1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday, February 2, 2015

"မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကို ဘယ်လို ခြံစည်းရိုးနဲ့ ကာရံမလဲ" (၂)

"မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကို ဘယ်လို ခြံစည်းရိုးနဲ့ ကာရံမလဲ" (၂)
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
ခြံစည်းရိုး(၂)
=======
အင်းဝခေတ် သက္ကရာဇ်(၈၈၈) တွင် နရပတိမင်းနန်းကျ၍ သိုဟန်ဘွားတက်လာသောအခါ သက္ကရာဇ်(၉၀၁) ခုနှစ်တွင် အင်းဝဘုရင်သိုဟန်ဘွားသည် တောင်ပလူ လယ်ပြင်တွင် မဏ္ဍပ်အဆောင် ဆောက်လုပ်စေ၍ ကျွဲ၊ နွား၊ ကြက်၊ ၀က်တို့ကို သတ်ဖြတ်စေလျက် ဆွမ်းလုပ်ကျွေးမည့်ဟန်ဖြင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ ပတ်လည်တွင် သီတင်းသုံးသော အရိယာသံဃာများကို တပည့် သံဃာများနှင့်တကွ ပင့်ဖိတ်၍ မဏ္ဍပ်တွင်နေ စေပြီးလျှင် ဆင်၊ မြင်း၊ ဗိုလ်ပါ ၀ိုင်းရံ၍ သတ်ဖြတ်ခဲ့သည့် အတွက် သာသနာ ပျောက်ကွယ်ရန် တစ်ကြိမ်ဖြစ်ခဲ့ ကြောင်း ထူးဆရာတော်၏ ပါရာယန၀ဂ် ပါဠိတော်ဟောစဉ်စာအုပ်တွင် ဖော်ပြထားမှုသည်လည်း ကျွန်ုပ်တို့ သာသနာအတွက် သတိထားစရာ ဖြစ်လာပါသည်။

ယနေ့ ကမ္ဘာ့နိုင်ငံတိုင်းတွင် ကြည့်ပါက ဒီမိုကရေစီနိုင်ငံများတွင်လည်း ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျူး စသည့်ဘာသာများသည် နိုင်ငံတိုင်းတွင် အနည်းနှင့်အများ ရှိသော်လည်း ထိုနိုင်ငံ၏ ဘာသာဝင်လူများစု ကိုးကွယ်သည့် ဘာသာကို တန်ဖိုးထားလေးစားသူသာ နိုင်ငံခေါင်းဆောင်အဖြစ် နိုင်ငံသားအများစုက ရွေးချယ် ပေးကြပါသည်။ လူများစု ကိုးကွယ်သည့်ဘာသာ မဟုတ်သည့်ဘာသာမှ ဘာသာဝင်အား နိုင်ငံခေါင်းဆောင်အဖြစ် တင်မြှောက်သည့် မိုက်မဲသည့်နိုင်ငံ မတွေ့မိသေးပါ။

OIC (၅၇)နိုင်ငံတွင် အစ္စလာမ်ဘာသာကိုသာ အားပေးသူ နိုင်ငံခေါင်းဆောင် ဖြစ်ရမည်ဖြစ်သလို၊ အမေရိကန် ဥရောပ နိုင်ငံများတွင်လည်း ခရစ်ယာန်ဘာသာ ကိုးကွယ်သူသာ နိုင်ငံခေါင်းဆောင်ဖြစ်နေမှာပါ။ အဆိုပါ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာဝင်သည် ရှေ့မှာလည်း နိုင်ငံ့ခေါင်းဆောင်မဖြစ်ခဲ့သလို အနာဂတ်တွင်လည်း နိုင်ငံ့ခေါင်းဆောင် လုံးဝ မဖြစ်နိုင်ဟု ရဲရဲပြောရဲပါသည်။
ထို့ကြောင့် မည်သည့်စနစ်တွင်မဆို ဘာသာဝင်တိုင်းသည် မိမိတို့ဒေသတွင် မိမိတို့ဘာသာကို တည်တံ့စည်ပင်လိုလျှင် နိုင်ငံခေါင်းဆောင်ကို မှန်ကန်စွာ ရွေးချယ်ရန် ဘာသာဝင်တိုင်းတွင် တာဝန်ရှိပါသည်။

ခြံစည်းရိုး(၃)ကို ဆက်လက်ဖော်ပြပါမည်။
၉၆၉မီးအိမ်ရှင်။

________________________________

၉၆၉ မီးအိမ်ရှင် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment