လူသားတိုင်း မေတ္တာဆိုတဲ့ ဗြဟ္မစိုရ်တရား ကိန်းနေလို့ရှိရင် လောကကြီးဟာ တော်တော်ပျော်စရာ
ကောင်းမှာပါ.................
ဆရာတပည့်အချင်းချင်း မေတ္တာတည်းဟူသော
ဗြဟ္မစိုရ်စိတ်အမြဲရှိရမယ်........
တပည့် ညီအစ်ကိုအချင်းချင်း မေတ္တာတည်းဟူသော
ဗြဟ္မစိုရ်စိတ်အမြဲရှိရမယ်........
မိဘ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း
သိုက်သိုက်ဝန်းဝန်းလေးနဲ့ မေတ္တာတည်းဟူသော
ဗြဟ္မစိုရ်စိတ်အမြဲရှိရမယ်..........
ဒါဆိုရင် လောကကြီးမှာနေကြရတဲ့ လူသားတိုင်း
ပျော်ဖို့အရမ်းကောင်းကြမှာပါ...........
ရွှေရှိမှ ဒီအမျိုးကိုခင်တယ်၊ ရွှေမရှိရင်မခင်ဘူးဆိုတာမျိုး မရှိရဘူး........
ဗူးသီးမှအရီးတော်တယ်၊ ဗူးမသီးရင်တော့ အရီးမတော့ဘူးဆိုတဲ့စကားပုံလိုလည်း မဖြစ်စေရဘူး....
အရီးဟာအရီးပဲဖြစ်ရမယ်..........
ရွှေရှိရှိ မရှိရှိ အမျိုးဟာအမျိုးပဲ ဖြစ်ရမယ်.........
ဒါကြောင့်လူသားတိုင်း မေတ္တာတရားမခန်းခြောက်ပါစေနဲ့
လူသားအာလုံးရဲ့စိတ်တွေထဲမှာ ဗြဟ္မစိုရ်တရားသာ
ကိန်းနေကြမယ်ဆိုရင် စိုပြေတဲ့ပျော်ရွှင်စရာ လောကကြီးတစ်ခုဖြစ်လာမှာ မလွဲဧကန်ပါပဲ ............။
<><>နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေ<><>
◆◆◆Ashin panna siri◆◆◆
No comments:
Post a Comment