1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, February 17, 2015

အရှင်သာသန(လယ်တီသွေး) ခေတ္တ...m.s.y Feb.17.2015 ညာတာပါတေးနဲ့ 

** မြန်မာ့မီဒီယာများသို့  **

မျက်စိတစ်ဖက်လပ်နေတဲ့ ...
သမင်တစ်ကောင်
မြက်ကိုစားတဲ့အခါ
မိမိမြင်တဲ့ဘက်ကိုပဲ
ရွေးပြီးစားသွားသလို
မြန်မာ့မီဒီယာလောကဟာလဲ
မိမိတို့  ...
ဖွချင်တဲ့သတင်းဆိုရင်
တစ်ဖက်လူက
ဘယ်လောက်ပဲမှန်နေပါစေ
အားနည်းချက်ကိုရှာပြီး
ခေါင်းစဉ်အကြီးကြီးတတ်ကာ
ဖွတတ်ကြတယ်...။

ဟော...
မိမိတို့ ...
ထိန်ချန်ထားချင်တဲ့
သတင်းမျိုးဆိုရင်တော့
တစ်ဖက်လူက...
ဘယ်လောက်ပဲမှားနေပါစေ
ညာတာပါတေးနဲ့ 
ယုန်ကလေး နှာစေးသလို
လုပ်နေကြပြန်ရော...။

အို ...မြန်မာ့မီဒီယာ...
သင်တို့ ဟာ စစ်မှန်တဲ့
" ပြည်သူတွေရဲ့ စတုတ္ထမဏ္ဍိုင်"
ဖြစ်ချင်တယ်ဆိုရင်
ဒီလို ...ဂျန်း(န်)တဲ(လ်)မန်းမဆန်တဲ့
အလုပ်မျိုးတွေ မလုပ်ကြပါနဲ့ ...။

ဘယ်ကိစ္စကိုမဆို ...
ပုဂ္ဂိုလ်စွဲ/ပါတီစွဲတွေမထားပဲ
မှန်တာကို မှန်တဲ့အတိုင်း
လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါ
မှားတာကို မှားတဲ့အတိုင်း
ထောက်ပြဝေဖန်ပေးကြပါလို့ 
အွန်လိုင်းစာမျက်နာကနေတစ်ဆင့်
မေတ္တာရပ်ခံပါရစေဗျာ...။

အရှင်သာသန(လယ်တီသွေး)
   ခေတ္တ...m.s.y
  Feb.17.2015
ညာတာပါတေးနဲ့ 

No comments:

Post a Comment