1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, February 6, 2015

“အင်းစိန်ရွာမ အရေးပေါ်အစည်းအဝေး”



“အင်းစိန်ရွာမ အရေးပေါ်အစည်းအဝေး”

5.2.2015 ညနေ 6:50 နာရီ
ရွာမဆရာတော်ကြီးရယ်၊ မကွေးဆရာတော်ရယ်၊ စာရေးသူရယ်၊ မျိုးချစ်ရဟန်းပျိုများရယ်။
W.C.C (White Card Campaign Commiltee) မှ ဦးချစ်ကိုကို၊ ကိုဝင်းကိုကိုလတ်၊ ကိုညီညီမောင် တို့ရယ်၊
NDF မှ ကိုကျော်သူရရယ်၊
သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ သမ္မတရုံး ဒုတိယဝန်ကြီးဦးကျော်ကျော်ဝင်း၊ လဝက ညွှန်ချုပ် ဦးမောင်မောင်သန်းတို့အဖွဲ့ရယ် ဆွေးနွေးကြတာပါ။
မကွေးဆရာတော်နှင့် မျိုးချစ်သမဂ္ဂ W.C.C တို့နှင့် အစိုးရအဖွဲ့က အခြေအတင်ဆွေးနွေးကြပြီး၊ ရွာမဆရာတော် ကြီးက သဘာပတိဆောင်ရွက်ပါတယ်။
စာရေးသူက နှစ်ဖက်စလုံးဘက်မှ ဝင်ရောက်ဆွေးနွေးပါတယ်။ ညှိနှိုင်းပေးတဲ့သဘောပါ။
W.C.C ပြင်ဆင်နေတဲ့ (7.8.9.10.11.) ဆန္ဒပြပွဲတွေ မလုပ်စေချင်လို့ လာတားတဲ့သဘောပါ။
ကျောင်းသားအရေးတော်ပုံတွေ၊ ကျောင်းသားစာမေးပွဲတွေက အကြောင်းပြစရာ ဆင်ခြေတစ်ခု ဖြစ်နေတော့ တာပေါ့။
ကိုညီညီမောင်၊ ကိုဝင်းကိုကိုလတ်၊ ကိုချစ်ကိုကို၊ ကိုကျော်သူရ၊ ဦးဝိလာသဂ္ဂ တို့ ဆွေးနွေးချက်များက လွှတ်တော်အမတ်တော်တော်များများ ထပ်တောင်သာပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး အပြုသဘောဆောင်ကြ ပါတယ်။
ဝန်ကြီးအဖွဲ့ကတော့ ထုံးစံအတိုင်းပေါ့ အဆုံးအဖြတ်လည်းမပေးနိုင်၊ ရေရာသေချာတဲ့ အဖြေလည်းမထွက်၊ ခက်ခဲတဲ့စာမေးပွဲကို အခုမှ ဖြေဆိုရသလို အကြပ်ရိုက်နေတော့တာပါ။
နောက်ဆုံးမှာတော့ 10.2.2015 ပြန်လည် တွေ့ဆုံဖို့ ချိန်းဆိုလိုက်ပါတယ်။
W.C.C က မူလသတ်မှတ်ထားတဲ့ (8.9.10.11) ဆန္ဒပြပွဲကို ခေတ္တဆိုင်းငံ့ပေးထားလိုက်ပါတယ်။
10 ရက်နေ့မှာ အာမခံချက်တစ်စုံတရာမရမှ ပြန်စမယ်လို့ တရားဝင်အသိပေးလိုက်ပါတယ်။
ည 8:00 ကျော်မှ ပြီးသွားပါတယ်။
တရားပွဲသွားရမှာမို့ ဆရာတော်ကြီးကို ခွင့်တောင်းရာမှ အစည်းအဝေး အပြီးသတ်သွားခဲ့တာပါ။
တောင်ဒဂုံတရားပွဲသွားရမှာ နောက်တောင်ကျနေပါပြီ။

ဦဝီရသူ(မစိုးရိမ်)

























No comments:

Post a Comment