1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 10, 2015

အရှင်သီလာနန္ဒ/မန္တလေး

##အနိုင်မခံ##
               %%%%%%%%
       ** ငါ့အား ဖုံးလွှမ်းထားသော
လကွယ် သန်းခေါင်
ဤမှောင်မိုက်အတွင်းမှ နေ၍
အနိုင်မခံ၊ အရှုံးမပေးတတ်သော
ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား
ငါကျေးဇူးဆိုပါ၏။ ။**

       **လောကဓံတရား၏
လက်ဆုပ်တွင်းသို့
ဘယ်လိုပင်
ကျ ရောက်နေရသော်လည်း
ငါမူကား မတုန်မလှုပ်၊ မငိုကြွေး၊
ကံတရား၏
ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွှတ်ကား မညွှတ်။ ။**

        **ဤလောဘ ဒေါသတို့၏
ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား၊
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှ က်ရှိ၏။
သို့ပင်မူ
ငါ့အား မတုန်လှုပ်သည်ကိုသာ
တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကိုသာ  တွေ့ရအံ့။ ။**

        **သုဂတိသွားရာ တံခါးဝသည်
မည်မျှ ပင် ကျ ဉ်းမြောင်းသည်ဖြစ်စေ၊
ယမမင်း၏ ခွေးရေပရပိုက်၌
ငါ၏ အပြစ်တို့ကို
မည်မျှ ပင် မှတ်သားထားသည်ဖြစ်စေ၊
ငါကား ဂရုမပြု ။
ငါသာလျှ င် ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှ င် ငါ့စိတ်၏
အကြီးအကဲဖြစ်တော့သည်။ ။**

((အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း))

        ဗိုလ်ချု ပ်၏ နိုင်ငံရေးဂန္ဓဝင်စာအုပ်မှ----

          ဗိုလ်ချု ပ်၏ နှစ်တရာပြည့်အတွက်
ဗိုလ်ချု ပ်အား လွမ်းဆွပ်ခြင်းများစွာဖြင့်
ဗိုလ်ချု ပ်ကိုယ်တိုင် ရေးသားသွားသော
ကဗျာလေးနဲ့ ဂုဏ်ပြု လိုက်ပါတယ်။

        ဗိုလ်ချု ပ်လိုပုဂ္ဂို လ်မျိုး ရာပေါင်းများစွာ ပေါ်ပေါက်လာပါစေ။ ။

                      အရှင်သီလာနန္ဒ/မန္တလေး

No comments:

Post a Comment