1

ကုမုဒြာအရှင် မှ နွေးထွေးစွာကြိုဆိုပါ၏ ရွှင်လန်းချမ်းမြေ့ပါစေ

Get a scroller sign at http://www.crazyprofile.com.com!
သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, January 30, 2015

ဝီရသူ at 10:28 AM

Friday, January 30, 2015

“ခွေး နှင့် ခြင်္သေ့”

ခွေးဆိုတာ ခဲကိုပဲမြင်တယ်။ ခဲကိုပဲ မဲတယ်။ ခဲကိုပဲ ကိုက်တယ်။ ခဲပစ်သူကို မမြင်ဘူး။ ခဲလာရာအရပ်ကို မကြည့်ဘူး။
ခြင်္သေ့ဆိုတာ ခဲကိုမကြည့်၊ ခဲပစ်သူကိုပဲကြည့်တယ်၊ ခဲကိုမမဲ ခဲလာရာအရပ်ကိုပဲ မဲတယ်။
စည်သူအောင်မြင့်ဆိုတာ ခွေးအဆင့်လောက်ပဲရှိတဲ့ ခွေးသတင်းသမားတစ်ယောက်ပါ။
ပိန္နဲပင်ကိုဆွဲထည့်လိုက်သေးတယ်။
ကုန်းတိုက်တာပဲတတ်တဲ့ ပိသုဏီမီဒီယာသမားတစ်ယောက်ပဲဖြစ်ပါတယ်။
စွာကျယ်မတွေဆိုတာ အမျိုးစောင့်ဥပဒေကို ကြေညာချက်ထုတ်ကန့်ကွက်ပြီး၊ ကုလသမဂ္ဂကိုတိုင်တဲ့ နှစ်ယောက်တစ်ပိုင်းဒေါ်လာစား ဘီယာသောက်၊ ပေါင်ဖော်တင်ပလ္လင်ချိတ်၊ စီးကရက်ခဲနေတဲ့ ကောင်မစုတ်တွေ ကိုပြောတာကွ ခွေးဂျာနယ်လစ်ရ။
ဗီဒီယိုဖိုင်လ် လိုင်းပေါ်ပျံ့ရုံနဲ့ မင်းအဖေတွေက ဖမ်းလို့မရဘူးကွ ခွေးစည်သူရ။
တိုင်တန်းမည့်တရားလိုဆိုတာ လိုသေးတယ်။ နစ်နာသူက တိုင်းရမှာကွ။
ထင်လင်းဦးကို တိုင်မည့်သူမရှိဘဲ အရေးယူတာမဟုတ်ဘူးကွ။
မဘသပုံရိပ်ထိခိုက်တယ်ဆိုရင် မဘသက တိုင်လိမ့်မယ်လေကွာ။
ရဟန်းသံဃာပုံရိပ်ထိခိုက်တယ်ဆိုရင် ရဟန်းသံဃာတွေက တိုင်မှာပေါ့ကွ။
ဗုဒ္ဓဘာသာပုံရိပ်ထိခိုက်တယ်လို့မင်းယူဆရင် မင်းလည်းတိုင်လို့ရတယ်လေကွာ။
ငါတို့က ထောင်မကြောက်လို့ အော်ငေါက်နေတာကွ။
မင်းတိုင်ရင် ငါအဖမ်းခံရမှာပေါ့ကွ။
မင်းလို သတင်းသမားတွေ မခံမရပ်နိုင်သူတွေ မကျေနပ်နိုင်သူတွေ စုတိုင်ကြလေကွာ။
ဥပဒေပညာကိုလည်းလေ့လာဦး လေကန်ရေးသမားကြီးရဲ့။
မန္တလေးအဓိကရုဏ်းကို မင်းအဖေတွေက ဖန်တီးတာကွ။
မင်းသေချာစုံစမ်းပြီးပြီလား?
မန္တလေးအဓိကရုဏ်းဖန်တီးဖို့ မင်းအဖေတွေ ပြည်တွင်း ပြည်ပမှာ အဖွဲ့စည်းတွေဖွဲ့ပြီး သင်တန်းတွေတက်၊ လက်နက်တွေစု ပြဿနာတွေရှာ အမှုတွေဖန်တီးတာ မင်းမသိဘူးမဟုတ်လား?
သိလည်း မင်းအဖေတွေဖြစ်လို့ မင်းငြိမ်နေမှာပဲ။
သာသနာကိုချစ်တဲ့ သူတော်ကောင်းတွေက ဝီရသူကိုချစ်တယ်။
သာနသာကိုမချစ်တဲ့ မင်းလိုကောင်တွေက ဝီရသူကိုမုန်းတယ်။
မင်းလိုကောင်မျိုးတွေက ဘယ်နှစ်ယောက်လောက်ရှိလို့ ငါက ဂရုစိုက်နေရမှာလဲကွ။
မင်း-အမေဖာသယ်မ ရန်ဟီးလီကို ထိလို့ မင်းနာနေရင် မင်းအမေ ဖာသယ်မကိုပြောလိုက် နောက်တစ်ခါ မင်းပထွေးတွေကို ငါ့အိမ်ခေါ်မလာနဲ့လို့။
ပြောတာ နားမထောင်ရင် ဒီတစ်ခါ ပေါင်လှန်ပြီးထောင်ြဦးမှာလို့။
ဒါပါပဲ။
ဝီရသူ(မစိုးရိမ်)
30.1.2015
PM 11:30
(22.1.2015 မဇ္ဈိမသတင်းစာ ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================

“ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင် ဘာဖြစ်လာနိုင်မလဲ”

စည်သူအောင်မြင့်။

အခုရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်းကို စိတ်ညစ်ညူးသွားစေတဲ့ သတင်းတစ်ပုဒ် ကတော့ အမျိုးဘာသာ သာသနာထန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ)ခေါင်းဆောင် မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော်အရှင်ဝီရသူက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာရေးသူ မစ္စရန်ဟီလီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်ဂျီအို အဖွဲ့ဝင် အမျိုးသမီးတွေကို ရိုင်းပြတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုလိုက်ခြင်း ပါပဲ။ ဆန္ဒပြလူထုအစည်းအဝေးပွဲကြီးမှာ ခုလို ဆဲဆိုလိုက်တာဖြစ်ပြီး အဲလို ဆဲဆိုထားတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ လည်း အလွန်ပျံ့နှံ့ခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ဦးဝီရသူက အဲလို ညစ်ညမ်းတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုလိုက်တယ်ဆိုတဲ့သတင်း ပျံ့နှံ့သွားပါပြီ။ ဦးဝီရသူ ပြောဆိုလိုက်လို့ ဗုဒ္ဓဘာသာပုံရိပ် ထိခိုက်သွားသလား၊ နိုင်ငံ့ ပုံရိပ်ထိခိုက်သွားသလား၊ ဒီပြဿနာ မရှင်းရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဦးဝီရသူ ပြောဆိုခဲ့တဲ့ စကားအပြည့်အစုံကတော့ “အမျိုးစောင့်ဥပဒေ ဒီလောက် ချပြထားတာ ဒီကောင်မက တစ်ခုမှမလေ့လာဘဲနဲ့ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါ့မလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါ့မလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့ နိုင်ငံအတွက်တော့ -ာသယ်မပဲဗျ။ ခင်ဗျားစိတ်ပါလို့ ခင်ဗျားကုလားကို -င်ပေးပါ။ ကျုပ်တို့ ရခိုင်ပြည်ကို တော့ ခင်ဗျား ရောင်းစားမယ် မလုပ်ပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ ခံတပ်ကြီး။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ အနောက်တံခါးဝ၊ ဒီတံခါးကို ခင်ဗျားတို့ ဝင်ရောက် ချိုးဖျက်မယ်မကြံပါနဲ့။ ချိုးဖျက်ရင်တော့ ထိုးနှက်ပစ်မှာ” ဆိုပြီးဖြစ်ပါတယ်။
ပထမဦးဆုံး စဉ်းစားဖို့လိုတာက အေးချမ်းပါတယ်။ မေတ္တာတရား လက်ကိုင်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါးက ခုလို ရုန့်ရင်းကြမ်းတမ်းတဲ့စကားပြောဖို့ သင့် မသင့်ပါ။ အခုဆိုရင် ဒီသတင်း၊ သတင်းစာ၊ ဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြေနေကြပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေကတော့ အဲဒီလို ရုန့်ရင်းကြမ်းတမ်းတာ မပြောသင့်တဲ့အကြောင်း ရဟန်းဝိနည်းနဲ့ မညီတဲ့အကြောင်း သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ် ၂၂၇ သွယ်ထဲမှာပါတဲ့ ဒုက္က၌်အာပတ်သင့်တဲ့အကြောင်း စသဖြင့် ထုတ်ဖော်ပြော ဆိုထားကြပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးဝီရသူ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အဲဒီထက် ပြင်းထန်တဲ့ စကားလုံးရှိရင်တောင် ပြောချင်တဲ့အကြောင်း ဆိုလိုက်ပြီး သူပြောခဲ့တာ မှန်တယ်လို့ ကာကွယ်လိုက်ပါသေး တယ်။
