ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှု၊ ကုသိုလ်တွေ ပြုလုပ်နေကြသော သူတို့သည် သံသရာဘဝမှ လွတ်မြောက်လိုသော စိတ်ထားဖြင့်ပြုလုပ်မှသာ သံသရာဘဝမှ လွတ်မြောက်ကြောင်း နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုဖြစ်နိုင်မှာပါ.....။
ထိုကြောင့်.........
သံသရာဘဝကို အပြစ်မြင်အောင်
သံသရာဘဝကို စက်ဆုပ်ငြီးငွေ့လာအောင်
သံသရာဘဝကို ဘေးရန်အဖြစ်မြင်အောင်
သံသရာဘဝကို ဒုက္ခထင်အောင်
အကြိမ်များစွာ ဆည်းပူးလေ့လာ ရှု့မြင်နိုင်မှ
သာလျှင် သံသရာဘဝကိုအပြစ်မြင်၍ အမှန်တကယ် စက်ဆုပ်ရွံရှာပြီး ငြီးငွေ့မှသာလျှင်
သံသရာဘဝမှ လွတ်မြောက်လိုသောစိတ်
ဖြစ်ပေါ်နိုင်သည်........။
ဒါကြောင့် လူသာတိုင်း ကုသိုလ်ကောင်းမှု ပြုလုပ်တဲ့ နေရာမှာ သံသရာဘဝမှ
လွတ်မြောက်လိုသောစိတ်ဖြင့်
ကုသိုလ်ကောင်းမှု မှန်သမျှကို
ပြုလုပ်ကြရမှာ ဖြစ်ပါတယ်........။
ပြုလုပ်နိုင်ကြပါစေ..................။
<><><><><><><>
◆◆◆နေရာတိုင်း ပုဂ္ဂိုလ်တိုင်း အမှန်တရား
ထွန်းတောက်ပါစေသတည်း◆◆◆
☆Ashin panna siri☆
No comments:
Post a Comment