သူတို့မှာ အနာဂတ် မျှော်မှန်းချက် ရှိသည်။ ပန်းတိုင် ထားရှိသည်။

၆။ မိမိ လိုချင်သော ပန်းတိုင် ဘာလဲ ဆိုတာ သိသည်။

၇။ ပန်းတိုင်ရောက်အောင် အားထုတ်စရာ ရှိသမျှ အားထုတ်ကြိုးပမ်းသည်။ အခက်အခဲ ကြီးမားနေချန်မှာလည်း သူ နောက်မဆုတ် ၊ ဇွဲမလျှော့။ ပင်ပန်းသည် ဟူ၍ မထင်။

၈။ လိုရင် မေးသည်။ လိုသော ၊ တောင်းသင့် တောင်းထိုက်တာ မှန်သမျှကို တောင်းသည်။

၉။ သူတို့မှာ တစ်ဘက်လူကို ဂရုစိုက်တတ်သော စိတ်ရှိသည်။

၁၀။ နေ့စဉ် နံနက်တိုင်း တခြားသူများနှင့် မတူ ငါ အောင်မြင်ရမည် ဟူသော စိတ်ဓါတ်ဖြင့် လုပ်ငန်းကို အစပြုသည်

No comments:

Post a Comment