1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, February 11, 2015

ချစ်သူများနေ့ပေါ်ပေါက်လာပုံအကြောင်း(နေခြည်လင်းလက်)

ချစ်သူများနေ့ပေါ်ပေါက်လာပုံအကြောင်း
             ခရစ်နှစ်သုံးရာစုလောက်ကလွန်ခဲ့တဲ့နှစ်ပေါင်း (1700)လောက်ကပေါ့ ရောမအင်ပါမှာCladius ll
ဆိုတဲ့ဘုရင်တစ်ပါးအုပ်ချုပ်သတဲ့။အဲဒီဘုရင်ကြီးက
တိုင်းပြည်နဲ့ပြည်သူပြည်သားတွေကိုသိပ်ချစ်တာပဲ။
သူ့ရဲ့တိုင်းပြည်နယ်နမိတ်တည်တံခိုင်မြဲဖို့စစ်သည်
တော်တွေကိုနေ့တိုင်းလေ့ကျင့်ပေးသတဲ့။စစ်တိုက်ကြ
တဲ့စစ်သည်တော်တွေဟာအိမ်ထောင်ရှိသူတွေချစ်သူရည်းစားရှိတဲ့သူတွေဖြစ်ခဲ့ရင်စစ်တိုက်တဲ့အခါမှာချစ်သူကိုပဲအမြဲတမ်းတနေလို့တိုက်ခိုက်စွမ်းရည်ကျတာကိုသူသတိပြုမိတယ်။ဒါကြောင့်စစ်မှုထမ်းရတဲ့စစ်သည်တော်တွေဟာလူပျိုလူလွတ်တွေပဲဖြစ်ရမယ်။တိုင်း
ပြည်ကိုချစ်တဲ့အချစ်နဲ့လူသားကိုချစ်တဲ့အချစ်ယှဉ်လာရင်တိုင်းပြည်ကိုပိုပြီးချစ်ရမယ်လို့သူကခံယူတယ်။အဲဒီဘုရင်ကြီးကလူသားတွေရဲ့နှလုံးသားကိုတန်ဖိုးမ
ထားဘူးနော်။စစ်ထွက်သွားမဲ့စစ်သည်တော်တိုင်းဟာ
နှလုံးသားရှိသူတွေဆိုတော့ချစ်သူကိုယ်စီရှိကြတာ
ပေါ့။ကိုယ့်ချစ်သူနဲ့မဆုံစည်းလိုက်ရမှာကိုစိုးရိမ်တဲ့စိတ်ကြောင့်စစ်မထွက်မီကိုယ်သိပ်ချစ်တဲ့ချစ်သူနဲ့တွေ့
ဆုံလိုကြတယ်။အဲဒီအခါချစ်သူတွေအကြားဆုံဆည်းဖို့
ကူညီသောသူတစ်တစ်ယောက်ရှိလာခဲ့တယ်။အာ
ဏာရှင်ဘုရင်ကြီးမသိအောင်ပေါ့။သူ့နာမည်ကSt.Valentineဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးပါပဲ။St.Valentineကချစ်သူတွေမဝေးကြဖို့စစ်မထွက်မီမှာတိတ်တဆိတ်တွေ့ဆုံပေးတဲ့အပြစ်ကိုကျူးလွန်တော့
တယ်။ဒီအပြစ်နဲ့ပဲSt.Valentineဟာဖေဖော်ဝါရီ(14)မှာအဆုံးစီရင်ခံခဲ့ရ
တယ်။အဲဒီနေ့ကိုအစွဲပြုပြီးချစ်သူများနေ့ဆိုတာဖြစ်
ခဲ့ရတာပါပဲကွယ်။

No comments:

Post a Comment