1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, February 13, 2015

(အရှင်စန္ဒာသီရိ/ လဝန်းသစ် ရွေဘို)

အညတရဟန်းတစ်ပါး၏ရင်ဖွင့်ဟချက်
☆☆☆☆☆☆☆☆☆☆☆☆
ရာသီတွေအလီလီပြောင်းခဲ့ပေမဲ့
ပြည်သူတွေရဲ့ရင်ထဲမှာ
ဗိုလ်ချုပ်ကို မေ့လို့မရခဲပါဘူး
ဘယ်မေ့ရမှာလဲ
●●□ကိုယ့်အကျိုးမကြည့် ပြည်သူကျိုးကို
သူကြည့်ခဲတာကို•••••
အတိတ်ဆိုတာ
ဟိုး••••••အဝေးကြီးမှာ ကျန်ခဲ့တာမှန်ပေမဲ့
မမေ့နိုင်သူ ပြည်သူတွေရင်ထဲမှာတော့
မနေ့ကလို့ပဲထင်မိတယ်
ထင်မိမှာပေါ့  ထင်ကျန်အောင်
သူလုပ်ခဲ့တာပဲလေ•••••
အဓမ္မဝါဒီသမားတွေ က
ပြည်သူကောင်းစားရေး မလုပ်တာတွေကို
မြင်နေရ တွေ့နေရတိုင်းမှာ
ဗိုလ်ချုပ်ကို အရမ်းသတိရတာပဲ
ပြည်သူတွေဗိုလ်ချုပ်ကို
သတိရနေတယ်ဆိုရင်
အဓမ္မဝါဒီ သမားတွေ
ပြည်သူအပေါကို မကောင်းမှန်း
သိသာလှပါတယ် ••••
ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းဟာ
ယနေ့ထိတိုင်ထင်ကျန်ဆဲပါ .
သတင်းထောက်တစ်ဦးက မေးတယ်
အင်္ဂလန်သွားရမှာ အောင်မြင်ဖို့
မျော်လင်ချက် ရှိသလားမေးတော့
တို့ဗိုလ်ချုပ်က ပြောတဲ့စကားက
•••• အကောင်းဆုံး ဖြစ်လိမ့်မယ်လို့
ကျွန်တော် မျော်လင်ထားတယ်
ဒါပေမဲ့ အဆိုးဖြစ်လာခဲ့ရင်လည်း
ရင်ဆိုင်ဖို့အသင့်ဘာပဲ★★★
ပြည်သူပြည်သားတွေဟာ
အရာအားလုံးအတွက်
အကောင်းဆုံးကို
မျော်လင့်ကြတာပဲ 
ဒါပေမဲ့•••••••
အဆိုးအရာတွေကိုတော့
ယနေ့ချိန်အထိ ရင်ဆိုင်နေရဆဲပါ
ဒီစကားတစ်ခွန်းဟာ မြန်မာ့ပြည်အတွက်
အမွေအဖြစ် (သို့မဟုတ် ) ငါမရှိရင်
အဆိုးဆုံးတွေကို
မင်းတို့ရင်ဆိုင်ရစ်ကြလို့
သတိပေးသွားတယ်လို့တောင်ထင်ရောင်မိတယ် ဘာပဲဖြစ်နေနေ
ဗိုလ်ချုပ်ကို ပြည်သူပြည်သားတွေ
မေ့မရခဲ့တာ အခုဆိုရင်
နှစ်တစ်ရာတောင်●●●●ပြည့်ခဲ့ပြီ။♡♡♡♡
           (အရှင်စန္ဒာသီရိ/ လဝန်းသစ် ရွေဘို)

No comments:

Post a Comment