ဦးဝီရသူဟာ ရိုးရိုး ရဟန်းတစ်ပါးမဟုတ်ဘဲ မဘသ ခေါင်းဆောင်သံဃာလည်း ဖြစ်တဲ့အတွက် ဒီပြောဆို ချက်တွေဟာ မ.ဘ.သ အဖွဲ့ကြီးကိုလည်း ထိခိုက်မှာ အသေအချာပါပဲ။ အခုဆိုရင် အဲဒီသတင်း နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ပျံ့နှံ့နေပြီမို့ မဘသဆိုတဲ့ အဖွဲ့ကြီးရဲ့ ပုံရိပ် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဲ့ ပုရိပ်၊ ရဟန်းသံဃတြွေရဲ့ ပုံရိပ်ကို စွန်းထင်စေခဲ့ပါပြီ။ တကယ်တော့ အခုလို ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ဆဲရေးမှု မလုပ်ခင်ကတည်းက ဦးဝီရသူဟာ အမုန်းတရား ဖြန့်ဖြူးနေသူပါ။ သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေ အစ္စလာမ်ဘာသာဝင်တွေ ကျူးလွန်တယ်ဆိုတဲ့ တချို့စွပ်စွဲခံရတဲ့အမှုတွေကို လိုက်လံ စုံစမ်းဖော်ပြပြီး မွတ်စလင်တွေကို မုန်းတီးစိတ် ဖြစ်ပေါ်စေအောင် ဝါဒဖြန့်နေသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မန္တလေးမြို့ အဓိကရုဏ်းဟာလည်း တမင်လုပ်ကြံဖန်တီးလို့ဖြစ်ခဲ့ရတာဆိုပြီး မန္တလေးမြို့ခံတွေက ယုံကြည်ကြပါတယ်။ အဲဒီပဋိပက္ခရဲ့အစဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က မုဒိန်းကျင့် ပါတယ်ဆိုပြီး ပျဉ်းမနားမှာ အမှုဖွင့်ထားတယ်ဆိုတဲ့ လူမသိ သူမသိ ကိစ္စတစ်ခုကို အရှင်ဝီရသူက ပျဉ်းမနား မဘသအဖွဲ့ကို စုံစမ်းခိုင်း၊ အမှုနံပါတ်ရတဲ့အခါ Facebook ထဲကနေ ဖော်ပြပြီး တကယ်ပဲ အဲဒီညီအစ်ကိုနှစ် ယောက်က မုဒိန်းမှု ကျူးလွန်ခဲ့သယောင် ရေးသား၊ ဘာသာရေးမုန်းတီးမှုတွေဖြစ်အောင် စနစ်တကျ လှုံ့ဆော်ခဲ့ သူလည်းဖြစ်ပါတယ်။ နောက်ပိုင်း တကယ်ပဲ မန္တလေးမှာ ဘာသာရေးလူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်ပွားပြီး လူနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အရှင်ဝီရသူရဲ့ အဲဒီအမုန်းတရားဖြန့်ဖြူးမှုလုပ်တာ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို Facebook စာမျက်နှာ တွေမှာတင်မက သတင်းစာဂျာနယ်တွေရဲ့ တရားဝင်စာမျက်နှာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အခြားသူတွေကို ဖမ်းဆီးထောင်ချတာတွေလုပ်ခဲ့ပေမယ့် ဦးဝီရသူကိုတော့ တစ်စုံတစ်ရာ စုံစမ်းမေးမြန်းတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အခုဆိုရင် နောက်တစ်ဆင့်တက်ပြီး ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်ကိုတောင် ကမ္ဘာသိ ဆဲပြခဲ့ပါပြီ။
ဒါနဲ့ပတ်သက်ပြီး မေးစရာရှိတာက မြန်မာနိုင်ငံက သံသယအဖွဲ့အစည်းတွေဟာ ဒီလိုအပြုအမူမျိုးကို ခွင့်ပြုထားသလားဆိုတာပါ။ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်ကတော့ ဒါမျိုး လာတိုင်ရင် အရေးယူမယ်ဆိုတဲ့ သဘောနဲ့ ပြဿနာကို ရှောင်လွှဲသွားတာ တွေ့ရပါတယ်။ တကယ်တော့ ဦးဝီရသူရဲ့ ဟောပြောချက် ဗီဒီယိုဖိုင်အင်တာနက် စာမျက်နှာတွေထက်မှာ အလွန့် အလွန် ပျံ့နှံ့သွားပြီမို့ အာဏာပိုင်တွေ သိရှိပြီးကြပါပြီ။
အမုန်းတရား ဖြန့်ဖြူးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနလိုမျိုးက အရေးမယူတာကို လည်း စဉ်းစားဖို့ ကောင်းပါတယ်။ သာမန်ပြည်သူတွေအနေနဲ့ ကြည့်ရင်တောင် ဦးဝီရသူဟာ ဒေါ်အောင်ဆန်းစု ကြည်ကို ဆန့်ကျင်သူ၊ အင်န်အယ်လ်ဒီအဖွဲ့ကို ဆန့်ကျင်သူဖြစ်ကြောင်း သိကြပါတယ်။ အခု ဆန္ဒပြပွဲ ပြောဆိုချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ရုန့်ရင်းကြမ်းတမ်းစွာ ပြောထားတာမျိုး တွေ့နိုင်ပါတယ်။ ဦးဝီရသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို ဆန့်ကျင်သူမို့လို့ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ခုလိုပဲ လျစ်လျူရှုထားဦးမယ်ဆိုရင် နောင် ပိုပြီး ဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာစရာ ရှိပါကြောင်း ဗုဒ္ဓဘာသာ ပုံရိပ်လည်း ဒီထက် ညှိုးနွမ်းဂုဏ်မဲ့စရာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဝီရသူ at 10:28 AM
Share

No comments:
Post a Comment


Home
View web version
Powered by Blogger.

No comments:

Post a Comment