ပျော်ရွှင်နေတဲ့
မိမိရဲ့ ဝေဒနာတစ်ချို့တစ်လေကို
မကြည့်ခင်
ဒဏ်ရာများတဲ့
မိဘနှလုံးသားကို
ကြည့်မိသလားဆိုတဲ့
သံဝေဂအမေးလဲကြားမိပါရဲ့ ။
လောကရဲ့ အမြတ်ဆုံးကိုမှ
ပူဇော် ပသ ရပလေဆိုတဲ့
ဝမ်းမြောက်သံလဲ ကြားမိပါရဲ့ ။
ဒါပေမဲ့....
မာနတ်နှောက်ယှက်လေတော့
မေ့မြဲမေ့နေကြတယ် ။
အရှင်သုဇာတ (အရာတော်မြေ)
No comments:
Post a Comment